စစ်တွေ
ဇန်န၀ါရီ ၁၆
ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်တော်သာရပ်ကွက်ရှိ
တောင်သူဦးပေါ်အောင်၏ ကွင်းအမှတ်-၄၆၊ ဦးပိုင် အမှတ်-၃ တောင်သူ ပညာပေး မတ်ပဲသီးထပ် စိုက်ပျိုးထားသော
မတ်ပဲစံပြကွက် ၁၀ ဧကစိုက်ကွင်း၌ ကွင်းပြပွဲနှင့် မတ်ပဲသီးထပ် စိုက်ပျိုးရေး အသိပညာပေးဆွေးနွေးပွဲကို
ဇန်န၀ါရီ ၁၄ ရက် နံနက် ၉ နာရီတွင် ကျင်းပသည်။
မိုးစပါးအပြီး မတ်ပဲသီးထပ်စိုက်ပျိုးရေး အသိပညာ
ပေးဆွေးနွေးပွဲတွင် ပြည်နယ်စိုက်ပျိုးရေးနှင့်မွေးမြူရေး ၀န်ကြီး ဦးသာလူချေက ရခိုင်ပြည်နယ်၏
စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့မှ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍
ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး မတ်ပဲသီးနှံသည် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ တိုင်းဒေသကြီးတို့တွင်
တောင်သူများ၏ ကြီးပွားချမ်းသာရေးကို အထောက် အကူပေးနေသော သီးနှံဖြစ်ကာ ရခိုင် ပြည်နယ်သည်
အိန္ဒိယနှင့် ဆိပ်ခံတံတား ဖွံ့ဖြိုးလာပါက အနီးဆုံးမတ်ပဲဈေးကွက်သည် အိန္ဒိယ ဖြစ်သည့်အတွက်
ဈေး ကွက်ပူစရာမလိုသော သီးနှံဖြစ်ကြောင်း ရှင်းလင်း အမှာစကား ပြောကြားသည်။
ဆက်လက်၍ မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး
ဦးထွန်းလှဖြူက အရင်းနည်း၍ စိုက်ပျိုးရန်လွယ်ကူပြီး အကျိုး အမြတ်များသည့် မတ်ပဲသီးထပ်
စိုက်ပျိုးနည်းစနစ်များ ဖြစ်သော ထွန်ပဲ၊ ရေလိုက်ပဲ စိုက်နည်းစနစ်များနှင့် အကျိုး ကျေးဇူးများအကြောင်း
ပညာပေးဆွေးနွေးပြီး တောင်သူပညာပေး စိုက်ပျိုးထားသည့် မတ်ပဲစံပြ စိုက်ကွက် များကို တောင်သူများအား
လက်တွေ့ပြသသည်။ အဆိုပါအခမ်းအနားသို့ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးသာလူချေ၊
ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊ စစ်တွေခရိုင်
စိုက်ပျိုးရေးဦးစီးမှူးနှင့် ၀န်ထမ်း များ၊ ကျေးရွာအုပ်စုများမှ တောင်သူ ၈၀ ဦး ကွင်းဆင်း
လေ့လာခဲ့ကြပြီး အခမ်းအနား အပြီးတွင် တောင်သူများအား ဟင်းသီးဟင်းရွက် မျိုးစေ့ထုပ် ၁၂
မျိုးကို အခမဲ့ ပေးအပ်ကြောင်း သိရှိရသည်။
No comments:
Post a Comment