Tuesday, January 27, 2015

ကျေးလက်အခြေခံမွေးမြုရေးလုပ်သား (CAHW) သင်တန်းဖွင့်

ရေတာရှည် ဇန်န၀ါရီ ၂၇
တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ကျေးလက်ဒေသ အခြေခံ မွေးမြူရေးလုပ်သား (CAHW) သင်တန်းကို ဇန်နဝါရီလ ၂၆ ရက်၊  နံနက်ပိုင်းက မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန အစည်းဝေး ခန်းမတွင် ကျင်းပပြုလုပ် ခဲ့သည်။
အဆိုပါ သင်တန်းကို အခြေခံ မွေးမြူရေး ဆိုင်ရာများနှင့် ကူးစက်ရောဂါ ကာကွယ်ဆေး ထိုးခြင်းများ သင်ကြား ပေးခြင်း အားဖြင့် နည်းစနစ် မှန်ကန်သော မွေးမြူရေး နည်းပညာများကို ပြည်သူလူထု အတွင်းသို့ ဖြန့်ဖြူး ပေးနိုင်ခြင်း၊ တိရစ္ဆာန် ကူးစက် ရောဂါပြန့်ပွားမူကို ထိန်းချုပ်သည့် လုပ်ငန်းများ ဆောင်ရွက်ရာတွင်    ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင် ခြင်းဖြင့် မွေးမြူရေးကဏ္ဏကို ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး နိုင်ငံတော်၏ အသားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ထိရောက်အောင်မြင်စွာ ဆောင်ရွက် နိုင်မည် ဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာသင်းလဲ့စိုးက ရှင်းလင်း ဟောပြောခဲ့သည်။ အဆိုပါ သင်တန်းကို ၁၀ ရက်ကြာ ပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment