နေပြည်တော် ဇန်နဝါရီ ၂၀
၂၀၁၅ ခုနှစ် ဇန်နဝါရီလ(၁၄)ရက်နေ့တွင်
ကေအိုင်အေရင်း(၆)လက်အောက်ခံ စစ်ကြောင်း တစ်ကြောင်းမှ ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး
ဦးကမန်းဒူးနော်နှင့် လုံခြုံရေး လိုက်ပါလာသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် (၃) ဦးအား
ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဝန်ကြီးအား ပြန်လွှတ်ပေး ခဲ့သော်လည်း ရဲ (၃) ဦးထံမှ လက်နက်များ
သိမ်းဆည်းကာ လက်ထိပ်ခတ်လက်ပြန်ကြိုးတုတ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားမှု ဖြစ်ပွားခဲ့သည်။
၎င်းဖြစ်စဉ်ကြောင့် ရဲတပ်ဖွဲ့ဝင်(၃)ဦးအား
ဖမ်းဆီးခေါ်ဆောင်သွားသည့် ကေအိုင်အေ ရင်း (၆) ဌာနချုပ် နယ်မြေ သို့ နယ်မြေခံတပ်မတော်စစ်ကြောင်းများက
လိုက်လံရှင်းလင်းခဲ့သည်။ ဇန်နဝါရီလ(၁၅)ရက် နံနက်ပိုင်း တွင် ကေအိုင်အေရင်း (၆) မှ အင်အားများဖြန့်ခွဲလျက်ရှိသည့်
ကျွန်းတော အောင်ဘာလေလမ်းဆုံ၊ အောင်ဘာလေ ကျေးရွာအနီးရှိ ကာကင်းနေရာများအား ရှင်းလင်းခဲ့ပြီး
အောင်ဘာလေရွာသို့ ဝင်ရောက်ခဲ့ သည်။
၎င်းအချိန်တွင် ကျေးရွာသူ/သားများသည်
ထွက်ပြေးတိမ်ရှောင်မှုမရှိဘဲ ကျေးရွာအတွင်း နေထိုင်လျက် ရှိကြောင်း တွေ့ရှိရသဖြင့် နယ်မြေခံစစ်ကြောင်း၏
တပ်ရင်းမှူးမှ ဘောင်ဘာလေကျေးရွာ ခရစ်ယာန်ဘုရားရှိခိုး ကျောင်း၌ ရွာသူ/သားများ တွေ့ဆုံပြီး
အားပေးစကားပြောကြားခဲ့သည်။
မိမိတပ်မတော် စစ်ကြောင်းတစ်ကြောင်းသည်
အောင်ဘာလေကျေးရွာ၏ အရှေ့ဘက်မီတာ ၆၀၀ခန့်အကွာသို့ ရောက်ရှိစဉ် ကေအိုင်အေ (ကချင်) အဖွဲမှ
အင်အား ၁၅ဦးခန့်သည် စောင့်ကြိုတိုက်ခိုက်ခဲ့သဖြင့် ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး လိုက်လံရှင်းလင်းရာ
ပွိုင့်-၅၂၂ တောင်ကုန်း၌ ကေအိုင်အေအင်အား ၃၀ဦးခန့်နှင့် ထပ်မံထိတွေ့မှု ဖြစ်ပွားခဲ့သည်။
ဇန်နဝါရီလ (၁၆) ရက်နေ့တွင်
ဆက်လက်၍ နယ်မြေရှင်းလင်းခဲ့ရာ ပွိုင့်-၆၇၁ အနီးရောက်ရှိစဉ် ကေအိုင်အေ (ကချင်) အဖွဲ့မှ
အင်အား ၃၀ ခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကေအိုင်အေ (ကချင်) အဖွဲ့သည် အရှေ့မြောက်ဘက်သို့
ဆုတ်ခွာသွားခဲ့ပါသည်။
ဇန်နဝါရီလ (၁၇) ရက်နေ့
နံနက်ပိုင်းတွင် ပွိုင့်-၆၇၁ အနီး အခြေပြုနေသော တပ်မတော် စစ်ကြောင်းအား ကေအိုင်အေ (ကချင်)
အဖွဲ့အင်အား ၃၀ဦးခန့်မှ တိုက်ခိုက်လာသဖြင့် မိမိတပ်မတော် စစ်ကြောင်းမှ ပြန်လည် တိုက်ခိုက်ရာ
အရှေ့ဘက်သို့ ဆုတ်ခွာသွားခဲ့သည်။
