Monday, January 26, 2015

သွားလာမှုအဆင်ပြေစေရေး အလုပ်ရုံဆွေးနွေးပွဲ၌ ကျောင်းကားစနစ်ထူထောင်ရေး ဆွေးနွေး

ရန်ကုန် ဇန်နဝါရီ ၂၅
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကကြီးမှူးကျင်းပသော အများပြည်သူသွားလာမှု အဆင်ပြေချောမွေ့စေရေး အလုပ် ရုံဆွေးနွေးပွဲ အတွင်း၌ ကျောင်းသားကျောင်းသူ ကလေးငယ်များ သွားလာမှု အဆင်ပြေ လွယ်ကူစေရေး အတွက် ကျောင်းကားစနစ် ထူထောင်ရေးဆိုသည့် ခေါင်းစဉ်လည်း ပါဝင်ဆွေးနွေးလာကြောင်း မထသ(ဗဟို)မှ သိရသည်။


မထသ(ဗဟို)မှ ဥက္ကဋ္ဌ ဦးလှအောင်က ''ရန်ကုန်မြို့ကကျောင်းတွေကို ပြန်လေ့လာကြည့်မယ်ဆိုရင် တစ်ချိန်တုန်းကနဲ့ အခုပြောင်းလဲလာ တဲ့အနေအထားမတူတော့ဘူး။ ဥပမာ ကုက္ကိုင်းလမ်းဆုံဆို ကျောင်းနှစ် ကျောင်းက ဆက်နေ တယ်။ ကျောင်းကားတွေ အတွက် ညနေဆို ယာဉ်ထိန်းရဲတွေကလည်း ရှင်းပေးနေပါတယ်။ အဲ့ဒီတော့ ဒီကျောင်း ကားစနစ်အတွက် တစ်ဦးချင်းတစ် ယောက်ချင်းသွားတာတွေကို တားမြစ်ခြင်းကတစ်ပိုင်း၊ နောက်တစ်ပိုင်းက ဒီလိုအစုအဖွဲ့ အလိုက်သွားခြင်းမှာ စည်းမျဉ်းစည်းကမ်းနဲ့ယာဉ်အမျိုးအစားများသတ်မှတ်ပြီး သယ်ဆောင်ခြင်းကတစ်ပိုင်းပေါ့။ အဲ့တော့စဉ်းစားတဲ့ အခါမှာ အခြားနိုင်ငံများလို ကျောင်းကား စနစ်ဖော်ဆောင် သင့်တဲ့အပြင် ယာဉ်ကြော ကျပ်တည်းမှုများနဲ့ ကျောင်းသား ကလေးငယ်တွေရဲ့ အန္တရာယ် လုံခြုံချောမွေ့ စေရေးအတွက်ကိုပဲ အလုပ်ရုံဆွေးနွေးပွဲမှာ ဆွေးနွေးခဲ့ကြတာပါ'' ဟု ဇန်နဝါရီ ၂၁ ရက်ကကျင်းပခဲ့သော (၈၃) ကြိမ် မြောက် မီဒီယာတွေ့ဆုံပွဲ၌ ပြောကြားခဲ့သည်။
''လာမယ့် ပညာရေးစနစ်မှာ ကျောင်းကားကြို/ပို့ ကိစ္စကိုလုပ်မယ် ဆိုပြီးတော့လည်း ကျွန်တော် မဆွေးနွေးထားပါဘူး။ အခြေအနေကိုသုံးသပ်ပြောကြားလိုက်တာပဲရှိတာပါ။ ဒါကလည်း ဘယ်ကစခဲ့လဲဆိုတော့ မနှစ်က နိုဝင်ဘာ ၁ ရက်မှာကျင်းပခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့က ကြီးမှူးဆောင်ရွက်တဲ့ အများ ပြည်သူသွားလာမှု အဆင်ပြေချော မွေ့စေရေး အလုပ်ရုံဆွေးနွေးပွဲမှာ ကျောင်းကားစနစ် ထူထောင်ရေးနှင့် ဘတ်စ်ကားအများ ပိုင်စနစ်ထူထောင် ရေးဆိုတာပါပါတယ်'' ဟု ၎င်းကပြောသည်။
အလုပ်ရုံ ဆွေးနွေးပွဲ၌လည်း ဘတ်စ်ကားအများပိုင်စနစ် ထူထောင်ရေးအတွက် ဦးစားပေးဆွေးနွေးခဲ့ သောကြောင့် အဆိုပါ ကျောင်းကား စနစ်ထူထောင်ရေးအတွက် ဆက်လက်မဆွေးနွေးဖြစ်ခဲ့ကြောင်း၊ အကောင် အထည်ဖော်ဆောင်ရွက် မှုအပိုင်းအရ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး၊ လူမှုရေးဝန်ကြီးအပါအဝင် အဖွဲ့များက ရန်ကုန်မြို့ရှိကျောင်းများကို လိုက်လံ တွေ့ဆုံဆွေးနွေးခဲ့ကြ ကြောင်း၊ ထို့အပြင် ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ် မှု ကော်မတီမှတာဝန်ပေးချက်အရ မထသ (ဗဟို)မှ ဒုတိယဥက္ကဋ္ဌဦးဆောင်သော ပညာပေးရေးနှင့်စည်းကမ်း သတ်မှတ် ရေးဆပ်ကော်မတီကလည်း ကျောင်းများ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ကျောင်းများအပါအဝင် အားလုံးပေါင်း စပ်ပြီး ဆွေးနွေးကြရမည်ဖြစ်ကြောင်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှာ လူအများနှင့်ဆက်စပ် ပတ်သက်နေသည့် အတွက် ဆောင်ရွက်ပြီးမြောက် အောင်မြင်ရန် ခန့်မှန်းရခက်ကြောင်း မထသ(ဗဟို)မှ သိရသည်။
လက်ရှိ ရန်ကုန်မြို့တွင်း ကျောင်းများအတွက် ပြေးဆွဲပေးနေသော ကျောင်းကားများကို အဆင့်မြင့် ကျောင်းကားများဖြင့် အစားထိုး သယ်ယူပို့ဆောင်ပေးပါက ကျောင်းသား ကျောင်းသူကလေးငယ်များအတွက် အန္တရာယ်ကင်းရှင်း လုံခြုံချောမွေ့ လာနိုင်စရာ အကြောင်းရှိကြောင်း ကျောင်းသားမိဘအချို့ထံမှ စုံစမ်းကြား သိရသည်။

No comments:

Post a Comment