ခမောက်ကြီး၊ ဇန်န၀ါရီ ၂၆ရက်
၂၀၁၅ခုနှစ်၊ နိုင်ငံတစ်ဝှမ်း ၀က်သက်နှင့်
ဂျိုက်သိုးရောဂါ ကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်း စီမံချက်ဖြင့် အခြေခံပညာ ကျောင်းများတွင်
စတင်ထိုးနှံပေးရာ ဇန်န၀ါရီ၂၅ရက်နေ့ နံနက် ၈နာရီကခမောက်ကြီးမြို့
အ.ထ.က ကျောင်းခန်းမ တွင် ကျောင်းသား/သူများအားစတင်ထိုးနှံပေးသည်။
မြို့နယ်ကျန်းမာရေး ဦးစီးဌာန ကျန်းမာရေး
ဝန်ထမ်းများမှ အဆိုပါကျောင်းရှိအသက် (၁၅) နှစ်အောက် ကျောင်းသား/သူများအား ၀က်သက်နှင့်ဂျိုက်သိုးရောဂါကာကွယ်ဆေးများထိုးနှံပေးခြင်းဖြစ်သည်။
အဆိုပါ ၀က်သက် နှင့် ဂျိုက်သိုးရောဂါသည် ဗိုင်းရပ်ပိုးတစ်မျိုးကြောင့်
ကလေးငယ်များတွင် ဖြစ်ပွားတတ်သည့် ကူးစက်မြန်ရောဂါများ ဖြစ်သဖြင့် မြန်မာနိုင်ငံအပါအ၀င်
ကမ္ဘာ နှင့်အ၀ှမ်း ရောဂါကင်းစင်ရေးအတွက် ကာကွယ် မှုလုပ်ငန်းများအားစီမံချက် ချ မှတ် ဆောင်ရွက်ခြင်း
ဖြစ်ကြောင်း သိရှိရသည်။
No comments:
Post a Comment