နေပြည်တော် ဇန်နဝါရီ ၂၃
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၈ ရက်တွင်CNA သတင်းဌာနအား လက်ခံတွေ့ဆုံ၍ တပ်မတော်နှင့်
ပြည်သူဆက်ဆံရေး၊ Social Mediaကိစ္စရပ်များနှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် ပြန်လည် ဖြေကြားချက်အား အောက်ပါအတိုင်း ဖော်ပြ အပ်ပါသည်-
CNA ။ ။ မြန်မာနိုင်ငံဟာ အချိန်တိုအတွင်းမှာ အများကြီးရှေ့ကို ရောက်ခဲ့ပါတယ်။ အခုအချိန်မှာ ပြည်သူတွေက တပ်မတော်နဲ့ တပ်မတော်သားတွေ အပေါ်မှာဘယ်လိုတွေပြောင်းလဲလာခဲ့ပါသလဲ။
ဗိုလ်ချုပ်မှူးကြီး ။ ။ တပ်မတော်ရဲ့သမိုင်းကြောင်းကို စောစောကကျွန်တော်ပြောခဲ့ တယ်။လွတ်လပ်ရေး
ကြိုးပမ်းမှုကနေပြီး ယနေ့ကာလထိ နိုင်ငံရဲ့သမိုင်းနဲ့ တပ်မတော်ရဲ့သမိုင်းခွဲခြားလို့မရပါဘူးလို့ ကျွန်တော်ပြော ခဲ့တယ်၊ တပ်မတော်ရဲ့ ဆောင်ရွက်မှုအခန်းကဏ္ဍတွေကိုပြည်သူတွေအများကြီးသိပါတယ်။ သို့သော်လည်း သူတို့လည်း ခံစားချက်တွေရှိမှာပေါ့လေ။အခုအချိန်မှာ ကျွန်တော်တို့ အနေနဲ့တကယ်ကို နိုင်ငံတော်ကာ
ကွယ်ရေးအတွက်ကျွန်တော်တို့ထမ်းဆောင်နေတယ်။ ပြည်သူလူထုရဲ့ အကျိုးစီးပွား ကိုဖော်ဆောင် ပေးနေတယ်။ ပြည်သူလူထုတွေရဲ့အကျိုးစီးပွားကို ကာကွယ်ပေးနေတယ်ဆိုတော့ပြည်သူကလက်ခံလာတယ်။ အခုကျွန်တော်တို့လုပ်နေတာတွေ အများကြီးရှိတယ်။ကျွန်တော်ထင်ပါတယ်။ ပြည်သူအများစုက ကျွန်တော်တို့အပေါ်မှာ ယုံကြည်မှုအပြည့်အဝရှိတယ်လို့ယုံကြည်ပါတယ်။ မကြိုက်တဲ့လူဆိုတာကလည်း ရှိရင်ရှိမှာပေါ့လေ။ ဒါကတော့ပြောလို့မရဘူးလေ။
CNA ။ ။ ပြည်သူတွေက တပ်မတော်ကိုနားလည်အောင် အများကြီးလုပ်နေ တာတွေရှိတယ်လို့ပြောပါတယ်။ ဘာတွေများလုပ်နေလဲဆိုတာသိပါရစေ။
ဗိုလ်ချုပ်မှူးကြီး ။ ။ ဒါကလည်း ကျွန်တော်တို့သမိုင်းမှာ ၁၉၆၂ ခုနှစ်ကနေ ၁၉၇၄ ခုနှစ်ပေါ့။တော်လှန်ရေး
ကောင်စီ တပ်မတော်အစိုးရပေါ့။ ၁၉၇၄ ခုနှစ်ကနေ ၁၉၈၈ ခုနှစ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကိုယ်စားပြု
တဲ့အစိုးရ တစ်ပါတီစနစ်၊ ၁၉၈၈ ခုနှစ်ကနေ ၂ဝ၁၁ ခုနှစ် မတ်လအထိတပ်မတော် အစိုးရအုပ်ချုပ်ခဲ့တယ်။ဒီအုပ်ချုပ်ခဲ့တဲ့ ကာလတွေမှာ လူပုဂ္ဂိုလ်တစ်ဦးချင်းအနေနဲ့ စီးပွားရေးအရ၊ နိုင်ငံရေးအရ ခံစားချက်တွေ
