အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် ၂၀၁၅ ဖွင့်ပွဲအခမ်းအနားနှင့်
ညစာစားပွဲ အခမ်းအနားကို ယနေ့ညနေ ၆နာရီ မိနစ်(၂၀)တွင် နေပြည်တော်ရှိ မြန်မာအပြည် ပြည်ဆိုင်ရာ
ကွန်ဗင်းရှင်းဗဟိုဌာန -၂ ၌ကျင်းပရာ နိုင်ငံတော်
သမ္မတ ဦးသိန်းစိန် တက် ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။
ဖွင့်ပွဲအခမ်းအနား မစတင်မီ နိုင်ငံတော်သမ္မတသည်
အဆိုပါဗဟိုဌာန နားနေဆောင်၌ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ခရီးသွားလုပ်ငန်းဝန်ကြီးများ၊
ကမ္ဘာ့ခရီး သွားလုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ချုပ်နှင့် တာဝန်ရှိသူများအား
လက်ခံ တွေ့ဆုံခဲ့သည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ
ပြည်ထောင်စု ၀န်ကြီးများ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှခရီးသွားလုပ်ငန်းဝန်ကြီးများ၊
ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူးချုပ်၊ အာဆီယံ-တရုတ်ဗဟိုဌာန၊
အာဆီယံ-ဂျပန် ဗဟိုဌာနနှင့် အာဆီယံ-ကိုရီးယားဗဟို ဌာနတို့မှ အထွေထွေ အတွင်းရေး မှူးချုပ်များ၊
ကမ္ဘာ့ခရီးသွားလုပ်ငန်းကောင်စီ ဥက္ကဋ္ဌနှင့် ပစိဖိတ်-အာရှခရီးသွား လုပ်ငန်းအဖွဲ့မှ အမှုဆောင်
အရာရှိချုပ်များ၊ အာဆီယံခရီးသွား လုပ်ငန်းရှင်များ၊ ဒုတိယ၀န်ကြီးများ၊ ဌာနဆိုင်ရာ အကြီး
အကဲများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
ရှေးဦးစွာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က
အဖွင့်အမှာစကားပြောကြားရာတွင် အာဆီယံ၏ ခရီးသွားလုပ်ငန်း
ပူးပေါင်း ဆောင်ရွက်ရေးတွင် လွန်စွာ အရေးပါလှသည့် နှစ်ပတ်လည်အစည်းအဝေးများပါဝင်သော
(၃၄) ကြိမ်မြောက် အာဆီယံခရီးသွားလုပ် ငန်းဖိုရမ် ဖွင့်ပွဲအခမ်းအနားကို ဂုဏ်ပြုဖွင့်လှစ်ပေးခွင့်ရသည့်အတွက်
ကြည်နူး ဝမ်း မြောက်မိပါကြောင်း။
(၂၄) ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေး၊
(၂၅) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးများနှင့် ဆက်စပ်အစည်းအဝေးများကို ပြီးခဲ့သည့်
၂၀၁၄ ခုနှစ် အတွင်း၌ မြန်မာနိုင်ငံအနေဖြင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး အာဆီယံဥက္ကဋ္ဌ
တာဝန်ကို အောင်မြင်စွာထမ်းဆောင်နိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေး
အရ ညီညွတ်သော၊ စီးပွားရေးအရပေါင်းစည်းသော၊
လူမှုရေးအရ တာဝန်ယူသော အာဆီယံ အသိုက်အဝန်းတစ်ရပ်ဖြစ်ထွန်း ပေါ်ပေါက်လာရေးကိုဦးတည်၍
အခြားသော အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၊ ဆွေးနွေးဖက်နိုင်ငံများနှင့် အတူတကွပူးပေါင်းဆောင်ရွက်
လျက်ရှိပါကြောင်း။
နိုင်ငံတော်၏ မဟာဗျူဟာကျသည့် နိုင်ငံရေးနှင့်
စီးပွားရေး ပြုပြင်ပြောင်းလဲမှု ကာလအတွင်း နိုင်ငံအတွင်းရှိ သက်ဆိုင်ရာကဏ္ဍအသီးသီး၌ သိသာထင်ရှားသည့်
