ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်များကို ဥပဒေပြုရေး၊
တရား စီရင်ရေးနှင့် အုပ်ချုပ်ရေးမဏ္ဍိုင်ကြီး သုံးရပ်အပြင် ပြည်သူလူထု၊ တပ်မတော်တို့
အားလုံးပါဝင် လက်တွဲကာ ယုံကြည်မှုတည်ဆောက် ခြင်းနှင့် မျိုးဆက် သစ်ခေါင်းဆောင် ကောင်းများ
ပျိုးထောင်ပေးခြင်း အားဖြင့် အချိန်တိုအတွင်း နိုင်ငံတော် ပြုပြင် ပြောင်းလဲ ရေးသည်
ပြည်သူလူထုနှင့် ပိုမိုနီးစပ် လာနိုင်ကြောင်းနှင့် ကောင်းမွန်သည့် လုပ်ရပ်များကို လုပ်ဆောင်ရာတွင်
ရလဒ်ကောင်းများ ထွက်ပေါ်လာရေးကိုလည်း အလေးပေးဆောင်ရွက် မည်ဆိုပါက ပြုပြင်ပြောင်းလဲရေး
လုပ်ငန်းများ သည် ပြည်သူနှင့် ပိုမိုနီးစပ် လာ နိုင် မည်ဖြစ်ကြောင်း ပြည် သူ့ခေတ် ဂျာနယ်အသွင်သစ်ဖြင့်
ပြန်လည် ထုတ်ဝေခြင်း အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ စင်ထရယ် ဟိုတယ်၌ ယနေ့ကျင်းပသည့်
စာပေစကားဝိုင်းမှ သိရှိရသည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်သို့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်း
များဆောင်ရွက်ရာတွင် ရာနှုန်းပြည့် ဖော်ဆောင်နိုင်ခြင်း မရှိသေးသော် လည်း အစိုးရသစ်ကာလ
လေးနှစ် တာအတွင်း တဖြည်းဖြည်းတိုးတက် လာနေကြောင်း၊ လေးနှစ်တာ ကာလ၏ ဒုတိယနှစ်မှစတင်ကာ
အပြောင်းအလဲ အချိုးအကွေ့များ ကို သိသာစွာ မြင်တွေ့ရကြောင်း၊ သို့သော် မိဘပြည်သူများ၏
လိုအပ်ချက်ကို သိရှိကာ ပြည်သူများ၏ နှလုံးသား ဆန္ဒကို ရယူနိုင်ရန်အတွက် ပြည်သူ့အစိုးရ
တစ်ရပ်ဖြစ်လာရေး လိုအပ်ချက် များရှိနေသေးကြောင်း အဆိုပါ စာပေ စကားဝိုင်းတွင် ပညာရှင်များက
ထောက်ပြသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေသည် လိုအပ်ချက်များ၊
အားနည်းချက် များ ရှိနေနိုင်သော်လည်း မတူညီ သည်များကို ဖယ်ထားကာ အားလုံး မျှော်လင့်သည့်
ပြုပြင်ပြောင်းလဲမှု တစ်ရပ်ကို တည်ဆောက်ရန်အတွက် အဆင့်သုံးဆင့်ဖြစ်သည့် ဖြေလျှော့ ခြင်း၊
ခိုင်မာစေရန် တည်ဆောက်ခြင်း နှင့် ထိရောက်စွာ ကျင့်သုံးခြင်းတို့ ကို လက်ရှိလုပ်ဆောင်နေကြောင်း၊
ပြည်သူနှင့် အစိုးရအကြား တစ်ထပ် တည်းကျသည့် သဘောထားရပ်တည် ချက်များဖြစ်ပေါ်လာရန် အတွက်
အပြန်အလှန် ယုံကြည်လေးစားမှု ရှိရေး ကြိုးပမ်းကြရန် လိုအပ်နေ သည့်အပြင် ပြည်သူအားလုံး
နိုင်ငံ ရေးအသိအမြင်များ ကြွယ်ဝလာပြီး စနစ်ကျသည့် ပညာရေးနယ်ပယ်မှ မျိုးဆက်သစ်များ ပေါ်ထွက်လာ