ရှိနိုင်ပါတယ်။ အဲဒီတော့ သူတို့ရဲ့ ဒီခံစားချက်တွေကို ကျွန်တော်တို့တွေအနေနဲ့တတ်နိုင်သလောက်ဖြေရှင်း ဆောင်ရွက်ပေးနေတာပါ။ သူတို့ရဲ့အကျိုးစီးပွားတွေဖော်ဆောင်ပေးနေတာ ကျွန်တော်တို့တွေရဲ့ လုပ်ဆောင်ချက်
တွေဖြစ်ပါတယ်။အဲဒီတော့တစ်ယောက်နဲ့ တစ်ယောက်က မတူနိုင်ဘူးပေါ့။ ကွာခြားချက်တော့ရှိနိုင်ပါတယ်။
ကျွန်တော်တို့အနေနဲ့ကတော့ တပ်မတော်ဟာ ပြည်သူကြားက ပေါက်ဖွားလာတဲ့တပ်မတော် ဖြစ်တဲ့အတွက်ပြည်သူတွေအကျိုးစီးပွားကို ကာကွယ်ပေးတဲ့ ဖော်ဆောင်ပေးတဲ့ တပ်ဖြစ်အောင်၊နိုင်ငံကိုလုံခြုံ
အောင်ကာကွယ်ပေးနိုင်တဲ့ တပ်မတော်ဖြစ်တယ် ဆိုတဲ့အကြောင်းပြည်သူကအမြဲတမ်းထာဝရ ယုံကြည်နေ အောင် ကျွန်တော်တို့အနေနဲ့လုပ်ဆောင်နေပါတယ်။ ဒါဟာလက်တွေ့လုပ်ဆောင်ချက်တွေမှာ ကြည့်လိုက်ရင် သိပါတယ်။
CNA ။ ။ ပြည်သူတွေသတိထားမိစေမယ့် ဘယ်လိုမျိုးအချက်တွေကို လုပ်ဆောင်ပေးပါသလဲ။
ဗိုလ်ချုပ်မှူးကြီး ။ ။ ဥပမာအားဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်နေတာရှိပါတယ်။တချို့ပြည်နယ်တွေနဲ့ တိုင်းတွေမှာ အချို့တော်တော်လေးအားနည်းတယ်။ဥပမာအားဖြင့် နေရေး၊ ထိုင်ရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ကိစ္စရပ် တွေမှာကျွန်တော်တို့အများကြီး လုပ်ပေးနေတယ်။ နောက်တစ်ခါပြည်သူတွေရဲ့ အသက်အိုးအိမ်
စည်းစိမ်ကိုကျွန်တော်စောစောက ခင်ဗျားပြောခဲ့သလို တိုင်းရင်းသား လက်နက်ကိုင်ပြဿနာ
လေးတွေရှိခဲ့ ပါတယ်။ တချို့နေရာတွေဟာ လုံခြုံမှုစိတ်မချရတဲ့နေရာတွေရှိပါတယ်။ အဲဒီစိတ်မချရတဲ့နေရာတွေမှာကျွန်တော်
တို့တွေ သက်ဆိုင်ရာလုံခြုံရေး အကာအကွယ်အတွက်လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ တရားဥပဒေစိုးမိုးရေး တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့တွေကိုအကူအညီပေးပြီးတော့မှ ကျွန်တော်တို့