ဇန်နဝါရီလ ၁၈ ရက်နေ့တွင်
ပွိုင့်-၆၇၁ မှ ဆက်လက်ရှင်းလင်းရာ ပွိုင့်-၇၀၉ အနီးသို့ ရောက်ရှိစဉ် ကေအိုင်အေ (ကချင်)အဖွဲ့
အင်အား ၅၀ ဦးခန့်မှ စောင့်ကြိုတိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၎င်းဖြစ်စဉ်တွင်
KIဗ (ကချင်) အဖွဲ့ထံမှ လက်နက်ခဲယမ်း အချို့နှင့် ဆက်သွယ်ရေးစက်များ၊ အခြားပစ္စည်းများ
သိမ်းဆည်း ရမိခဲ့ သည်။
တစ်ချိန်တည်းမှာပင်
ဇန်နဝါရီလ ၁၅ ရက်နေ့တွင် လုံးတုံနယ်မြေရှိ နယ်မြေခံတပ်မတော် စစ်ကြောင်းသည် ရန်သူဆုတ်ခွာသွားသော
ဟွေလုံ-ညောင်ပင်-လုံးတုံလမ်းကြောင်းအတိုင်း လိုက်လံ ရှင်းလင်းရာ နမ့်ပတဲရွာ အနောက်ဘက်
၂ မိုင်ခန့်သို့ ရောက်ရှိစဉ် ကေအိုင်အေ(ကချင်)အဖွဲ့ အင်အား ၃၀ ဦးခန့်နှင့် တိုက်ပွဲဖြစ်ပွား
ခဲ့သည်။
၎င်းတိုက်ပွဲဖြစ်စဉ်များတွင်
မိမိအရာရှိ စစ်သည်အချို့ ထိခိုက်ကျဆုံးခဲ့ပြီး ရန်သူထံမှ လက်နက် ခဲယမ်းအချို့၊ ဆက်သွယ်ရေးစက်များနှင့်
ဆိုင်ကယ်၅ စီး၊ ရိက္ခာနှင့် ကေအိုင်အေ ယူနီဖောင်း ၄၆ စုံ၊ ကျော ပိုးအိတ် ၁၀ လုံး သိမ်းဆည်းရမိခဲ့သည်။
ထိုသို့ အောင်ဘာလေကျေးရွာအနီး
တောင်ကုန်းများတွင် တိုက်ပွဲဖြစ်ပွားသဖြင့် ဇန်နဝါရီလ ၁၆ ရက်တွင် ရွာသူ/သား အချို့မှ
ပြောင်းရွှေ့လိုကြောင်း တင်ပြလာခဲ့ရာ မိမိတပ်မတော် ကံဆီးစခန်းအနီးရှိ ကံဆီးရွာသစ်သို့
ရွာသူ/သား ၁၀၀၀ ခန့်အား ပြောင်းရွှေ့ပေးခဲ့ပြီး လိုအပ်သော ကူညီစောင့်ရှောက်မှုများ ပေးခဲ့သည်။
ဇန်နဝါရီလ ၁၈ ရက်နေ့ တိုက်ပွဲများ ပြီးဆုံးပြီးနောက်ပိုင်း ကံဆီးရွာဟောင်း ဘုန်းကြီးကျောင်းနှင့်
အောင်ဘာလေရွာတို့တွင် နယ်မြေအတွင်း KIဗ (ကချင်) အဖွဲ့များ မရှိတော့၍ ရွာသူ/သားအချို့မှာ
၎င်းရွာများတွင် ဆက်လက်နေထိုင် လျက်ရှိပြီး အခြေအနေမှာ တည်ငြိမ်အေးချမ်းလျက်ရှိသည်။
အထက်ပါ သတင်းနှင့်ပတ်သက်၍
သတင်းမီဒီယာအချို့တွင် ဇန်နဝါရီလ ၁၇ ရက်ထိ တိုက်ပွဲများ အတွင်း ဒေသခံ ၂၀၀၀ ခန့် ပိတ်မိနေကြောင်း
မဟုတ်မမှန် ရေးသားဖော်ပြထားသည်ကို တွေ့ရှိရသည်။ လက်ရှိ အခြေအနေမှာ ဒေသခံရွာသူ/သားများသည်
၎င်းတို့ နေအိမ်များတွင် ဆက်လက်နေထိုင်လိုကြပြီး ကံဆီးရွာ သစ်၌ ခေတ္တတိမ်းရှောင်နေသော ရွာသူ/သား(၁၀၀၀)ခန့်မှာလည်း
အောင်ဘာလေရွာနှင့် ကံဆီးရွာဟောင်းသို့ ပြောင်းရွှေ့ရန်ရှိသဖြင့် ၎င်းရွာသူ/သားများအား တပ်မတော်မှ
လိုအပ်သော ဆေးဝါးကုသမှုများနှင့် ကူညီ စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း
သတင်းရရှိသည်။



No comments:
Post a Comment