နေပြည်တော် ဇန်နဝါရီ ၂၁ ရက်
ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင် မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ကြည်းတပ်
စစ်သံမှူး Colonel William C.Dickey နှင့်အဖွဲ့အား ယမန်နေ့နံနက် ၉ နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး၊
အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးကျ
၂၀၁၂ ခုနှစ်၊ ဇွန်လ( ၂၇ )ရက်နေ့တွင် မြန်မာ အစိုးရနှင့် UNCTFMR တို့သည် အရွယ်မရောက်သေးသူ
ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေး လုပ်ငန်းစီမံချက်ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက်
တပ်မတော်အတွင်းသို့ အသက်မပြည့်သေးသူ ကလေးစစ်မှုထမ်းအဖြစ် ဝင်ရောက်ခြင်းမရှိစေရေး တားမြစ်ဆောင်ရွက်လျက်
ရှိမှုအခြေအနေများနှင့် တပ်မတော်အတွင်းသို့ အသက်မပြည့်ဘဲ ဝင်ရောက်ခဲ့သည့် စစ်မှုထမ်းများကို
မိဘအုပ်ထိန်းသူများထံ စိစစ်၍ ပြန်လည် စေလွှတ်ပေးလျက်ရှိမှု အခြေအနေများ၊ အသက်မပြည့် သေးသူများကို
စစ်မှုထမ်းအဖြစ် စုဆောင်းခဲ့သူ စစ်မှုထမ်းများအား အရေးယူ ဆောင်ရွက်နေမှု အခြေအနေများ၊
ပြည်သူလူထုအား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများနှင့် ကော်မတီ အား ပိုမို
အားကောင်းစေရေး တိုးချဲ့ဖွဲ့စည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်နေမှုများကို ဆွေးနွေး
ပြောကြားခဲ့ပြီး သိရှိလိုသည့်အချက်အလက်များ ပြည့်ပြည့်စုံစုံရရှိနိုင်ရေး ကော်မတီမှတာဝန်ရှိသူများ၊
ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံနိုင်ရေး စီစဉ်ပေးထားပါကြောင်းဖြင့်
ပြောကြား သည်။
အမေရိကန်စစ်သံမှူး မှ ပြောကြားရာတွင် မြန်မာအစိုးရနှင့်
တပ်မတော်တို့၏ အရွယ် မရောက်သေးသူ ကလေးစစ်သည် ပပျောက်ရေး ဆောင်ရွက်မှု အခြေအနေများနှင့်
ရရှိသည့် သတင်းအချက်အလက်များကို အမေရိကန်နိုင်ငံသို့ ပြန်လည် ပေးပို့ပေးမည်ဖြစ်ပါကြောင်း၊
ကော်မတီ၏ ဆောင်ရွက်မှု အချက်အလက် အားလုံးကို ပြည့်ပြည့်စုံစုံ သိရှိလိုပါကြောင်း၊ မြန်မာနိုင်ငံအား
ကလေးစစ်သည် အသုံးပြုမှုစာရင်းမှ ပယ်ဖျက်နိုင်ရေးအတွက် ကူညီပေးနိုင်ရန် ဖြစ်ပါကြောင်း
ပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး နှင့်အတူ တွဲဖက်စစ်ရေးချုပ်
ဗိုလ်ချုပ် သန်းစိုးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

No comments:
Post a Comment