Wednesday, January 28, 2015

လူမှောင်ခို လူကုန်ကူးမှု ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ထားဝယ်        ဇန်နဝါရီ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊  ထားဝယ်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူးကျင်း ပသောလူမှောင်ခို လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲကိုဇန်နဝါရီ ၂၇ ရက်နေ့မွန်းလွဲ  ၁၃းဝ၀ နာရီ တိုင်းဒေသကြီး ထားဝယ်မြို့၊ ကျောက်ရပ်ရွာ ၊မူလပရိယတ္တိကျောင်း၌ကျင်းပရာ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စု (ထားဝယ်)မှ ရဲအုပ် အောင်ကျော်၊ မြို့နယ်တရားသူကြီး ဦးထွန်းလင်း မြို့နယ်အမျိုးသမီးရေးရာ ဥက္ကဌ ဒေါ်နွယ်နီဝင်းနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ရပ်မိရပ်ဖများ၊ဒေသခံပြည်သူများ တက်ရောက်သည်။



ဟောပြောပွဲတွင်  လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စု (ထားဝယ်)မှ ရဲအုပ်အောင်ကျော် က လူမှောင်ခိုလူကုန်ကူးမှု အကြောင်း သိကောင်းစရာအကြောင်းများနှင့် ပတ်သက်၍လည်ကောင်း၊ မြို့နယ်တရား သူကြီးဦးထွန်းလင်းက လူကုန်ကူးမှုနှင့် ပတ်သက်သည့်ပြစ်မှုပြစ်ဒဏ်များအကြောင်းနှင့်အမျိုးသမီးများ အကြမ်းဖက်ခံရပါက ခုခံကာကွယ်ပိုင်ခွင့် များ အကြောင်းနှင့်ပတ်သက်၍ လည်းကောင်း၊ မြို့နယ်အမျိုးသမီးရေးရာ ဥက္ကဌ ဒေါ်နွယ်နီဝင်းက အရွယ် မရောက်သေးသော ကလေးသူငယ် အဓ္ဓမ ပြုကျင့်ခံရမှုများအကြောင်းနှင့် ပတ်သက်၍ လည်းကောင်းဟောပြောသည်။

ထိုနောက် တက်ရောက်လာသူများအား လူမှောင်ခိုလူကုန်ကူးမှုဆိုင်ရာအသိပညာပေး လက်ကမ်း စာစောင်များကို အခမဲ့ဖြန့်ဝေပေးပြီး အုပ်စုဖွဲ့၍ စကားဝိုင်း ဆွေးနွေးပွဲ များပြုလုပ်ကျင်းပခဲ့ကြောင်း သတင်း ရရှိသည်

No comments:

Post a Comment