Monday, January 26, 2015

စဥ့်ကိုင်မြို့နယ်တွင် အသက်(၁ဝဝ)ကျော် အဘိုးအား ထောက်ပံ့လှူဒါန်း

စဥ့်ကိုင် ဇန်နဝါရီ ၂၅
မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ် ရှမ်းကန်တောင်ရွာနေ အသက်(၁ဝဝ)ကျော်အရွယ်ရှိ အဘိုး ဦးအောင်သိန်းအား ဇန်နဝါရီ ၂ဝ ရက်တွင် ကျောက်ဆည်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းစိုးတို့က ထောက်ပံ့ အလှူငွေ ကျပ် နှစ်သိန်းနှင့် နိုင်ငံတော်သမ္မတ ကိုယ်တိုင် လက်မှတ်ရေးထိုးထားသော ဂုဏ်ပြုခံသက်ကြီးဝါကြီး ပုဂ္ဂိုလ်အဖြစ် ဂုဏ်ယူစွာ အသိအမှတ်ပြုသည့် ဂုဏ်ပြုမှတ်တမ်းလွှာတို့ကို ထပ်ဆင့်ပေးအပ်ခဲ့ကြောင်း သိရသည်။


အဘိုးဦးအောင်သိန်းကို စဥ့်ကိုင်မြို့နယ် ရှမ်းကန်တောင်ရွာ၌ပင် အဘဦးဖိုသီ၊ အမိဒေါ်ဖွားအိမ်တို့မှ ၁၉၁၄ ခုနှစ် နိုဝင်ဘာ ၂၁ ရက်တွင် မွေးဖွားခဲ့သည်။ မွေးချင်းငါးဦးအနက် အငယ်ဆုံးသားဖြစ်သည်။ အဘိုး ဦးအောင်သိန်း သည် သားသမီး ၁၄ ဦးမွေးဖွားခဲ့ပြီး ယခုအချိန်တွင် ၁၂ ဦး မြောက် သမီးဒေါ်ရင်မေ (အထက်တန်းပြ ဆရာမ)နှင့်အတူ ရှမ်းကန်တောင်ရွာတွင် နေထိုင်လျက်ရှိသည်။ ယခုအချိန်အထိ ကျန်းမာရေးကောင်းပြီး စာများဖတ် နိုင်ကာ နိုင်ငံတော်သမ္မတ၏ ဂုဏ်ပြုမှတ်တမ်းလွှာကို လာရောက်ကန်တော့ သူများအား ဖတ်ပြနိုင်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment