Wednesday, January 21, 2015

(၆၈)နှစ်မြောက်ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အသက်(၂၃)နှစ်အောက် မြို့နယ်ဖွံ့ဖြိုးရေးကော်မတီ ဥက္ကဌ ဖလားဘောလုံးပြိုင် တနင်္သာရီ၌ ကျင်းပ

ထားဝယ် ဇန်နဝါရီ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူ ၏အစီအစဉ်ဖြင့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွန်းလာစေရန်၊ စိတ်ကို ပြောင်းလဲရူးသွပ်စေနိုင်သော မူးယစ်ဆေးဝါးကဏ္ဍများ ပပျောက်၍ ခရိုင် အဆင့်/တိုင်း အဆင့်ပြိုင်ပွဲများ၌် ယခင်နှစ်များနည်းတူ အောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်းနိုင်စေရန် ရည်ရွယ်လျက် (ဒုတိယအကြိမ်) မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဌဖလား အသက်(၂၃) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ(၁၈)ရက်နေ့ မွန်းလွဲ(၃း၃၀)အချိန် မြို့မ အားကစားကွင်း အတွင်း၌ ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူက အေးချမ်း ချစ်ကြည် ရင်းနှီးစွာယှဉ်ပြိုင် အဖွင့်မှာစကားပြောကြားပြီး မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကုပြုကော်မတီ ဥက္ကဌ ဦးရဲထွန်းလွင် မှကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြခဲ့သည်။




ထိုနောက်မြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာန နည်းပညာမှူးဦးဝင်းဇော် ဦးဆောင်၍ ကျေးရွာအုပ်စုပေါင်းစုံ ဘောလုံးအသင်း(၂၀)တို့မှ အားကစားသမားများက အားကစားသစ္စာအဓိဌာန်ကို ရွတ်ဆိုကြပြီး အထကတနင်္သာရီ ကျောင်းသူ/သားများ အဖွဲ့မှ သွေးချင်းတို့ဌာနေ မြန်မာပြည် တေးသီချင်းဖြင့် တေးသရုပ်ဖော်ကပြဖော်ဖြေကြ၍ ဘောလုံးပြိုင်ပွဲကို အုပ်စုအလိုက် ယှဉ်ပြိုင်ကစားကြပြီး နောက်ဆုံးဆုချီးမြှင့်ပွဲကို ၂၀၁၅-ခုနှစ်၊ ပြည်ထောင်နေ့ အခမ်းအနား ၌် ထိုက်တန်စွာ ဆုချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment