Wednesday, January 28, 2015

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန လိုင်စင် အသွင်ကူးပြောင်းခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာ ထုတ်ပြန်

နေပြည်တော် ဇန်နဝါရီ ၂၇
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနသည် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၈၈၊ ပုဒ်မခွဲ (ခ)အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံးလျက် လိုင်စင် အသွင်ကူးပြောင်းခြင်းဆိုင်ရာ အမိန့် ကြော်ငြာစာကို ဇန်နဝါရီ ၁၂ ရက်က အမိန့်ကြော်ငြာစာ အမှတ် (၃/၂ဝ၁၅) ဖြင့် ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။


အဆိုပါ လိုင်စင် အသွင်ကူးပြောင်းခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာကို အများပြည်သူများ ဖတ်ရှုလေ့လာနိုင်ရန် အတွက် မြန်မာနိုင်ငံပြန်တမ်းတွင် လည်းကောင်း၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီး ဌာန Website (www.mcit.gov.mm) တွင်လည်းကောင်း၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန Website (http://www.mcit.gov.mm/ content/law-regulation.html) တွင်လည်းကောင်း လွှင့်တင်ပေးထားမည် ဖြစ်ကြောင်း သိရသည်။ 

No comments:

Post a Comment