Wednesday, January 14, 2015

Open Government Part- nership အဖွဲ့တွင် အဖွဲ့ဝင်ဖြစ်ရေး ဦးဆောင်ကော်မတီနှင့် လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းဝေး

နေပြည်တော် ဇန်နဝါရီ ၁၃
Open Government Part- nership အဖွဲ့တွင် အဖွဲ့ဝင်ဖြစ်ရေး ဦးဆောင်ကော်မတီနှင့် လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သမ္မတရုံးဝန်ကြီးဌာန အစည်းအဝေး ခန်းခ၌ ကျင်းပသည်။


အစည်းအဝေးသို့ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် ဦးတင်နိုင်သိန်း၊ ဘဏ္ဍာရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ကံဇော်၊ ဒုတိယဝန်ကြီးများ၊ ဌာန ဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းက မိမိတို့အစိုးရ၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် သန့် ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်မှုဖြစ်အောင်နိုင်ငံတော်၏ လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများကို ဘက်ပေါင်းစုံမှ ကြိုးစားဆောင်ရွက် လျက်ရှိပါကြောင်း၊ သို့သော် လုပ်ငန်း စဉ်များအားလုံးကို တစ်နေ့တည်း၊ တစ်ရက်တည်းဖြင့် လုပ်ဆောင်၍ မရ ပါကြောင်း၊ မိုင်ပေါင်းတစ်သောင်း ခရီးကိုလည်း ပထမခြေလှမ်းဖြင့် စတင်ရသည့်အတွက် ယခုအစိုးရ စတင်တာဝန် ယူသည့် နေ့မှစ၍ ဆောင်ရွက်သင့်သည်များကို အချိန် တိုအတွင်း ဆောင်ရွက်ခဲ့ရာ အထိုက် အလျောက် အောင်မြင်မှုများလည်း ရရှိနေပြီဖြစ်ပါကြောင်း။
Open Government Part- nership အဖွဲ့တွင် အဖွဲ့ဝင်ဖြစ်ရန် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန် သောအုပ်ချုပ်မှုဖြစ်ရန် လိုအပ်သည့် အပြင် ဘဏ္ဍာရေးဆိုင်ရာ ပွင့်လင်း မြင်သာမှုရှိခြင်း၊ သတင်းအချက် အလက်များရယူနိုင်မှုရှိခြင်း၊ ပိုင်ဆိုင် မှုကြေညာခြင်းနှင့် နိုင်ငံသူ နိုင်ငံ သားများအားလုံး ပါဝင်ဆောင်ရွက်မှုရှိ ခြင်း စသည့် အချက်လေးချက် ပြည့်စုံ ရန် လိုအပ်ပါကြောင်း။
ထို့ကြောင့် လိုအပ်ချက်များကို ဆောင်ရွက်ရန် ဦးဆောင်ကော်မတီနှင့် လုပ်ငန်းကော်မတီကိုလည်း ဖွဲ့စည်း ပြီးဖြစ်၍ အားလုံးကဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက် ကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြော ကြားသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီး ဦးတင်နိုင်သိန်းက Open Government Part- nership အဖွဲ့တွင် အဖွဲ့ဝင်ဖြစ်ရေးအတွက် အရေးကြီး သည့် e-Government စနစ်ကျယ် ကျယ်ပြန့်ပြန့် အကောင်အထည်ဖော် ဆောင်ရွက်လုပ်ဆောင်နေမှု အခြေ အနေများကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ Open Government Part- nership အဖွဲ့တွင်အဖွဲ့ဝင်ဖြစ်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယ ဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက အဖွဲ့ဝင်ဖြစ်ရေး အတွက် လိုအပ်ချက်များ၊ ဆောင်ရွက် ထားရှိမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီး အကဲများက Open Government Part- nership အဖွဲ့တွင် အဖွဲ့ဝင် ဖြစ်ရေးအတွက် လိုအပ်ချက်များ အပေါ် သက်ဆိုင်ရာကဏ္ဍ အလိုက်ပူးပေါင်းဆောင်ရွက်မည့် အခြေအနေ များကို အကြံပြုဆွေးနွေးတင်ပြခဲ့ ကြသည်။

No comments:

Post a Comment