စစ်တွေ ဇန်န၀ါရီ
၂၀
ရခိုင်ပြည်နယ်အတွင်းရှိ
အသက်(၁၀၀)နှင့်အထက် အဘိုးအဘွားများအား နိုင်ငံတော်သမ္မတမှ ပေးအပ်ချီးမြှင့်
သော ဂုဏ်ပြုလွှာနှင့်ထောက်ပံ့ငွေ ပေးအပ်ချီးမြှင့်သည့်အခမ်းအနားကို
ဇန်န၀ါရီ ၂၀ ရက် နံနက် ၁၀ နာရီက စစ်တွေ မြို့
ဦးဥတ္တမခန်းမ၌ကျင်းပရာ
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊
ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊
လူမှုရေးအသင်းအဖွဲ့များ၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှ သင်တန်းသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများတက်ရောက်ကြသည်။
ရှေးဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်
ဦးမောင်မောင်အုန်းက ဂုဏ်ပြုအမှာစကားပြောကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်
ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးတို့က နိုင်ငံတော်သမ္မတမှ ပေးအပ်ချီးမြှင့်သော ဂုဏ်ပြု
လွှာနှင့် ထောက်ပံ့ငွေများ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှလှူဒါန်းသည့် အသုံးအဆောင်ပစ္စည်းများအား
အခမ်းအနားသို့ တက်ရောက်သည့် အသက်(၁၀၀)နှင့်အထက် အဘိုးအဘွား(၇)ဦးအား ပေးအပ်ချီးမြှင့်ပြီး
အခမ်းအနားသို့ မတက် ရောက်နိုင်သည့် မြို့နယ်အသီးသီးမှ အဘိုးအဘွား(၁၂)ဦးအတွက်
ဂုဏ်ပြုလွှာနှင့် ထောက်ပံ့ငွေများ၊ အသုံးအဆောင် ပစ္စည်းများအား သက်ဆိုင်ရာကိုယ်စားလှယ်များနှင့်
မိသားစုဝင်များသို့ ပေးအပ်ချီးမြှင့်သည်။ ထို့နောက် ပြည်နယ် ၀န်ကြီးချုပ်နှင့် ဧည့်သည်တော်များက
အဘိုးအဘွားများအား ပူဇော်ကန်တော့ကြကြောင်းသိရှိရသည်။
No comments:
Post a Comment