ရန်ကုန် ဇန်နဝါရီ ၁၇
အာရှနိုင်ငံများတွင်
ပထမဆုံး ဖြစ်လာမည့် စာပေသမားများ အိမ်ဂေဟာ (House of Literature) တစ်ခုကို မြန်မာနိုင်ငံ၌
ထူထောင် နိုင်ရန်အတွက် စီစဉ်လျက်ရှိပြီး ဖွင့်လှစ်မှုများ ပြုနိုင်ရန်အတွက် ရန်ကုန်မြို့ရှိ
ရှေးဟောင်းအဆောက် အအုံများအား အဓိကထားရွေးချယ်၍ နေရာရှာဖွေမှုများ ပြုလုပ်လျက်ရှိ ကြောင်း၊
နိုဘယ် မြန်မာစာပေ ပွဲတော် ဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးပေးခဲ့သည့် နော်ဝေနိုင်ငံHedda
Foundation ၏ ညွှန်ကြား ရေးမှူးMr. Jorgen Lorentzen ထံမှ သိရသည်။
မြန်မာနိုင်ငံ၌
စာပေသမားများ အိမ်ဂေဟာ ဖွင့်လှစ်နိုင်ရန်အတွက် အဆောက်အအုံကို ပြန်ကြားရေး ဝန်ကြီးဌာနအနေဖြင့်
ကူညီပေးသွား ရန် စီစဉ်လျက်ရှိသည်။ ပြန်ကြား ရေးဝန်ကြီးဌာနမှ ပိုင်ဆိုင်သည့် ကမ်းနားလမ်းနှင့်
၄၃ လမ်းထောင့် ရှိ ယခင် ဂါးဒီးယန်းသတင်းစာတိုက် အဆောက်အအုံကို House of Literature
ဖွင့်လှစ်နိုင်ရန်လျာထားလျက်ရှိပြီး သင့်တော်ပါက အစိုးရ အဖွဲ့သို့တင်ပြ၍ အသုံးပြုခွင့်ပေး
သွားမည်ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က နိုဘယ်မြန်မာ စာပေ
ပွဲတော် ဖွင့်ပွဲအခမ်းအနားအပြီး၌ပြောကြားခဲ့သည်။
''ကျွန်တော်
လွန်ခဲ့တဲ့ နှစ်လ လောက်က စာနယ်ဇင်းကောင်စီရဲ့ အစည်းအဝေးတစ်ခုမှာ ဆရာဖေမြင့် နဲ့ဆုံတော့
သူတို့နဲ့ နော်ဝေအဖွဲ့ အစည်းတစ်ခုက ပူးပေါင်းပြီး House of Literature တစ်ခု မြန်မာနိုင်ငံမှာ
လုပ်ချင်တယ် လို့ပြောတယ်။ ပြန်ကြားရေးဝန်ကြီးဌာနက ကူညီပေးသွားဖို့ ရှိပေမယ့် တောင်းဆို
ချက်နှစ်ခု တော့ရှိတယ်။ တစ်အချက် အနေနဲ့ အဲဒီအဆောက်အအုံနဲ့ အဖွဲ့အစည်းသည် အမှန်တကယ်
လွတ်လပ်တဲ့ အဖွဲ့အစည်းဖြစ်ဖို့ ပဋိညာဉ်ကောင်းကောင်း ရှိရမယ်။ နှစ်အချက်က အဲဒါကို လွတ်လပ်တဲ့
Board of Director အဖွဲ့လိုမျိုးက အုပ်ချုပ်ရမယ်။House of Litera- ture လို အဆောက်အအုံတွေဖြစ်
လာမယ်ဆိုရင်တော့ မြန်မာစာပေ လောကနဲ့ဘာသာပြန်စာပေလောက ဖွံ့ဖြိုးဖို့အတွက် အများကြီး အထောက်
အကူဖြစ်စေမှာပါ'' ဟု ၄င်းက ထပ်မံ ပြောကြားခဲ့သည်။
ကမ္ဘာ့ပထမဆုံး
House of Literature အား ၁၉၈၆ ခုနှစ်တွင် ဂျာမနီနိုင်ငံ၌ စတင်ဖွင့်လှစ်ခဲ့သည်။ လက်ရှိအချိန်၌
တစ်ကမ္ဘာလုံးတွင်House of Literature ပေါင်း ၁၁ခု ကို ဖွင့်လှစ်ထားနိုင်ပြီဖြစ်သည်။House
of Literature အဆောက် အအုံများတွင် စာအုပ်ဆိုင်၊ ကော်ဖီ ဆိုင်၊ စာကြည့်တိုက်၊ ကလေးများ
အတွက် ပျော်ရွှင်စွာဖတ်ရှုလေ့လာ နိုင်မည့် စာဖတ်ခန်း၊ စာပေဆိုင်ရာ ဟောပြောပွဲများ၊ ဝိုင်းဖွဲ့စကားပြော
ပွဲများ ပြုလုပ်နိုင်သည့် ခန်းမများ နှင့် စာရေးဆရာများအတွက် စာရေး နိုင်ရန် နေရာထိုင်ခင်းများ၊
သုတေသနပြုလုပ်နိုင်ရန်တို့ကို နေရာ တစ်ခုတည်း၌ပင် စုစည်းထားခြင်း ဖြစ် သည်။
စာရေးဆရာဖေမြင့်က
''အာရှမှာ ပထမဆုံးဖြစ်လာမယ့် အဆောက် အအုံဆိုတော့ မြန်မာ့စာပေလောက မြှင့်တင်ရေးအတွက်
အများကြီး အထောက်အကူပြုတာပေါ့။ ဒီလိုစာပေနဲ့ ပတ်သက်တဲ့ အလုပ်တွေ ဆောင်ရွက်နိုင်ဖို့
နေရာထိုင်ခင်း လိုတယ်။ နေရာထိုင်ခင်းမရှိရင် ကျွန်တော်တို့ ဘာမှ သိပ်လုပ်လို့မရ ဘူး။
လက်ရှိမှာ လက်ဖက်ရည် ဆိုင်မှာပဲ ဝိုင်းဖွဲ့ပြီး စကားပြောရတဲ့ အနေအထားမျိုးကနေ ဒီလိုနေရာ
ထိုင်ခင်း ပြည့်ပြည့်စုံစုံရှိလာရင် စာ အကြောင်း၊ ပေအကြောင်း ဆွေးနွေး မယ့်ဝိုင်းမျိုး
ပြုလုပ်လို့ရမယ်။ စာအုပ် မိတ်ဆက်ပွဲမျိုးလို ဆွေးနွေးပွဲမျိုး လုပ်လို့ရတယ်။ ဒါဟာ ကျွန်တော်တို့
စာပေဖွံ့ဖြိုးရေးမှာ အများကြီး အထောက်အကူပြု သွားမယ့် သဘောပေါ့'' ဟု သုံးသပ် ပြောကြားသည်။

No comments:
Post a Comment