ဆောင်ရွက်ပေး နေတယ်။ ဒါတွေကို ပြည်သူကသိတယ်။နောက်တစ်ခုကတော့ သိသာထင်ရှားတဲ့ အလုပ်တစ်ခု ဆိုရင် ဥပမာအားဖြင့် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာပြည်သူတွေ အလုပ်လုပ်နိုင်ဖို့လိုတယ်။ အလုပ်လုပ်နိုင်ဖို့ဆိုရင် ကျန်းမာဖို့လိုတယ်။အဲဒီကျန်းမာနိုင်ဖို့အတွက်ကို ကျွန်တော်တို့ တပ်မတော်က ဆေးတပ်ဖွဲ့တွေနဲ့ တပ်မတော်သားတွေကပြည်သူ့ကျန်းမာရေးလုပ်ငန်းရပ်တွေကို ကျယ်ကျယ်ပြန့်ပြန့်
လုပ်နေတယ်။ တစ်နိုင်ငံလုံးမှာလုပ်ပေးတယ်။ ဒါလည်းအစိုးရက လုပ်တာလည်း အများကြီးရှိ တယ်။ သို့သော်လည်းအစိုးရကတချို့နေရာတွေမှာ မရောက်နိုင်တာလေးတွေ ရှိတယ်။ ကျွန်တော်တို့ကအားဖြည့်ပေး
တာပေါ့။ ဒါတွေက ကျွန်တော်တို့နိုင်ငံမှာ သိသာထင်ရှားတဲ့လုပ်ဆောင်ချက်တစ်ခုထဲမှာပါတယ်။
CNA ။ ။ ခုနကပြောပြခဲ့တဲ့အရာတွေက သူတို့အတွက် ဘယ်လောက်ပဲ အကျိုးရှိရှိ ပြည်သူတွေအရင်
တုန်းကပြုလုပ်ခဲ့တဲ့သမိုင်းမှာ ထင်ခဲ့တဲ့ကိစ္စတွေကြောင့် ပြည်သူတွေက ဒီဟာကို အသိအမှတ်မပြုဘူးလို့ထင်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး ။ ။ ဒီလိုတော့ပြောလို့မရဘူး။ တစ်နိုင်ငံလုံးကို ခြုံကြည့်မယ်ဆိုရင်တပ်မတော်ရဲ့လုပ်ဆောင်
ချက်တွေကို လက်ခံတဲ့နေရာတွေ အများကြီးရှိနေတယ်။ဒီလိုပြောနေတာတွေက အနည်းအကျဉ်းပဲဖြစ်
တယ်။ခုနကပြောတဲ့လူပုဂ္ဂိုလ်ရေးအရဖြစ်စေ၊ နိုင်ငံရေးအရဖြစ်စေ၊ စီးပွားရေးအရဖြစ်စေ၊ အဲဒီအချိန်မှာသူတို့ရဲ့နစ်နာမှုနဲ့ ပတ်သက်ပြီး ခံစားချက်ရှိတဲ့လူတွေကနေပြီး ပြောဆိုချက်တွေပေါ်မှာမူတည်ပြီးတော့ ဖြစ်လာတဲ့အကျိုးသက်ရောက်မှုလို့ ကျွန်တော်ပြောချင်တယ်။
CNA ။ ။ တပ်မတော်က အကောင်းတွေလုပ်နေတာကို ပြည်သူတွေကအဆိုးပဲ မြင်နေတယ်လို့ စိတ်ထဲမှာခံစားရပါသလား။
ဗိုလ်ချုပ်မှူးကြီး ။ ။ ကျွန်တော်မခံစားရဘူး။ သူတို့နားလည်တဲ့အချိန်ကျရင် သူတို့လက်ခံလာလိမ့်မယ်။နားလည်တဲ့လူလည်း နားလည်နေပါပြီ။ နောက် ကျွန်တော်တို့မှာ ခုနကပြောတဲ့အတွေ့အကြုံတွေဆိုတာ နည်းပါးတယ်။ အတွေ့အကြုံနည်းတော့ ခုနကပြောတဲ့ခံစားချက်ရှိတဲ့လူတွေက ဒါမှမဟုတ်ရင် နိုင်ငံရေးနဲ့ပတ်
သက်ပြီးတော့မှ စိတ်ဝင်စားတဲ့လူတွေကပြောဆိုတာတွေရှိ တာပေါ့။ ဒီအပေါ်မှာ သူတို့နားယောင်ပြီးတော့မှ တချို့လည်းကျွန်တော်တို့ အပေါ်မှာ အမြင်မကောင်းသေးတာလည်းရှိပါတယ်။ ကျွန်တော်မရှိဘူးလို့မပြောပါဘူး။ ဒါပေမယ့် အများစုကတော့ ကျွန်တော်တို့ရဲ့လုပ်ဆောင်ချက်တွေ အပေါ်မှာအကောင်းမြင်တယ်လို့ ကျွန်တော်ခံယူထားပါတယ်။
