Friday, January 16, 2015

မန္တလေးလေဆိပ်ရှိ ၀န်ဆောင်မှုလုပ်ငန်းများ မစ်ဆူဘီရှိကုမ္ပဏီသို့ လုပ်ကိုင်ခွင့်ပြုမည်




မန္တလေး ဇန်နဝါရီ ၁၅
မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ ခရီးသည်ဝန်ဆောင်မှုလုပ်ငန်းအား ဂျပန်နိုင်ငံမစ်ဆူဘီရှီကုမ္ပဏီသို့ ဧပြီလတွင် လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုသွား မည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန (မန္တလေး)မှသိရသည်။
အဆိုပါလေဆိပ်ကို လေကြောင်းနှင့်ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ဆုံရပ်တစ်ခု အဖြစ် ဖွံ့ဖြိုး တိုးတက်လာစေရန် ရည်မှန်းထားပြီး ခရီးသည်ဝန်ဆောင်မှု လုပ်ငန်းအတွက် Private Public Partner- ship အစီအ စဉ်ဖြင့် တင်ဒါခေါ်ယူခဲ့ရာ Mitsubishi-JALUX -SPA- Con- sortium မှ Successful Tender အဖြစ် ၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၁၆ ရက်တွင်သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (မန္တလေး)မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

'' လေဆိပ်မှာရှိတဲ့ ဝန်ဆောင်မှုအားလုံးကို ဂျပန်ကုမ္ပဏီကို လွှဲပြောင်းပေးအပ်မှာပါ။ အခုတော့ လာရောက်လေ့ လာနေကြပါပြီ။ ဒီလို ဂျပန်ကုမ္ပဏီမှ တွဲဖက်လုပ်ကိုင်ခြင်းဖြင့် ခိုင်မာသောဈေးကွက်နဲ့ ပို့ကုန်သွင်းကုန် စီးဆင်းမှုများပြားလာပြီး နိုင်ငံတော်ရဲ့ ဝင်ငွေစီးဆင်းလာမယ့် ဌာနကြီးဖြစ် လာမယ် လို့ မျှော်လင့်ရပါ တယ်'' ဟု ၎င်းက ဆက်လက်ပြောသည်။
နိုင်ငံတကာ ခရီးသည်များ ဝင်/ထွက်သော မြန်မာနိုင်ငံ၏လေကြောင်း ဝင်ပေါက်နှင့် ခရီးသည်ဝန်ဆောင်မှု လုပ်ငန်း ကိုင်တွယ်နိုင်မှုများအရ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သည်ခရီးသည်ဝန်ဆောင်မှု လုပ်ငန်းကိုင်တွယ်နိုင်မှု သုံးသန်းရှိပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် ခရီးသည်ဝန်ဆောင် မှုလုပ်ငန်း ကိုင်တွယ်နိုင်မှု ဒသမ သန်းရှိကြောင်း သိရသည်။
မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နိုင်ငံခြားခရီးသွား ဧည့်သည်အများဆုံး ဝင်ရောက်သော နိုင်ငံများ အနေဖြင့် ၂ဝ၁၁ ခုနှစ်နှင့်၂ဝ၁၂ ခုနှစ်တို့တွင် တရုတ်နိုင်ငံ၊ ၂ဝ၁၃ ခုနှစ်နှင့် ၂ဝ၁၄ ခုနှစ်တို့တွင် ထိုင်းနိုင်ငံ တို့ဖြစ်ပြီး လက်ရှိအချိန်တွင် တရုတ်နိုင်ငံမှအများဆုံး ဖြစ်ကြောင်း၊ မန္တလေးအပြည်ပြည် ဆိုင်ရာ လေဆိပ်မှ တိုက်ရိုက်ပျံသန်းပေးသောနိုင်ငံများမှာ ထိုင်း၊ တရုတ်၊ စင်ကာပူနှင့်ကိုရီးယားနိုင်ငံတို့ဖြစ်ကြောင်းနှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုင်ငံတကာမှ ဝင်ရောက်သော လေကြောင်းလိုင်းခုနစ်လိုင်းရှိပြီး ပြည်တွင်းလေကြောင်းလိုင်းအနေဖြင့် ရှစ်ခုရှိကြောင်းသိရသည်။

No comments:

Post a Comment