ရေးအတွက်လည်း ဝိုင်းဝန်းကြိုးပမ်း ကြရန်လိုအပ်ကြောင်း မတူညီသည့် ရှုထောင့်များမှ ဝိုင်းဝန်းဆွေးနွေး
ခဲ့ကြသည်။
ဆွေးနွေးပွဲသို့ တက်ရောက် လာသူတစ်ဦးဖြစ်သော
ဒေါက်တာ ထွန်းလွင် (မိုးလေဝသပညာရှင်)က စကားဝိုင်းဆွေးနွေး ပွဲမှာ ကောင်းမွန် မျှတပြီး
မတူညီသည့် နိုင်ငံရေး အမြင်များကို လေ့လာမှတ်သားရ ကြောင်း၊ အချို့လိုအပ်ချက်များသည်
ပညာရှင်များအပါအဝင် ပြည်သူများ မသိသေးသည့် အကြောင်းအရာများ ဖြစ်ကြောင်း၊ နားထောင်ခြင်းဖြင့်
အချို့အချက် အလက်များကို သိမြင် လာပြီး ပြည်သူများ၏လိုအပ်ချက်နှင့် ခံစားချက်များကိုလည်း
ပွင့်ပွင့်လင်း လင်း သိမြင်ခွင့်ရသဖြင့် ဗဟုသုတ ရရှိကြောင်း မြန်မာ့အလင်း၏မေးမြန်း
ချက်ကို ပြန်လည်ဖြေကြားသည်။
''စကားဝိုင်းမှာ နယ်ပယ်မတူတဲ့ နေရာတွေက ထင်ရှားလူသိများတဲ့
နိုင်ငံရေးအမြင်ရှိပုဂ္ဂိုလ်တွေကို စုစု စည်းစည်းနဲ့တွေ့ ရပြီး ဆွေးနွေးပွဲ တစ်ခုလုံးဟာ
အပြန်အလှန်လေး စားကာ သူ့အမြင် ကိုယ့်အမြင်ကို ပွင့်လင်းစွာ ပြောဆိုတယ်လို့ ထင်မြင် ပါတယ်။
အခုလို ဆွေးနွေးပွဲ တွေကနေ သိမြင်လာတဲ့ အတွေး အခေါ်ကောင်းတွေ၊ ရလဒ်ကောင်း တွေကို မီဒီယာတွေကနေ
တစ်ဆင့် မျိုးဆက်သစ် လူငယ်တွေနဲ့ သက် ဆိုင်ရာ တာဝန်ရှိသူတွေ သိရှိကြပြီး နိုင်ငံကို
ပိုမိုအကျိုးရှိစေမယ့် ဆုံးဖြတ်ချက်နဲ့ အကြံဥာဏ်ကောင်း တွေ ချမှတ်နိုင်မယ်လို့ မျှော်လင့်ပါ
တယ်။ အခုလို အစဉ်အလာမျိုး ဆက်လက်ထိန်းသိမ်းဆောင်ရွက်ပြီး စကားဝိုင်းဆွေးနွေးမှုတွေ များများ
လုပ်ဆောင်ပေးသင့်တယ်''ဟု စာရေး ဆရာ မောင်လွင်မွန် (ကသာ)က ပြောကြားသည်။
စာပေစကားဝိုင်းများအတွင်း ဆွေးနွေးမှုများကို
လေ့လာမှတ်သား ရသဖြင့် အကြံÓဏ်ကောင်းများနှင့် အတွေ့အကြုံကောင်းများ ရရှိစေ ကြောင်း၊
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေသည် ကို အများက လက်ခံသော်လည်း ပိုမိုလျင်မြန်စွာဖြင့်
ဒီမိုကရေစီနိုင်ငံ တော်သစ်ကြီးဆီသို့ တက်လှမ်းနိုင် ရန် ပြည်သူများ မျှော်လင့်နေချိန်တွင်
မတူညီသည့် အသိုင်းအဝိုင်းများမှ ပညာရှင်များ၊ ပြောရေးဆိုခွင့်ရှိသူ များ၏အတူပူးတွဲစကားဝိုင်းများကို
ထပ်မံမျှော်လင့်ပါကြောင်း စာရေး ဆရာ ချစ်စံဝင်းက မှတ်ချက်ပြု သည်။
''ပြည်သူ့ခေတ်ဂျာနယ် ထုတ်ဝေ ရခြင်းရည်ရွယ်ချက်ကိုက
