ရန်ကုန် ဇန်နဝါရီ (၁၇)
လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အား ဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသော မြန်မာ နိုင်ငံ တွင်
နိုင်ငံခြားသား အမြဲနေထိုင်ခွင့် စနစ် (Permanent
Residence System) နှင့် Online စနစ်ဖြင့် ဗီဇာ လျှောက်ထားသည့် e-Visa စနစ်
လုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြခြင်း အခမ်းအနားကို ဇန်နဝါရီ(၁၃)ရက်
မွန်းလွဲ
(၁)နာရီ (၁၅)မိနစ်တွင် ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ အခမ်းအနားတွင်
လုပ်ငန်းကဏ္ဍအလိုက် တာဝန်ရှိ သူများက မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ်
အကောင် အထည်ဖော် ဆောင်ရွက်နေမှု၊ အမြဲနေ ထိုင်ခွင့် လျှောက် လွှာများ တောင်းခံ မှုနှင့် လျှောက်လွှာများ
ပြန်လည်လက်ခံရေး စီစဉ်ဆောင်ရွက် ထားရှိမှုများ၊ နည်းပညာ ဆိုင်ရာ စက်ကိရိယာများ တပ်ဆင်
ထားရှိမှု အခြေအနေများ၊ e-Visa စနစ် အကောင် အထည်ဖော်ဆောင် ရွက်ထားရှိမှု၊ နိုင်ငံအလိုက်
လျှောက်ထားမှုနှင့် ဝင်ရောက်မှုအခြေအနေ၊ Call Center သို့ ဆက်သွယ်မေးမြန်း မှုနှင့် ပြန် လည်ဖြေကြားမှု၊
လျှောက်လွှာများ ငြင်းပယ်ရခြင်း အကြောင်းအရင်းနှင့် ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်များ၊
လုပ်ငန်းဆိုင်ရာ အခက်အခဲ များကို အသီးသီးဆွေးနွေးတင်ပြကြပြီး ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင် သန်းက
ဖြည့်စွက် ရှင်းလင်းတင်ပြသည်။
ယင်းနောက်
ပြည်ထောင်စု ဝန်ကြီးဦးခင်ရီက နိုင်ငံခြားသားအမြဲ နေထိုင်ခွင့် စနစ်အတွက် လိုအပ်သော
စာရွက် စာတမ်းများနှင့် နည်းပညာ စက်ကိရိယာများ အချိန်မီပြီးစီးအောင် ဆောင်ရွက်ရေး၊
ဗဟိုကော်မတီ အစည်း အဝေး ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိရေး၊ e-Visa လျှောက်လွှာငြင်းပယ်မှု
ပပျောက် နိုင်ရေးအတွက် လုပ်ငန်းစဉ်များကို လျှောက်ထားသူများ ရှင်းရှင်းလင်းလင်းနှင့်
ကျယ်ကျယ်ပြန့်ပြန့် သိရှိနား လည်နိုင်စေ ရေးအတွက် စီစဉ်ဆောင်ရွက်ရေး၊ လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းများဖြစ်၍
လုပ်ငန်းတစ်ခုနှင့်တစ်ခု နည်းပညာ စက်ကိရိယာများ ချိတ်ဆက် ဆောင်ရွက် နိုင်ရေး အတွက် ညှိနှိုင်း ပူးပေါင်း
ဆောင်ရွက်ရေး ဆွေးနွေး မှာကြားကာ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့် ဆည်း ဆောင်ရွက်
ပေးသည်။
ပြည်ထောင်စုဝန်ကြီးသည်
နံနက်(၉)နာရီက နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ဌာန စိတ်ရုံးခန်း ဖွင့်လှစ်ထားရှိ ဆောင်ရွက်နေမှုနှင့်
e-Visa ရုံးခန်းဖွင့်လှစ်ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်း
များအား လုပ်ငန်း ဆောင်ရွက်နေမှုနှင့် လုပ်ငန်းအခက်အခဲများကို မေးမြန်းဆွေးနွေးပြီး
လိုအပ် သည်များ ကို တာဝန်ရှိသူများအား မှာကြားညှိနှိုင်းဆောင်ရွက်ပေးသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အား ဝန်ကြီးဌာန အနေဖြင့် မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင် ခွင့်စနစ် (Permanent
Residence System) ကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ (၅)ရက်တွင် ပညာပေး ကာလအဖြစ် စတင်
သတ်မှတ်ခဲ့ပြီး လျှောက်ထားလိုသူများအတွက် လျှောက်လွှာများကို
ဒီဇင်ဘာ(၂၄)ရက်၌စတင်၍ အခမဲ့ ဖြန့်ဝေပေးခဲ့ရာ ဇန်နဝါရီ (၁၃)ရက်အထိ လုပ်ငန်းကျွမ်းကျင်ပညာရှင်
အတွက်(၂၁)စောင်၊ စီးပွားရေး ရင်းနှီးမြှုပ်နှံ လိုသူအတွက် (၂၇)စောင်၊ မြန်မာနိုင်ငံ သားဟောင်းများအတွက်(၁၅၀)စောင်
မြန်မာနိုင်ငံသားနှင့် သွေးစပ်သူ နိုင်ငံခြား အတွက် (၇၈)စောင်၊ စုစုပေါင်းလျှောက်လွှာ
(၂၇၆)စောင်ထုတ်ပေးခဲ့ပြီး ယင်းလျှောက် လွှာများကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီ (၂၉)ရက်တွင်
စတင်လက်ခံဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် ကမ္ဘာလှည့် ခရီးသွား နိုင်ငံခြားသားများအား
ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပြည်ပြည်ဆိုင် ရာ လေဆိပ်များမှ e-Visa စနစ်ဖြင့် ၂၀၁၄ ခုနှစ် စက်တင်ဘာ(၁)ရက်မှ
စတင်၍ ဝင်ရောက် ခွင့်ပြုခဲ့ရာ ယခုအခါ နိုင်ငံပေါင်း ၁၀၀ အထိ ဝင်ရောက် ခွင့်ပြုခဲ့ကြောင်း၊
မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ် (Permanent Residence System)
နှင့် ပတ်သက်၍ www. mip.gov.mm Website တွင်လည်းကောင်း၊ e-Visa စနစ်နှင့်ပတ်သက်၍ http://evisa. moip.gov.mm Bolt sport တွင်လည်းကောင်း
ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သတင်းရရှိ သည်။

No comments:
Post a Comment