ရန်ကုန် ဇန်နဝါရီ ၂၃
ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ
(ယာယီ)နှင့် ဥပဒေပညာရှင်များ ပါဝင်သော သတင်းမီဒီယာ
နည်း ဥပဒေများရေးဆွဲရေးဆိုင်ရာ ဆွေးနွေး ပွဲကို ရန်ကုန်မြို့ ၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်
စာအုပ်ထုတ်ဝေရေးလုပ်ငန်း အစည်းအဝေး ခန်းမတွင် ယနေ့ နံနက်(၁၀) နာရီက ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး
ဦးရဲထွဋ်၊ မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ(ယာယီ)ဒုတိယဥက္ကဌ ဦးခင်မောင်လေး(ဖိုးသောကြာ)နှင့် အဖွဲ့ဝင်များ၊ ပြန်ကြား ရေးဝန်ကြီးဌာန၏ ဥပဒေရေးရာ
အကြံပေးပညာရှင် ဦးဟန်ညွန့်၊ ပြည်ထောင်စု ရှေ့နေချူပ်ရုံးနှင့်
ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြ သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာနနှင့်
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)တို့ ပူးပေါင်းရေးဆွဲခဲ့သော သတင်းမီဒီယာနည်းဥပဒေများ(မူကြမ်း)ကို
ပြည်ထောင်စု ရှေ့နေချူပ်ရုံး၏ အကြံပြုချက်များနှင့်အညီ ဖြည့်စွက်ပြင်ဆင်ရေး ဆွဲသွားနိုင်
ရေးအတွက် ညှိုနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
No comments:
Post a Comment