ရန်ကုန် ဇန်နဝါရီ ၂၀
အမျိုးသားစာကြည့်တိုက်ခွဲ
(ရန်ကုန်) ဖွင့်လှစ်ခြင်းအခမ်းအနားကို အမျိုးသားပြတိုက် ပထမထပ် ရှိ ဘက်စုံ ခန်းမ၌ ယနေ့
(၂၀-၁-၂၀၁၅) ရက်နေ့တွင် ဖွင့်လှစ်လိုက်သည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့
ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်
ဦးမြင့်ဆွေ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့် ရန်ကုန်တိုင်းဒေသ ကြီး လူမှုဝန်ရေးဝန်ကြီး
ဒေါက်တာမြင့်သိန်း ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီး ဒေါ်စန်းစန်းနွယ် ရန်ကုန်မြို့ရှိ
အာဆီယံနိုင်ငံ များမှ သံအမတ်ကြီးများ စာကြည့်တိုက်ပညာရှင် ကြီးများ၊ စာကြည့်တိုက်မှူးများနှင့်
အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ကြသည်။
ဖွင့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးမြင့်ဆွေက အဖွင့်မိန့်ခွန်းပြောကြားပြီး ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးအေးမြင့်ကြူက အမှာစကားပြောကြားကာ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့် တိုက် ဦးစီးဌာနမှ
ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က အမျိုးသားစာကြည့်တိုက်ခွဲ (ရန်ကုန်) ဖွင့်လှစ်ရ
ခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပါသည်။
ယင်းနောက် အမျိုးသားစာကြည့်တိုက်ခွဲ
(ရန်ကုန်) ကို ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့်ကြူ၊ ရန်ကုန်တိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးမြင့်ဆွေ နှင့် ရန်ကုန်တိုင်းဒေသ ကြီး ဘဏ္ဍာရေးဝန်ကြီး ဒေါ်စန်းစန်းနွယ်တို့က
ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စာကြည့်တိုက်အတွင်း စာအုပ်စာနယ်ဇင်းများ၊ Online
Public Access Catalogue စာအုပ်များအသုံးပြုမှုနှင့် ကလေး စာဖတ်ခန်းတို့ကို လှည့်လည်ကြည့်ရှုကြပါသည်။
အမျိုးသားစာကြည့်တိုက်ကို
နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် အသီးသီး ဖွင့်လှစ်ထား ပြီးဖြစ်ပါသည်။ ယခု အမျိုးသားစာကြည့်တိုက်ခွဲ
(ရန်ကုန်) သည် အမျိုးသားစာကြည့်တိုက်များရှိ စာစုများကို အလွယ်တကူ လာရောက်၍ ဖတ်ရှုလေ့လာနိုင်ရန်အတွက်
သွားလာရေးအခက်အခဲ မရှိဘဲ မြို့တွင်းသွားလာရေး အဆင်ပြေ သည့် ပြည်လမ်းမပေါ်ရှိ အမျိုးသားပြတိုက်
ပထမထပ်တွင် ဖွင့်လှစ်ထားသည်ဖြစ်၍ စာကြည့်တိုက် အသုံးပြုသူ များအတွက် ပိုမိုအဆင်ပြေမည်ဖြစ်ပါသည်။
ထို့ပြင် ဒုတိယထပ်တွင် ကလေးစာဖတ်ခန်းကိုပါ ဖွင့်လှစ်ထား သဖြင့် ကျောင်းသူ/ကျောင်းသား
လေးများပါ အလွယ်တကူ လာရောက်ဖတ်ရှု လေ့လာနိုင်ပါသည်။
အမျိုးသားစာကြည့်တိုက်ခွဲ
(ရန်ကုန်) ကို အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဉ် နံနက် (၁၀:၀၀) နာရီမှ ညနေ (၄:၀၀)
နာရီအထိ ဖွင့်လှစ်မည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။


No comments:
Post a Comment