CNA ။ ။ Social Media တွေကနေပြီးတော့ ပြည်သူလူထုက တပ်မတော်အပေါ်မှာ ပိုပြီးတော့နားလည်လာအောင်ဘယ်လိုဆောင်ရွက်နေတာများရှိပါလဲ။
ဗိုလ်ချုပ်မှူးကြီး ။ ။ အဓိကကတော့ တပ်ကလည်း သူ့စည်းကမ်းနဲ့သူနေတာပေါ့။သူ့စည်းကမ်းနဲ့သူနေပြီးတော့မှ တိုင်းပြည်ကို အကျိုးပြုတယ်ဆိုရင် ပြည်သူကလည်း နားလည်မှာပဲ။ဒါကိုကျွန်တော်ဦးစား
ပေးဆောင်ရွက် နေတယ်။ တပ်မတော်ဆိုတာက စည်းကမ်းအင်မတန်အရေးကြီးတယ်။ထို့အတူပဲ ဥပဒေကိုလိုက်နာရတယ်။ အဲဒီတော့ စည်းကမ်းကောင်းတယ်။ဥပဒေလိုက်နာတယ် ဆိုရင် ပြည်သူလူထုက ကျွန်တော်တို့အပေါ်မှာ အထင်အမြင်လွဲစရာအကြောင်းတော့မရှိဘူး။ ဒါကိုကျွန်တော်က ဦးစားပေးပြီးလုပ်တယ်။ အခုလည်းကျွန်တော်စည်းကမ်းကိုင်ပြီးတော့မှ ဥပဒေနဲ့အညီဖြစ်အောင် ဆောင်ရွက်မှုတွေအများကြီးရှိပါတယ်။ လူဆိုတာကတော့ မတစ်ထောင်သားဖြစ်တဲ့အတွက်ကြောင့်စည်းကမ်းဖောက်တဲ့သူမရှိဘူးလို့ ကျွန်တော်မပြော ပါဘူး။ မရှိဘူးတော့မဟုတ်ဘူး။ ရှိမှာပဲ။သို့သော်လည်း စည်းကမ်းဖောက်လာရင် ပြင်းပြင်းထန်ထန်
အရေးယူတာပေါ့။ တစ်ဖက်ကလည်းပြည်သူလူထုနဲ့ ပတ်သက်တဲ့ကိစ္စဆိုရင်တော့ ဥပဒေနဲ့အညီ ကျွန်တော်အရေးယူမယ်။ တကယ်လို့ဥပဒေနဲ့အညီလုပ်လို့ သူ့ဘက်ကစည်းကမ်း ချိုးဖောက်တာ၊ သူ့လုပ် ဆောင်ချက်က ဥပဒေနဲ့မညီဘူးလို့ပေါ်လွင်တယ်ဆိုရင်တော့ အပြင်မှာ၊ အရပ်ဘက်မှာ အရေးယူတာထက် ကျွန်တော်တို့က ပိုပြင်းထန်တယ်။မလုပ်ရဲအောင် ပြစ်ဒဏ်ချတယ်။ ဒါကတော့ ကျွန်တော်တို့ဘက်က လုပ်
ဆောင်ချက်ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ကို ပြည်သူကသိတယ်ဆိုရင် ပြည်သူက ကျွန်တော်တို့အပေါ်မှာလက်ခံမှာပဲဖြစ်ပါတယ်။
CNA ။ ။ တပ်မတော်သားတွေက စည်းကမ်းလိုက်နာရတယ်။ပိုပြီးတော့စည်း ကမ်းကြီးတယ်လို့ပြောပါတယ်။ ဒါပေမယ့် တချို့ကိစ္စရပ်တွေမှာ တပ်မတော်သားတွေကအပြစ်ကနေလွတ်မြောက်နေတာကို ဘယ်လိုဖြေရှင်း
ပေးမှာပါလဲ။
