ရန်ကုန် ဇန်နဝါရီ ၂၃
မြန်မာနိုင်ငံ စာပေ ထုတ်ဝေသူနှင့် ဖြန့်ချိသူများ အသင်း၏ တတိယအကြိမ် အကောင်းဆုံး ထုတ်ဝေသူဆုနှင့် အကောင်းဆုံး စာအုပ် အရောင်းဆိုင်
ဆုချီးမြှင့်ပွဲနှင့် စာအုပ် မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ (၂) နာရီတွင် ရန်ကုန်မြို့ ရှိ Orchid Hotel ၌ ကျင်းပသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများ အသင်း ဥက္ကဋ္ဌ ဒေါက်တာ သာထွန်းဦးက အဖွင့်အမှာစကား
ပြောကြားပြီး အသင်းတွဲဖက် အတွင်းရေးမှူး (၁) ဦးသိမ်းစိုးက ဆုရွေးချယ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က တတိယ အကြိမ် ၂၀၁၃ ခုနှစ်အတွက် အကောင်းဆုံးထုတ်ဝေသူဆုရရှိသော အမျိုးသားစာပေဆုအဖြစ် ရွေးချယ်ခံရသည့် မောင်ရင့်မာ (ကျောင်းကုန်) ၏ “လွတ်လပ်စွာ လွမ်းဆွတ်ခွင့်” စာအုပ် ထုတ်ဝေခဲ့သည့် အလင်္ကာစာအုပ်တိုက်(မန္တလေး)မှ ဦးပုညဆွေနှင့် ၂၀၁၄ ခုနှစ် အကောင်းဆုံးစာအုပ်
အရောင်းဆိုင်ဆုရ နဂါးစာပေ (မန္တလေး)မှ ဦးထွန်းရွှေတို့အား ဆုများ ချီးမြှင့်သည်။
ဆက်လက်၍ အသင်းတွဲဖက်အတွင်းရေးမှူး(၂)ဒေါ်ဝိုင်းက ၂၀၁၃ ခုနှစ် အောက်တိုဘာ(၂၀)ရက်မှ (၂၂)ရက်အထိ UMFCCI ၌ ကျင်းပခဲ့သည့် စာအုပ်စာပေဖွံ့ဖြိုး တိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲမှ ကဏ္ဍအသီးသီး၏ ဆွေးနွေး ချက်များကို စာအုပ်အဖြစ် ထုတ်ဝေထားသော “စာအုပ်လောကအပေါ် သူတို့၏အမြင်” စာအုပ်နှင့် စပ်လျဉ်း၍ မိတ်ဆက်ရှင်းလင်းတင်ပြသည်။
ယင်းနောက် စာအုပ်စာပေဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဆရာဦးကြည်မင်း က စာအုပ်ထွက်ရှိခြင်းနှင့်စပ်လျဉ်း၍ မုဒိတာစကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများ သည် မှတ်တမ်းတင် စုပေါင်း
ဓာတ်ပုံရိုက်ကြသည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံစာရေး
ဆရာအသင်း၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း၊ မြန်မာနိုင်ငံစာကြည့်တိုက်များ
ဖောင်ဒေးရှင်း၊ မြန်မာနိုင်ငံစာ ပေထုတ်ဝေသူနှင့်ဖြန့်ချိသူများ အသင်းနှင့်စာအုပ်စာ
ပေဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရေး ကော် မတီတို့မှ ဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ စာရေးဆရာများ၊အဖွဲ့အစည်းများ၊ သတင်းစာ၊
ဂျာနယ်၊မဂ္ဂဇင်းနှင့် စာအုပ်အရောင်းဆိုင်များမှ တာဝန်ရှိသူများ၊ စာအုပ်ထုတ်ဝေ သူများ တက်ရောက် ကြသည်။
No comments:
Post a Comment