အမှန် တရားကိုဖော်ထုတ်ဖို့နဲ့ ပြည်သူ တွေရဲ့အသံကို မျှမျှတတချပြခွင့်ရဖို့ အတွက် ဖြစ်ပါတယ်။
အသွင်သစ် နဲ့ ပြန်လည်ထုတ်ဝေနိုင်ဖို့အတွက် မိတ်ဆက်ချိန်မှာ အမှတ်တရအနေ နဲ့ ပြည်သူတစ်ရပ်လုံး
မျှော်လင့်တဲ့ အသွင်ကူးပြောင်းရေး အနှစ်သာရကို ပြည်သူတွေ ဘယ်လောက်အထိ ခံစားနေရသလဲ ဆိုတာကို
သိရှိနိုင်ဖို့ ''ပြုပြင်ပြောင်းလဲရေး ပြည်သူနှင့် နီးသလား ဝေးသလား'' ခေါင်းစဉ်နဲ့
စကားဝိုင်းကို စီစဉ်ရခြင်းဖြစ်ပါတယ်။ လာရောက်ဆွေးနွေးပေးတဲ့ ပြည် ထောင်စုဝန်ကြီး အပါအဝင်
ပညာ ရှင်တွေအားလုံးကို ကျေးဇူးတင်ပါ တယ်။ ကျွန်မတို့ရဲ့ အစီအစဉ်ကနေ ပြည်သူ့အတွက်ရော၊
တာဝန်ရှိသူ တွေနဲ့ မဏ္ဍိုင်အသီးသီးက ပုဂ္ဂိုလ် တွေမှာပါ အတွေးသစ်အမြင်သစ်တွေ ရရှိနိုင်မယ်လို့
မျှော်လင့်ပါတယ်'' ဟု ပြည်သူ့ခေတ်ဂျာနယ်ဖခင်ကြီး ကွယ်လွန်သူ မောင်ဝံသ၏ သမီး ပြည်သူ့ခေတ်ဂျာနယ်
အယ်ဒီတာ ချုပ် မလွတ်လပ်စိုးက ပြောကြား သည်။
ပြည်သူ့ခေတ်ဂျာနယ် အသွင် သစ်ဖြင့် ထုတ်ဝေခြင်းအထိမ်းအမှတ်
စာပေစကားဝိုင်းတွင် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၊ ၈၈ မျိုးဆက်ကျောင်းသား
အဖွဲ့မှ ဦးကိုကိုကြီး၊ ပြည်သူ့ လွှတ်တော် တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေး
ကော် မတီအတွင်းရေးမှူး ဦးဝင်းမြင့်၊ စီးပွားရေးပညာရှင် ဦးကျော်ဝင်း တို့က ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
ယနေ့ကျင်းပသည့် အဆိုပါ စကားဝိုင်းကို ထူးခြားသောစကား
ဝိုင်းအဖြစ် ပရိသတ်များစွာက အာရုံ စိုက်ခဲ့ကြသည့်အပြင် ပညာရှင်အချို့ အပါအဝင် မီဒီယာသမားများ
တက် ရောက်ခဲ့ကြသော ယနေ့ပွဲတွင် မျက်မှောက် မြန်မာနိုင်ငံ၏အခြေ အနေ တစေ့တစောင်းကို ပွင့်လင်း
စွာ ထုတ်ဖော်ဆွေးနွေးခဲ့ကြသည်။ နိုင်ငံရေးရှုထောင့်၊ စီးပွားရေး ရှုထောင့်၊ လွှတ်တော်နှင့်
အစိုးရ တို့အပြင် မျိုးဆက်သစ်လူငယ်များ အတွက်ပါ အားသာချက်၊ အားနည်း ချက်များကို အပြုသဘော
ဝေဖန် ထောက်ပြကာ ပြည်သူ့အကျိုးကို ရှေးရှုဆွေးနွေးခဲ့ကြသည့် စကားဝိုင်း လည်းဖြစ်ခဲ့သည်။
ပြုပြင်ပြောင်းလဲ မှုများပြုလုပ်နေသော ယနေ့အချိန် ကာလတွင် အခက်အခဲများကြုံတွေ့ ရမည်ဖြစ်သော်လည်း
အလွှာ အသီးသီးမှ ပြည်သူ့အသံများကို ထဲထဲဝင်ဝင် နားထောင်ကာ ပြည်သူ လူထု၏ ဘဝတိုးတက်ရေးအတွက်
စုပေါင်း အားထုတ်ကြခြင်းဖြင့် အောင်မြင်မှုများ ရရှိမည်ဟု ယုံကြည်မိသည်။


No comments:
Post a Comment