အောင်မြင်မှုများရရှိခဲ့ပါကြောင်း၊ အထူးသဖြင့် ခရီးသွားလုပ်ငန်းကဏ္ဍနှင့် ဆက်သွယ် ရေးကဏ္ဍများတွင်
လွန်စွာအောင်မြင်တိုးတက် ခဲ့ပါကြောင်း။
၂၀၁၄ ခုနှစ်အတွင်း၌ပင် မြန်မာနိုင်ငံမှ ပျူမြို့ဟောင်း(၃)မြို့
ဖြစ်သည့် ဟန်လင်း၊ ဗိဿနိုးနှင့်
သရေခေတ္တ ရာတို့ကို ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင်ကျင်းပခဲ့သည့် (၃၈)ကြိမ်မြောက် ကမ္ဘာ့အမွေ
အနှစ်ကော်မတီ အစည်းအဝေး၏ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် အောင်မြင်စွာထည့်သွင်းခြင်းခံခဲ့ရပြီး
မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုနှင့် သမိုင်းနယ်ပယ်တွင်
စာမျက်နှာသစ် တစ်ရပ် ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း။
အာဆီယံ ခရီးသွားလုပ်ငန်းဖိုရမ် ၂၀၁၅ သည် ယခု
၂၀၁၅ နှစ်ကုန်တွင် ပေါ် ထွက်လာမည့် အာဆီယံ အသိုက်အဝန်းထူထောင်မှု၏ အရေးပါသည့် မှတ်တိုင်တစ်ရပ်
နှင့်လည်း တိုက်ဆိုင်လျက်ရှိပါကြောင်း။
ယခုနှစ် အာဆီယံခရီး သွားလုပ်ငန်းဖိုရမ် ၂၀၁၅၏
ဦးတည်ချက်ဖြစ် သည့်“အာဆီယံ-ငြိမ်းချမ်း ဝေစည်၊ တွဲလက်ညီ ခရီးသွားလုပ်ငန်း
ဖြင့်အရောက်လှမ်း ချီ” ဆောင်ပုဒ်သည် အာဆီယံ အသိုက်အဝန်းအတွက် မှန်ကန်သော
ရည်ရွယ်ချက် ရှိသည့် ဆောင်ပုဒ်ဖြစ်ပါကြောင်း။
ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ကြီး၏ ခရီးသွားလုပ်ငန်းစာရင်း
ဇယား ဆိုင်ရာ လေ့လာမှုများအရ အပြည်ပြည် ဆိုင်ရာ ခရီးသည် ရောက်ရှိမှုသည် တစ်ကမ္ဘာလုံး အတိုင်း
အတာအနေဖြင့် ၂၀၁၃ ခုနှစ်တွင် တိုးတက်မှု (၅) ရာခိုင်နှုန်း နှင့်အတူ (၁ ဒသမ ၀၈) ဘီလီယံသို့ ရောက်ရှိခဲ့ပြီး ခရီးသွားလုပ်ငန်း
ဝင်ငွေသည် အမေရိကန် ဒေါ်လာ (၁၁၅၉) ဘီလီယံသို့ ရောက်ရှိခဲ့ပါကြောင်း၊ လက်ရှိတွင် ခရီးသွားလုပ်ငန်းသည်
တစ်ကမ္ဘာ လုံး ဆိုင်ရာဂျီဒီပီ၏ (၉) ရာခိုင်နှုန်းရှိပြီး အလုပ်အကိုင် (၁၁) ခုလျှင်(၁)ခု၊
ကမ္ဘာ့ပို့ကုန်များ၏ (၆) ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ ကမ္ဘာ့စီးပွားရေး သာယာဝပြောမှုနှင့်
တည်ငြိမ်မှုအတွက် ခရီးသွားလုပ်ငန်းသည် အရေးပါသည့် ကဏ္ဍတစ်ရပ်အဖြစ် ရပ်တည်နေပါကြောင်း။
အာဆီယံဒေသသို့ ၂၀၁၃ ခုနှစ်အတွင်း ကမ္ဘာလှည့်
ခရီးသည်ရောက်ရှိမှုကို ကြည့်မည်ဆိုလျှင် (၉၉ ဒသမ၂) သန်းကျော် ရှိခဲ့ပြီး (၁၁ ဒသမ ၇၃)
ရာခိုင်နှုန်း တိုးတက်မှုရှိလာ သည်ကိုတွေ့ရပါကြောင်း၊ အာဆီယံ ဒေသ အတွင်း အာဆီယံနိုင်ငံ
သားများ ခရီးသွားလာမှုသည်လည်း (၄၅ ဒသမ ၆) သန်းရှိခဲ့ပြီး စုစုပေါင်း ခရီးသည် ဝင်ရောက်မှုပမာဏ၏
(၄၆)ရာခိုင်နှုန်းရှိခဲ့သည်ကို တွေ့ရပါကြောင်း။
အာဆီယံခရီးသွားလုပ်ငန်းကဏ္ဍ၏ မကြာသေးမီနှစ်များအတွင်း
သိသာထင်ရှား သည့် ဖွံ့ဖြိုးတိုးတက်မှုများကို ဝမ်းမြောက် ဝမ်းသာစွာ မှတ်သားသိရှိရပါကြောင်း၊
ယင်းအာဆီယံ ဒေသတွင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်မှုသည်လည်း “အာဆီယံ အတွက်အာဆီယံ”
ဟူသည့် ဦးတည်ချက်ကို အထောက်အ ကူပြုလျက်ရှိပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် ၂၀၁၂ ခုနှစ်တွင် ခရီးသည်ဝင်ရောက်မှု
(၁) သန်းကျော် ခဲ့ပြီး ခရီးသွား လုပ်ငန်း ကဏ္ဍအနေဖြင့် မှတ်တိုင်တစ်ရပ် စိုက်ထူ နိုင်ခဲ့ပါကြောင်း၊ ၂၀၁၃ ခုနှစ်တွင်မူ တိုးတက်မှု (၉၃ ဒသမ ၀၄) ရာခိုင်နှုန်းနှင့်
အတူ ခရီးသည် (၂ ဒသမ ၀၄) သန်းကျော် ဝင်ရောက်ခဲ့ကာ မှတ်တိုင်တစ်ရပ် ထပ်မံစိုက် ထူနိုင်ခဲ့သည်ကို
မြင်တွေ့ခဲ့ရ ပါကြောင်း၊ ပြီးခဲ့သည့် ၂၀၁၄ တွင် တိုးတက်မှု (၅၁) ရာခိုင်နှုန်းနှင့်အတူ
ခရီးသည် (၃)သန်းကျော် ဝင်ရောက်ခဲ့ပါကြောင်း။
မိမိတို့အနေဖြင့် လက်ရှိတိုးတက်မှုနှုန်းကို
ဆက်လက်ထိန်းသိမ်း ထားနိုင်မည် ဆိုလျှင် ၂၀၁၅ ခှုနှစ်တွင် ကမ္ဘာလှည့်ခရီးသည် (၄ ဒသမ ၅)
သန်းခန့် ဝင်ရောက်မည် ဟု မျှော်မှန်းနိုင်ပါကြောင်း၊ ထို့ပြင် နိုင်ငံတကာ ခရီးသွားများအတွက်
တည်ငြိမ် အေးချမ်းမှုနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ကန့်သတ်မှုများကို ပိုမိုဖြေလျှော့ပေး
နိုင်သည်နှင့်အမျှ ၂၀၁၅ ခုနှစ်တွင် ခရီးသည် (၅) သန်းအထိ တိုးတက်ဝင်ရောက်နိုင် မည်ဖြစ်ပါကြောင်း။
ခရီးသွားလုပ်ငန်းသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု
အတွက် အဓိကမောင်းနှင် အားတစ်ရပ် ဖြစ်သကဲ့သို့ သက်ဆိုင်ရာနိုင်ငံ၏ ယဉ်ကျေးမှု၊ သဘာဝနှင့်
လူမှုစီးပွားဆိုင် ရာ ဆိုးကျိုးသက်ရောက်မှုများနှင့်လည်း နှီးနွှယ်ပတ်သက်နေပါကြောင်း။
ထို့ကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု
မျှတစေရေး၊ သဘာဝပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှုဆိုင်ရာ ရေရှည် တည်တံ့ခိုင်မြဲရန် အောင်မြင်စွာ
ဆောင်ရွက်ရေးစသည့် ရည်ရွယ်ချက်များဖြင့်“တာဝန်သိခရီး
သွားလုပ်ငန်း မူဝါဒ”နှင့် “မြန်မာနိုင်ငံခရီးသွားလုပ် ငန်းတွင်
လူမှုအဖွဲ့အစည်းများ ပါဝင်ဆောင်ရွက်ရေးမူဝါဒ”
များကို ပြည်ပမိတ်ဖက် အဖွဲ့အစည်းများအကူအညီဖြင့် ပြဌာန်းနိုင်ခဲ့ ပါကြောင်း။
မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ပင်မစီမံကိန်း
(၂၀၁၃-၂၀၂၀)ကို နော်ဝေအစိုးရနှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့၏ အထောက်အပံ့ဖြင့် ရေးဆွဲပြဌာန်းခဲ့ပါကြောင်း၊
အဆိုပါပင်မ စီမံကိန်းသည် ခရီးသွားလုပ်ငန်းမှ
စီးပွားရေးနှင့် လူမှုရေးအကျိုးအမြတ်များ ညီတူ ညီမျှ ပေးစွမ်းနိုင်စေရန်၊ အလုပ်အကိုင်
အခွင့်အလမ်းရရှိရန်နှင့် ဝင်ငွေတိုးပွား ရရှိစေရန် တို့တွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း
ရေရှည်တည်တံ့ဖွံ့ဖြိုးရေးအတွက် လမ်းပြမြေပုံ တစ်ရပ်လည်း ဖြစ်ပါကြောင်း။