ဗိုလ်ချုပ်မှူးကြီး ။ ။ အဲဒါဆို သူတို့နစ်နာမှုအတွက် တိုင်လို့ရတယ်။ နံပါတ်တစ်အချက်က ပြည်သူက တကယ်နစ်နာ
မှုရှိတယ်ဆိုရင် တိုင်လို့ရတယ်။ နောက်တစ်ခုက ဒီတပ်မတော်သားတွေ တာဝန်ထမ်းဆောင်
တဲ့နယ်မြေနဲ့အခြေအနေအပေါ်မှာလည်း မူတည်တယ်။ ပြည်သူတစ်ယောက်အနေနဲ့ ကြည့်မယ်ဆိုရင်တော့အပြစ်လို့ယူဆပေမယ့် သူက သူ့ရဲ့လုပ်ပိုင်ခွင့်အရလုပ်တဲ့ဟာမျိုးဆိုရင်တော့ သူ့အတွက်က အပြစ်မဟုတ်ဘူး။ဒါပေမယ့် ဒါကိုပြည်သူက အပြစ်လို့ မြင်လိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ကလက်နက်ကိုင်ပြီး တာဝန်ထမ်းဆောင်နေတဲ့ လူတွေဖြစ်တာကိုး။ လက်နက်ကိုင်ပြီးတာဝန်ထမ်းဆောင်နေတဲ့လူတွေဖြစ်တဲ့အ တွက်ကြောင့် အမှားအယွင်းတော့ပါမှာပဲဒါ့ကြောင့်လက်နက် ကိုင်တဲ့လူတစ်ယောက်ကိုလည်း သူ့ရဲ့လုပ်ပိုင်ခွင
တွေပေးထားသလိုပဲ၊ကန့်သတ်ထားတဲ့ ဟာတွေကလည်း အများကြီးရှိတယ်။ လုပ်ပိုင်ခွင့်နဲ့ပတ်သက်ရင်လည်း သူ့အတွက် Rightပဲဖြစ်တယ်။ကန့်သတ်ချက်နဲ့ပတ်သက်လာရင် လေးစားရတယ်။ကန့်သတ်ချက်
ထက်ကျော်လွန် ရင်တော့ သူအရေးယူခံရမယ်။ ဒါကြောင့် တကယ်လို့သာ အဲဒီလိုဖြစ်တယ်ဆိုရင်လည်း ပြည်သူတွေ
အနေနဲ့အချိန်မရွေး တင်ပြလို့ရတယ်။ ကျွန်တော်တို့အနေနဲ့လည်းဖြေရှင်းဆောင်ရွက်ပေးဖို့ အဆင်သင့် ရှိနေပါတယ်။
CNA ။ ။ တပ်မတော်ရဲ့အောက်မှာရှိတဲ့ တပ်သားတွေအားလုံးက ဘယ်ပြစ်မှုကျူးလွန်ပြီးတော့မှ ပြစ်ဒဏ်မခံရတာမဖြစ်စေပါဘူးလို့ ကတိပေးပါသလား။
ဗိုလ်ချုပ်မှူးကြီး ။ ။ မှန်တယ်။ ဥပဒေနဲ့အညီပဲဖြစ်ရမယ်။ ဒီမှာကျွန်တော်တို့က ဥပဒေမရှိဘဲနဲ့ ဘာမှလုပ်လို့မရဘူး။ကျွန်တော်တို့ဆီမှာ ခုနကပြောတဲ့ စည်းကမ်းတွေရှိတယ်။ စည်းကမ်းဆိုတာတချို့ဟာတွေက တိုက်တွန်းချက် တွေ၊ တချို့ဟာတွေက တားမြစ်ချက်တွေ၊ ဒီလိုတိုက်တွန်းချက်နဲ့တားမြစ်ချက်စည်းကမ်းတွေကို မလိုက်နာဘူး ဆိုရင် ဥပဒေအရအရေးယူရမယ်။ ဒါပေမယ့် ဥပဒေမှာသူသတ်မှတ်ထားတဲ့
