Wednesday, January 28, 2015

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးပြီး ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်



နေပြည်တော် ဇန်နဝါရီ ၂၈
နိုင်ငံတော်အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ကျောင်းသား ကိုယ်စားလှယ်များသည် အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေး ပွဲကို ယနေ့နံနက် (၁၀) နာရီခွဲက နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပြီး နှစ်ဘက်ဆွေးနွေးမှုအရ အစိုးရ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ကျောင်းသားကိုယ်စားလှယ်များက ပူးတွဲကြေညာ ချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။

ယင်းပူးတွဲကြေညာချက်တွင် "(က) အစိုးရ၊ လွှတ်တော်၊ ကျောင်းသားနှင့် National Network for Education Reform (NNER) ကိုယ်စားလှယ်များ ပါဝင်သော ပထမအကြိမ် လေးပွင့်ဆိုင် ဆွေးနွေးပွဲကို ဖေဖော်ဝါရီ (၁) ရက်နေ့၌ ရန်ကုန်မြို့တွင် စတင်ရန်၊ (ခ) လေးပွင့်ဆိုင်ဆွေးနွေးပွဲ တွင် ကျောင်းသား ကိုယ်စားလှယ်များမှ တင်ပြသော အချက် (၁၁) ချက်ကို ဆွေးနွေးညှိနှိုင်း အဖြေရှာကြရန်၊ (ဂ) ကိုယ်စားလှယ်များအနေဖြင့် အပြု သဘောဆောင် ဆွေးနွေးပြီး သဘောတူညီမှုများကို ညှိနှိုင်းရယူရန်နှင့် ဆွေးနွေးရန် ကျန်ရှိသည်များကို ဆက်လက်ဆွေးနွေး အဖြေရှာသွားရန်၊ (ဃ) ကျောင်းသား များအနေဖြင့် ညှိနှိုင်းဆွေးနွေးမှုများ စတင်သည့် နေ့တွင် သပိတ်ရပ်နားသွားမည်" ဟူသည့် အချက် (၄) ချက်အား သဘောတူညီခဲ့ကြကြောင်း ဖော်ပြပါရှိသည်။

No comments:

Post a Comment