ပင်းတယ ဇန်နဝါရီ ၂၀
ရှမ်းပြည်နယ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
ပင်းတယမြို့ “ဓနုမြေဘိုးဘွားရိပ်သာ” ဖွင့်ပွဲအခမ်းအနား အား ဇန်နဝါရီ (၂၀)ရက် နံနက်ပိုင်းတွင်
ကျင်းပပြုလုပ်ရာ လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်း ကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်
ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးထူးကိုကိုနှင့် ဦးစီးအဖွဲ့ဝင်များ၊ လွှတ်တော်
ကိုယ်စားလှယ်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်များမှ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊
လူမှုရေး အသင်းအဖွဲ့များ စေတနာရှင် အလှူရှင်များ ဓနုတိုင်းရင်းသား/ တိုင်းရင်းသူများ
စုစုပေါင်း အင်အား (၅၀၀)ဦး တက်ရောက်သည်။
ရှေးဦးစွာ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက
ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြည်ထောင်စုဝန်ကြီးက ဓနုမြေ ဘိုးဘွားရိပ်သာ ဆိုင်းဘုတ်အား
စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးသည်။ ထို့နောက် ကမ္ဗည်းမော်ကွန်းအား နံ့သာရည် များဖြင့် ပက်ဖျန်းပေးပြီး
အဘိုးဆောင်၊ အဘွားဆောင်တို့အား လှည့်လည်ကြည့်ရှု၍ အသုံးအဆောင် ပစ္စည်းများလှူဒါန်းသည်။
အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင်
ဝန်ကြီးဌာနအနေဖြင့် ပင်းတယမြို့ ဓနုမြေ ဘိုးဘွားရိပ်သာတည်ဆောက်ရန် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ
အတွင်းမှာ သိန်း(၅၀၀)ကျပ် နှင့် သွပ်အချပ်(၅၀)၊ သာမာန်အချိန်၌ ဓမ္မာရုံအဖြစ်အသုံးပြုပြီး
သဘာဝဘေးကျရောက်ပါက ခိုလှုံရာ အဆောက်အဦ အဖြစ် အသုံးပြုရန်အတွက် ၂၀၁၄ ခုနှစ် စက်တင်ဘာ
အတွင်းမှာ သိန်း(၂၀၀)ကျပ် စုစုပေါင်း သိန်း(၇၀၀) ကျပ်ကို ခရီးစဉ်အတွင်းမှာ လှူဒါန်းခဲ့ပါကြောင်း၊
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း အကောင် အထည်ဖော် ဆောင်ရွက်ရန်နှင့် နိုင်ငံတော်ကို
ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ
တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနေခြင်း ဖြစ်တဲ့အပြင် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို
တတ်အားသမျှ ဆောင်ရွက်နေခြင်းပဲဖြစ်ပါကြောင်း၊ ဆက်လက်ပြီးတော့လည်း ဓနုမြေဘိုးဘွားရိပ်သာကို
ဝန်ကြီးဌာနမှ ပထမအဆင့် ဘိုးဘွားရိပ်သာအဖြစ် အသိအမှတ်ပြုပေးပြီး နည်းပညာနှင့် ထောက်ပံ့ငွေတို့ကို
နှစ်စဉ်ထောက်ပံ့ သွားမှာလည်းဖြစ်ပါကြောင်း စသည်ဖြင့်ပြောကြားသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် ဦးစီးဥက္ကဋ္ဌတို့က
နှုတ်ခွန်းဆက်စကားပြောကြားသည်။ ထို့နောက် ဦးအောင်ဇော်မြင့်+ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်
ပြည်ထောင်စုဝန်ကြီးမိသားစုမှ ရာသက်ပန်ငွေပဒေသာပင် (၁၀)သိန်းကျပ် အပါအဝင် အလှူရှင်များမှ
စုစုပေါင်း သိန်း(၄၀၀)ကျပ်ခန့်အား လှူဒါန်းရာ သက်ဆိုင်သူများမှ လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းများအား
ပြန်လည်ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရေချမ်းစင်ကျေးရွာသို့
သွားရောက်၍ အဘွားဒေါ်ပေါ်၊ အသက်(၁၀၃)နှစ်ကို နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် လက်မှတ်ရေးထိုးထားသော
ဂုဏ်ပြုလွှာနှင့် နိုင်ငံတော် သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ၏
ချီးမြှင့်ငွေ(၂၅)ရာခိုင်နှုန်းမှ ထောက်ပံ့ငွေ(၂)သိန်းကျပ်အား နိုင်ငံတော်ကိုယ်စားပေးအပ်ကာ
အဘွားနှင့် မိသားစုဝင်များအား ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားသည်။
ထို့နောက် ရွာငံမြို့သို့ရောက်ရှိပြီး
အမျိုးသမီးအိမ်တွင်းမှုလုပ်ငန်းပညာသင်ကျောင်း တည်ဆောက်မည့် မြေနေရာအား ကြည့်ရှုခဲ့ပါကြောင်း
သိရှိရသည်။


No comments:
Post a Comment