အကြောင်းအရာတွေရှိတယ်။ ဘယ်ဟာနဲ့မကိုက်ညီဘူး။ မညီညွတ်ဘူးဆိုရင်ပြစ်မှုမြောက်တယ်။ ပြစ်မှုမမြောက်ဘူးဆိုတာရှိတယ်။ ဒီအပေါ်မူတည်ပြီးတော့ပဲ အပြစ်ရှိတယ်၊ မရှိဘူးဆိုတာဆုံးဖြတ်ရတာပဲဖြစ်တယ်။ခုနကကျွန်တော်ပြောသလိုပဲ။ ပြည်သူကတော့သူက အပြစ်ရှိတယ်လို့ သူ့ရဲ့ဥပဒေအရ ပြောပေမယ့်လည်း ဒါတွေကရှေ့နေတို့၊ တရားသူကြီး တို့က ဥပဒေနဲ့ညီညွတ်ခြင်းရှိ။မရှိ လေ့လာပြီးတော့မှ အပြစ်ရှိတယ်၊ မရှိဘူးဆိုတာ ဆုံးဖြတ်မှာဖြစ်တယ်။ခုနကခင်ဗျားပြောတာကတော့ ပြည်သူရဲ့ဆန္ဒပေါ့။ ပြည်သူရဲ့ဆန္ဒကို ကျွန်တော်ကလေးစားပါတယ်။ကျွန်တော့်ဆီမှာကို နေ့စဉ်နဲ့အမျှ ကျွန်တော့်ဆီ စာရေးနေတာတွေရှိပါတယ်။တချို့ဟာတွေကိုကျွန်တော်စိစစ်တဲ့
အခါကျတော့ သူတို့လိုချင်တဲ့ဆန္ဒကိုပြောတာ၊ တကယ်တော့ ဥပဒေနဲ့မညီဘူး၊စည်းကမ်းနဲ့မညီဘူး၊ ဒီလိုလည်း ကျွန်တော်တွေ့တယ်။
တချို့ကြတော့လည်း မှန်တာကိုတွေ့တယ်။ တချို့က ကျွန်တော်တို့တပ်မတော်နဲ့ပတ်သက်တဲ့ကိစ္စတွေရှိတယ်။ တချို့ကြတော့ တပ်မတော်နှင့်မဆိုင်တဲ့ကိစ္စတွေ ရှိတယ်။ ဒါတွေဆိုရင်သက်ဆိုင်ရာ ဌာနတွေကိုပေးပြီးတော့ ဒါတွေကိုစိစစ်ပေးပါလို့ ကျွန်တော်ပြောပါတယ်။တချို့ဟာကြတော့လည်း တပ်မတော်က တာဝန်ရှိတဲ့လူတွေကို ဒါတွေစစ်ကြည့်ပါလို့ကျွန်တော်ပြောတယ်။ အဲဒီအချိန်မှာ တချို့ဟာတွေမှားယွင်းနေတာတွေ့တယ်။တချို့ဟာတွေမှန်နေတာလည်းတွေ့တယ်။ မှန်လို့ရှိရင်၊ တပ်နဲ့ဆိုင်လို့ရှိရင် တပ်မတော်ကအရေးယူ၊တပ်နဲ့မဆိုင်ရင် သက်ဆိုင်ရာဌာနတွေက အရေးယူပေါ့။ သက်ဆိုင်ရာဌာနတွေကို ကျွန်တော်က အကြောင်းကြား ပေးတယ်။ ကျွန်တော်လုပ်နိုင်တာက ဒါပဲရှိပါတယ်။
CNA ။ ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ တာဝန်ကိုထမ်းဆောင်ပြီး နောက်ပိုင်းမှာပြုပြင်ပြောင်း
လဲမှုတွေ အများကြီးလုပ်ခဲ့ပါတယ်။ အခုလိုမီဒီယာတွေလက်ခံတွေ့ဆုံတာမျိုးအပြင် ရှေ့ဆက်ပြီးတော့ ဘာတွေဆက်လုပ်ဖို့ရှိပါသလဲ။
ဗိုလ်ချုပ်မှူးကြီး ။ ။ လုပ်ရမှာတော့အများကြီးပဲ၊ အများကြီးရှိတယ်။ မီဒီယာနဲ့တွေ့တယ်ဆိုတာကလည်းကျွန်တော်တွေ့သင့်တဲ့လုပ်ငန်းတစ်ခုပါပဲ။ ကျွန်တော် တို့ဘက်ကဖြစ်ချင်တာပြည်သူဘက်ကနေပြီးတော့ သိချင်တာ၊ ပြည်သူဘက်က ခံစားချက်နဲ့ပတ်သက်တာ၊ ဒါတွေကို ကျွန်တော်တို့ကဖြေရှင်းလို့ရတဲ့ လမ်းကြောင်းတစ်ခုလို့မြင်တယ်၊ ကျွန်တော်တို့တပ်မတော်က နိုင်ငံအတွက်ဘာတွေလုပ်နေတယ် ဆိုတာကိုလည်း ပြောနိုင်တဲ့လမ်းကြောင်းတစ်ခုလည်းဖြစ်တယ်။ဒါကြောင့် ကျွန်တော့်အနေနဲ့က မီဒီယာနဲ့ ဆောင်
ရွက်မှုအပိုင်းအနေနဲ့ဆက်ပြီးဆောင်ရွက်သွားမှာဖြစ်တယ်။ တစ်ဖက်ကလည်း ကျွန်တော်တို့နိုင်ငံအနေနဲ့ တပ်မတော်
ရဲ့လုပ်ဆောင်ချက်တွေဟာ နိုင်ငံအတွက် တကယ်အကျိုးရှိတဲ့ လုပ်ဆောင်ချက်
တွေဖြစ်တယ် ဆိုတာသိအောင်လုပ်ရမယ်။ဒီလုပ်ငန်းရပ်တွေကလည်း အများကြီးရှိတယ်။ ခုနကကျွန်တော်ပြော
ခဲ့ပါတယ်နိုင်ငံတော်ကာကွယ်ရေးဆိုရာမှာ ကျွန်တော်တို့ တိုက်ရိုက်လုပ်လို့ရတဲ့ကိစ္စတွေရှိသလိုကျွန်တော်တို့ တိုက်ရိုက်လုပ်လို့မရတဲ့ နယ်ပယ်တွေလည်းရှိတယ်။ ဒါမျိုးဆိုရင်လည်းဆောင်ရွက်ပေးနိုင်တာကို တကယ်ဆောင်ရွက်တဲ့အဖွဲ့အစည်းတွေကို ကူညီပေးတာမျိုးပေါ့၊ ဒါတွေကိုကျွန်တော်တို့က ပိုပြီးတော့ထိထိ
ရောက်ရောက် အလေးထားဆောင်ရွက်ပေး သွားမှာဖြစ်တယ်။ဒါတပ်မတော်ရဲ့တာဝန်ပဲ။
CNA ။ ။ အခုဒီအချိန်ဟာ မီဒီယာနဲ့တွေ့ပြီးတော့ ပွင့်ပွင့်လင်းလင်းပြောဖို့အချိန်ရောက်ပြီလို့ ထင်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး ။ ။ ကျွန်တော်တို့သွားနေတာ ပါတီစုံဒီမိုကရေစီလမ်းကြောင်း သွားနေတာပဲ။နိုင်ငံတကာမှာ
လည်းဒီလိုပဲသွားနေတာပဲ။ ဥပမာအားဖြင့် ကျွန်တော် ဂျပန်နိုင်ငံကိုသွားတယ်။ဂျပန်နိုင်ငံက ကျွန်တော့်ကို
ရှင်းပြတယ်။ ကိုရီးယားနိုင်ငံကိုသွားတယ်၊ကိုရီးယားနိုင်ငံကကျွန်တော့်ကို ရှင်းပြတယ်၊ သူတို့ရဲ့လုပ်
ဆောင်ချက်တွေကို ပြည်သူကနေသိရှိတဲ့အခါမှာသူတို့လုပ်ရတဲ့လုပ်ငန်းတွေ ပိုပြီးချောမွေ့ လာတယ်လို့ပြောတယ်၊ ရှင်းပြတယ်၊ဒါကျွန်တော့်အတွက် အတွေ့အကြုံတစ်ခုပါပဲ၊ ဒီမိုကရေစီလမ်း
ကြောင်းဆိုတာပြည်သူနဲ့မထိတွေ့လို့မရဘူး၊ ပြည်သူနဲ့ ထိကိုထိတွေ့ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ပြည်သူနဲ့ထိတွေ့တယ်ဆိုတိုင်းလည်း ပြည်သူရဲ့ တောင်းဆိုချက်တွေအားလုံး လုပ်ပေးရမယ်လို့ဘယ်မှာမှမဆိုထားဘူး၊ သူ့စည်းကမ်းတွေ ဥပဒေတွေနဲ့အညီသွားရမယ်၊ သူတို့ကိုကျွန်တော်တို့ကရှင်းပြမယ်။ သူတို့လိုလားချက်တွေ
ကိုနားထောင်မယ်၊ အဲဒီအထဲမှာ ဖြစ်သင့်တာတွေကိုလက်ခံပြီးတော့အရေးယူဆောင်ရွက်မယ်၊ မဖြစ်သင့်ဘူးဆို
