Wednesday, January 28, 2015

ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့် LIFT Fund Board အဖွဲ့ဥက္ကဌ Ms. Claudia Antonelli နှင့် ကိုယ်စားလှယ်အဖွဲ့အား တွေ့ဆုံ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော်ချရေး အထောက် အကူပြုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ



နေပြည်တော် ဇန်နဝါရီ ၂၈
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်သည် ယနေ့နံနက် (၉) နာရီခွဲတွင် ဝန်ကြီးရုံးဧည့်ခန်းမ၌ LIFT Fund Board အဖွဲ့ဥက္ကဌ၊ European Union စီမံကိန်း မန်နေဂျာ Ms. Claudia Antonelli နှင့် LIFT Fund Director, Mr. Andrew Kirkwood တို့အား လက်ခံ တွေ့ဆုံပြီး LIFT အဖွဲ့မှ ဆောင်ရွက်လိုသည့် Senior Consultation Group အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ ဝန်ကြီးဌာနမှ ကူညီဆောင်ရွက် ပေးနိုင်ရေး၊ Senior Consultation Group အား LIFT Fund Board အဖွဲ့၏ တရားဝင် အကြံပေး
အဖွဲ့ကဲ့သို့ ဆောင်ရွက်နိုင်ရေးနှင့် ကျေးရွာဖွံ့ဖြိုးရေး ဆရာဖြစ် သင်တန်း (TOT) သင်တန်း များ ဖွင့်လှစ်၍ ကျေးရွာများအရောက် ဖွံ့ဖြိုးရေးလုပ်ငန်းများအား ဒေသခံများမှ ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် နံနက် (၁၀) နာရီတွင် ဝန်ကြီးရုံးအစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ် သည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေး အထောက်အကူပြု ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။
လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေတိုးမြှင့်ရရှိနိုင်မည့် လုပ်ငန်းများ၊ သန့်ရှင်းသည့် သောက်သုံးရေးနှင့် စိုက်ပျိုးရေရရှိရေး၊ လျှပ်စစ်မီး ရရှိရေး၊ လမ်းပန်းဆက်သွယ်မှု လွယ်ကူချောမွေ့ စေရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍ အထောက်အကူပြု လုပ်ငန်းများအား ဆက်လက်ဆောင်ရွက် ကြရမည် ဖြစ်ကြောင်း။
ပဉ္မနှစ် (၅) နှစ် စီမံကိန်းကာလအတွင်း အဓိကအားဖြင့် လယ်မဲ့ယာမဲ့များအတွက် လယ်ယာမြေ ဖော်ထုတ်ရေး၊ ကျေးရွာ သစ်ထူထောင်ရေးစီမံကိန်းများ၊ မြို့ပြအိမ်မဲ့ယာမဲ့များအတွက် နှစ်အလိုက် အငှားအိမ်ရာ၊ အရစ်ကျ အိမ်ရာစနစ်များ၊ မြေယာအမှုအခင်းပြဿနာများ အချိန်တိုအတွင်း ဖြေရှင်း ဆောင်ရွက်ပေးရေး၊ စိုက်ခင်းကြီးများ၊ မွေးမြူရေးလုပ်ငန်းများ၊ စက်မှုလက်မှုနှင့် အခြားအခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ့်နှံမှုတို့အတွက် လျာထားမြေဧရိယာများကို Township Development Plan နှင့်အညီ ချပြဆောင်ရွက်ရန်၊ တောင်သူ လယ်သမားများအတွက် ဈေးကွက်ဝယ်လိုအားရှိသည့် မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ဖြန့်ဖြူးရန်၊ အသေးစား ချေးငွေလုပ်ငန်း၊ ကျေးလက်ဖွံ့ဖြိုးရေး ဘဏ်လုပ်ငန်းများအပေါ် ပြန်လည်သုံးသပ်ပြီး ထိရောက်စွာစီမံပေးရန်၊ စိုက်ပျိုးမွေးမြူရေး၊ SMEs လုပ်ငန်းများ ဈေးကွက်ရရှိရေးနှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရရှိရေး စီမံဆောင်ရွက် သွားရန် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသည့် အထောက်အကူ ပြုကော်မတီ၊ ဆပ်ကော်မတီများက မိမိတို့ကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ရှေ့ဆက် လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများအား အသီးသီးရှင်းလင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment