Wednesday, January 28, 2015

ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်၊ ကယား ပြည်နယ်၊ လွိုင်ကော်မြို့နှင့် ဒီမော့ဆိုမြို့တို့၌ စက်မှုလယ်ယာမြေစနစ် ပြုပြင်ဖော်ထုတ်မှု၊ စိုက်ပျိုးရေးသိပ္ပံကျောင်းနှင့် ငွေတောင်ဆည် ရေဝင်ရောက်မှု အခြေအနေများ ကွင်းဆင်း ကြည့်ရှု စစ်ဆေး



နေပြည်တော် ဇန်နဝါရီလ ၂၈
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်သည် ဇန်နဝါရီလ (၂၆) ရက်နေ့ ညနေ (၃) နာရီတွင် ကယားပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးပိုးရယ်ရန်အောင်၊ စီမံကိန်း နှင့် စီးပွားရေးဝန်ကြီး ဦးတော့ရယ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် လွိုင်ကော်မြို့နယ်၊ ပန်ကန်းကျေးရွာရှိ လယ်ယာမြေ ဧက (၅၀) နှင့် ဒီမော့ဆိုမြို့နယ် စံပြ (၆) မိုင် ကျေးရွာအုပ်စု ဒေါဖိုးစီကျေးရွာမှ လယ်မြေဧက (၅၀) စုစုပေါင်း တဆက်တစပ်တည်း ဧက (၁၀၀) အား စက်မှုလယ်ယာမြေစနစ် ကူးပြောင်းရန် စက်ယန္တရား များနှင့် မြေယာပြုပြင် ဖော်ထုတ်နေမှုများအား ကွင်းဆင်းစစ်ဆေးကြည့်‌ရှုပြီး လုပ်ငန်းခွင် ရှင်းလင်းဆောင်၌ ဒေသခံကျေးရွာလူထုနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးသည်။


ထို့နောက် ကယားပြည်နယ်၊ စက်မှုလယ်ယာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးထွန်းထွန်းခိုင်က တဆက်တစပ် တည်း လယ်မြေဧက (၁၀၀) အား စက်မှုလယ်ယာစနစ် ဖော် ထုတ် အကောင်အထည်ဖော်မှု အခြေအနေ များကို ရှင်းလင်းတင်ပြပြီး ဒီမော့ဆိုမြို့၊ ဟိုပိတ် ကျေးရွာမှ လယ်သမားကြီး ဦးသိန်းမောင်က ပုလဲသွယ် စပ်မျိုးစပါး စိုက်ပျိုးရာ နှစ်စဉ် ပျမ်းမျှ တင်း (၂၀၀) ထွက်ရှိသည့် အခြေအနေနှင့် ကျေးရွာတစ်ရွာလုံး စိတ်ပါ ဝင်စားစွာ တိုးချဲ့စိုက်ပျိုးမည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သိပ္ပံနည်းကျ စိုက်နည်းစနစ်များကို တောင်သူလယ်သမားများက ထိထိရောက်ရောက် အသုံးပြု နိုင်ရေးနှင့် စက်မှုလယ်ယာ မြေစနစ်အား ကုန်ထုတ်လမ်း၊ ရေသွင်းမြောင်း၊ ရေနှုတ်မြောင်းများ စနစ်တကျ တည်ဆောက် အကောင် အထည်ဖော်ရေး တာဝန်ရှိသူများအား မှာကြားသည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် ဒီမော့ဆိုမြို့နယ် ငွေတောင်ရပ်ရှိ ဒီမော့ဆို စိုက်ပျိုးရေးသိပ္ပံကျောင်းသို့ ရောက်ရှိပြီး ကျောင်းအုပ်ဆရာမကြီးနြှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအား တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပြည်နယ်အတွင်းရှိ တောင်သူလယ်သမားများ ဝင်ငွေတိုးတက် ရရှိ စေရေးကို လက်တွေ့ အကောင်အထည်ဖော်ကြမည့် ပညာရှင်များ မွေးထုတ်ပေးနိုင်ရန်အတွက် သင်ခန်းစာ များကို စာတွေ့၊လက်တွေ့ အလေးထား ဂရုပြုသင်ကြားကြရန်၊ ပြည်နယ်အတွင်းရှိ ကျေးရွာများသို့ မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များနှင့် သိပ္ပံနည်းကျစိုက်နည်းစနစ်များ ပျံ့နှံ့ရောက်ရှိရေး ကြိုးပမ်းဆောင်ရွက်ကြရန် အသေး စိတ် ဆွေးနွေးမှာကြားပြီး ဆရာ၊ ဆရာမများအတွက် ဂုဏ်ပြုငွေနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ် ပါသည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ငွေတောင်ဆည်သို့ ရောက်ရှိကြပြီး ဆည်အတွင်း ကန်ရေပြည့် သိုလှောင်နိုင်မှု အခြေအနေကို ကြည့်‌ရှု၍ စိုက်ပျိုးရေး သိပ္ပံကျောင်းနှင့် သင်ကြားရေး စိုက်ကွင်းများအတွင်း ရေပို့လွှတ်နိုင်ရေး၊ လျင်မြန်စွာ အကောင်အထည် ဖော်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။

ငွေတောင်ဆည်သည် အမြင့် (၃၅) ပေရှိ မြေသားတမံဖြစ်ပြီး အလျား (၆၀၀၀) ပေ ရှိကာ ကန်ရေပြည့် ပမာဏ (၈၉၂၀) ဧကပေ သိုလှောင်နိုင်၍ ကန်ရေပြင်ကျယ် (၆၂၀) ဧက ရှိပြီး ဆည်ရေသောက် (၆၂၉၁) ဧကကို စိုက်ပျိုးရေပေးဝေနေသည့် ဒေသသောက်သုံးရေအတွက် အလွန်အရေးပါသော ဆည်တစ်ခုဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment