ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း သည်
ယနေ့ ညနေ ၆ နာရီခွဲတွင် ရန်ကုန်မြို့ ကမ္ဘာအေး ဘုရား လမ်းရှိ ဆီဒိုနားဟိုတယ်၌ ကျင်းပသော
(၆၆) နှစ်မြောက် အိန္ဒိယသမ္မတနိုင်ငံ အမျိုးသားနေ့
အထိမ်းအမှတ် ဧည်ခံပွဲ အခမ်းအနားသို့ တက်ရောက်
ချီးမြှင့် သည်။
အဆိုပါအခမ်းအနားသို့ ဒုတိယသမ္မတနှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး
မြင့်စိုးနှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊
ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင် ၊ ဒုတိယ ဝန်ကြီးများ၊ ရန်ကုန်မြို့ ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊
စစ်သံမှူးများနှင့် သံရုံးတာဝန်ရှိသူများ၊ ကုလ သမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ ဌာနေ
ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြား
ထားသူ များ တက်ရောက် ကြသည်။
ရှေးဦးစွာ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr.Gautan
Mukhopadhaya တို့က စင်မြင့်၌ နေရာယူပြီး အိန္ဒိယ-မြန်မာ
နှစ်နိုင်ငံ၏ နိုင်ငံတော် သီချင်း များ ဖွင့်၍ အလေးပြုကြသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ
သမ္မတနိုင်ငံ သံအမတ်ကြီးက နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ဆက်လက်၍ ဒုတိယသမ္မတ နှင့် အတူ သံအမတ်ကြီးများ၊
စစ်သံမှူးများ ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ တာဝန် ရှိသူများစုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံ
ရိုက်ကြသည်။
ယင်းနောက် အိန္ဒိယသမ္မတနိုင်ငံ မဏိပူရ ပြည်နယ်မှ
မစ္စဟီမိုလာတာဒေဝီ ဦးဆောင်သည့် ယဉ်ကျေးမှုအဖွဲ့က အဆို အကများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး
အခမ်းအနားမှူးများက ကျေးဇူးတင်စကားပြောကြားသည်။

No comments:
Post a Comment