အစိုးရ၊ ပုဂ္ဂလိကနှင့် ပြည်သူအများ၏ပူးပေါင်းဆောင်ရွက်မှု
ရလဒ် အနေဖြင့် မြန်မာနိုင်ငံသည် ယခုအခါတွင် ကမ္ဘာ့အလယ်၌ ခရီးစဉ်ဒေသ တစ်ခုအဖြစ် ပေါ်ထွက်လာပြီး
၂၀၁၄ ခုနှစ်အတွက် Lonely Planet Magazine က ပေးအပ်သည့် “Best in Travel AEC
Country Award 2014” ကို ရရှိခဲ့ပါကြောင်း။
ယနေ့ကျင်းပပြုလုပ်ပြီးခဲ့သည့် အစည်းအဝေးများနှင့်
ဆွေးနွေးညှိနှိုင်းမှုများ မှ အာဆီယံနှင့် ဆွေးနွေး ဖက်နိုင်ငံများနှင့် အဓိကခရီးသွား
ဈေးကွက်များအကြား အကျိုး ရှိပြီး ရလဒ်ကောင်းများ ထွက်ပေါ်စေမည့်အပြင် ပိုမိုကျယ်ပြန့်သည့် ချိတ်ဆက်မှုများ ရရှိလိမ့်မည်ဟု
မိမိ ယုံကြည်မိပါကြောင်းဖြင့် ပြောကြားပြီး အာဆီယံခရီးသွား လုပ်ငန်းဖိုရမ် ၂၀၁၅ အခမ်းအနားကို
ဖွင့်လှစ်ပေးသည်။
ထို့နောက် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်
အထွေထွေအတွင်းရေးမှူးချုပ် H.E. Dr. Taleb Rifai က ဂုဏ်ပြုဝမ်းမြောက်စကားပြောကြားသည်။
ယင်းနောက် Lonely Planet Traveller မှ
Editor in Chief ဖြစ်သူ Mr. Rathasiam Sinlahun က ၂၀၁၄ခုနှစ် အတွက် Best in Travel
AEC Country ဆုကို မြန်မာနိုင်ငံအား ပေးအပ်ချီးမြှင့်ရာ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က
လက်ခံရယူ သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က
Best ASEAN Marketing and Promotional Campaign ဆုရရှိသည့် Datuk. Dr. Ong Hong
Peng ၊ Best ASEAN Cultural Preservation Effort ဆုရရှိသည့် Ms. Regina Lopez ၊
Best ASEAN Travel Article ဆုရရှိသည့် Ms. Desiree Bandal တို့အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် တာဝန်ရှိသူများက Best ASEAN
Conservation Effort ဆုနှင့် Best ASEAN Airline Programme ဆု ရရှိကြသူများအား ဂုဏ်ပြုဆုများ
ပေးအပ် ချီးမြှင့် ကြသည်။
ညပိုင်းတွင် နိုင်ငံတော်သမ္မတက အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်
၂၀၁၅ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် လာကြသည့် ဧည့်သည်တော်များအား မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန -၂
၌ ညစာစားပွဲဖြင့်တည်ခင်းဧည့်ခံခဲ့သည်။
ညစာသုံးဆောင်နေစဉ်နှင့် မသုံးဆောင်မီတွင် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အနုပညာရှင်များက တေးသံ သာများဖြင့်
ဧည့်ခံဖျော်ဖြေကြသည်။
အာဆီယံ ခရီးသွားလုပ်ငန်းဖိုရမ် ၂၀၁၅ ကို မြန်မာနိုင်ငံက
အိမ်ရှင်အဖြစ် နေပြည်တော်ရှိ မြန်မာ အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁)၌ ၂၀၁၅
ခုနှစ် ဇန်န၀ါရီ (၂၉)ရက် အထိ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရ သည်။




No comments:
Post a Comment