Wednesday, January 28, 2015

စတုတ္ထအကြိမ် အမျိုးသား အားကစား ပွဲတော် ဖေဖော်ဝါရီ ၁၃ ရက်မှ ၂၈ ရက်အထိ ကျင်းပမည်

နေပြည်တော် ဇန်နဝါရီ ၂၇
၂ဝ၁၅ ခုနှစ် စင်ကာပူနိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၂၈)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာ အားကစားအဖွဲ့အား အထောက်အကူ ပြုစေမည့် ရွက်ပုန်းသီး အားကစား သမားများ ပေါ်ထွက်လာစေရန် အတွက် စတုတ္ထအကြိမ်မြောက် အမျိုးသား အားကစားပွဲတော်ကြီးကို အားကစားနည်း ၂၇ မျိုး၊ မသန်စွမ်းအား ကစားနည်း ခုနစ်မျိုးဖြင့် ဖေဖော်ဝါရီ ၁၃ ရက်မှ ၂၈ ရက်ထိ ကျင်းပမည် ဖြစ်ရာ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၁ ရက်တွင် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B) ၌ ကျင်းပမည်ဖြစ်ပြီး ပိတ်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၂၈ ရက်တွင် ဝဏ္ဏသိဒ္ဓိ ဘောလုံး အားကစားကွင်း၌ ကျင်းပမည် ဖြစ်သည်။


စတုတ္ထအကြိမ် အမျိုးသား အားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်မည့် အားကစားအသင်းများ အနေဖြင့် နေပြည်တော် ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၅ ခုမှ ကိုယ်စားပြု၍ ပါဝင်ယှဉ်ပြိုင် ကြမည်ဖြစ်ပြီး ပြိုင်ပွဲဝင်ရောက်ရန် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အားကစားသမား စုစုပေါင်း ၅၇၂၉ ဦး၊ မသန်စွမ်း အားကစားပြိုင်ပွဲများတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်မှ အသင်းလေးသင်း၊ ဝန်ကြီးဌာနပေါင်းစုံမှ ခြောက်သင်း၊ NGO အသင်းများမှ သုံးသင်းစုစုပေါင်း ၁၃ သင်းမှ အားကစားသမား ၄ဝ၇ ဦး စာရင်းပေးသွင်း မှတ်ပုံတင်ထားရှိပြီး ကြိုတင် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment