တာချီလိတ်၊
ဇန်နဝါရီ ၁၃
လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးတပ်ဖွဲ့၊ တပ်စိတ်(၁)ရုံးတာချီလိတ်သို့
ရန်အောင်မြေရပ်ကွက်နေ ဦးကြည်ဝင်းမောင်က ဦးဖြိုးဇော်ဟိန်း၏ သားဖြစ်သူ ကောင်းမြတ်ဟိန်း
အသက် (၂) နှစ်အား အမျိုးသားတစ်ဦးက ခိုးယူသွားသဖြင့် ကူညီစုံစမ်း
ရှာဖွေပေး ရန် ဇန်နဝါရီ
၁၂ ရက် ညနေ ၄ နာရီက အကူအညီ တောင်းခံလာခဲ့ရာ ပျောက်ဆုံးသွားသော ကလေးငယ်ဓာတ်ပုံနှင့်
ကလေးငယ်နှင့် ပတ်သက်သည့် အချက်အလက်များကို မယ်ယန်းပူးပေါင်းဂိတ် တာဝန်ကျ ရဲအုပ်မင်းအောင်နှင့်
အဖွဲ့အား ပေးပို့ကာ ရဲတပ်ဖွဲ့ဝင်များ၊ ရွှေတိဂုံရင်ပြင်မှ ဓာတ်ပုံဆရာများနှင့် တက္ကစီအဖွဲ့တို့ဖြင့်
တာချီလိတ်မြို့ တွင်း ဖြန့်ခွဲရှာဖွေခဲ့သည်။
မယ်ခေါင်ရပ်ကွက်ရှိ သဲဆိပ်မှ တစ်ဆင့်ထိုင်းနိုင်ငံ
မယ်ဆိုင် ဘက်ကမ်းသို့ ကူးသန်းသွားကြောင်း သတင်း ရရှိသဖြင့် မယ်ဆိုင် BCATIP အဖွဲ့ဝင်များ၊
မယ်ဆိုင်ရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းရှာဖွေစဉ် မယ်ဆိုင်မြို့ပီယာဖောင်းရပ်ကွက်၊
မုန်တိုင်း တံတားအနီးတွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသား အလုပ် သမားများက ယင်းကလေးငယ်ကို
ခိုးယူခေါ်ဆောင် သွားသူ စောဝေဖြိုးအောင် အားဝိုင်းဝန်း ဖမ်းဆီးရမိခဲ့ပြီး လူကုန်ကူးမှု
တားဆီးနှိမ်နင်းရေး တပ်ဖွဲ့သို့ ခေါ်ဆောင်စစ်ဆေးခဲ့သည်။
၎င်းသည် မွန်းလွဲ ၁ နာရီက တာချီလိတ်ရွှေတိဂုံဘုရား၌
အမှတ်တရ ဓာတ်ပုံရိုက်နေစဉ် ဘုရားရင်ပြင်ပေါ် ၌ ပြေးဆော့ကစား နေသော အသက်နှစ်နှစ် ခန့်အရွယ်
ကလေးငယ်တစ်ဦးကို မြင်တွေ့ခဲ့သဖြင့် ချော့မော့ခေါ်ဆောင် ခိုးယူခဲ့ပြီး ထိုင်းနိုင်ငံ
မယ်ဆိုင်မြို့သို့ သွားရောက်ရန် ဘုရားအောက်ရှိ တက္ကစီ ဆိုင်ကယ်ဖြင့် မဟာဟိုခမ်းရပ်ကွက်ရှိ
သဲဆိပ်ရေဆိပ်သို့ သွားရောက်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့၍ အရွယ်မရောက်သေးသောကလေးသူငယ်အား
ခိုးယူခေါ်ဆောင်သွား သူ စောဝေဖြိုးအောင် (၃၄) နှစ်၊ ရုံးကြီးကွက်သစ်၊ (၂)လမ်း၊ ဘားအံမြို့နေသူအား
တာချီလိတ်မြို့မရဲစခန်းက (ပ)၁၄/၂ဝ၁၅၊ လကက ၂၄ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
No comments:
Post a Comment