လို့ရှိရင်လည်းသူတို့ကိုရှင်းလင်းပြောပြမယ်၊ ကျွန်တော့် တပ်မတော်တစ်ခုတည်းမဟုတ်ဘူးဘယ်အဖွဲ့အစည်း
မဆို ဒီအတိုင်း သွားရမှာဖြစ်တယ်။ တရားရေးလည်း တရားရေးအလျောက်၊အုပ်ချုပ်ရေးလည်း အုပ်ချုပ်ရေး အလျောက်၊ အစိုးရလည်း အစိုးရအလျောက်ပေါ့၊လွှတ်တော်လည်း လွှတ်တော်အလျောက်ပေါ့၊ ဒီလိုပဲသွားရမှာ ဖြစ်တယ်၊ပြည်သူနဲ့ထိတွေ့နေဖို့ လိုပါတယ်၊ ဒါကြောင့်ကျွန်တော်တို့ ဆက်ဆံပါတယ်။
CNA။ ။ခုလိုအချိန်မှာဆောင်ရွက်တာဟာ လာမယ့်ရွေးကောက်ပွဲအတွက်လမ်းကြောင်းတစ်ခုဖြစ်နိုင်တယ်လို့ ယူဆပါသလား။
ဗိုလ်ချုပ်မှူးကြီး။ ။ရွေးကောက်ပွဲကလည်း ရွေးကောက်ပွဲကော်မရှင်က လုပ်ရမယ့်ကိစ္စ၊ကျွန်တော်တို့အနေနဲ့က ပါတီစုံဒီမိုကရေစီလမ်းကြောင်း ကိုသွားပြီဆိုတဲ့အတွက်ကြောင့် ဒီလမ်းကြောင်းပေါ်မှာ ခိုင်ခိုင်မာမာဖြစ်ဖို့ လိုတယ်၊ရွေးကောက်ပွဲဆိုတာလည်း သတ်မှတ်ထားတဲ့ကာလအတွင်းမှာတော့ လုပ်ကြရမှာပဲ၊ ဒီလိုလုပ်တဲ့
အခါမှာရွေးကောက်ပွဲကိုယုံကြည်မှုရှိဖို့လိုတယ်၊ ဒါကတော့ ကျွန်တော်တို့ လုပ်ဆောင်ချက်တွေကတစ်ကဏ္ဍ
အနေနဲ့ပါသလိုပဲ၊ ဒီကဏ္ဍပေါင်းစုံတွေမှာ တာဝန်ရှိတဲ့သူတွေ အဖွဲ့အစည်းတွေ ပြည်သူလူထုတွေအား
လုံးပါမှရမယ်၊ ကျွန်တော်လုပ်ဆောင်ချက်တစ်ခုတည်းနဲ့မဖြစ်ဘူး၊ မလုံလောက်ဘူး၊အားလုံးပါမှရမယ်၊ အားလုံးကနား လည်ရမယ်၊ အားလုံးက ရင့်ကျက်ဖို့လည်းလိုတယ်၊ ဥပမာအားဖြင့်ကျွန်တော်တို့ အိမ်နီးနားချင်း
နှစ်နိုင်ငံ ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ထိုင်းနိုင်ငံပေါ့၊သူတို့လွန်ခဲ့တဲ့ သုံးနှစ်ကာလ အတွင်းမှာလုပ်တဲ့ ရွေးကောက်
ပွဲရှိခဲ့တယ်၊ တစ်ပါတီကနိုင်သွားတယ်၊တစ်ပါတီကို ထောက်ခံတဲ့သူတွေက မကျေနပ်ဘူး၊ မကြိုက်ဘူး၊ ဒါတွေလည်း အများကြီးဖြစ်ခဲ့တယ်၊ဒါဘာလဲဆိုရင် ရင့်ကျက်မှုပဲဖြစ်တယ်၊ ဒါတွေကလည်း ရွေးကောက်ပွဲ
အောင်မြင်မှုမှာအများကြီးသက်ရောက်မှုရှိတယ်၊ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ တပ်မတော်လုပ်ဆောင်ချက် တစ်ခုတည်းတင်မဟုတ်ဘူး၊ သက်ဆိုင်ရာအားလုံး ပြည်သူလူထုအားလုံးပါပြီးတော့ လုပ်မှရမယ်လို့ကျွန်တော်မြင်တယ်။

No comments:
Post a Comment