Wednesday, January 21, 2015

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၌ အသက်(၅)နှစ်မှ (၁၅)နှစ်ကလေးများကို ဝက်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေး အစုလိုက်ထိုးနှံ

ထားဝယ်     ဇန်နဝါရီ ၂၀               
တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေး ဝန်ကြီးဒေါက်တာဝင်းအောင်နှင့်အတူ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးမှူး ဒေါက်တာကျော်ဇေယျနှင့် အဖွဲ့ဝင် များ၊ အထွေထွေရောဂါကု ဆေးရုံအုပ် ကြီး ဒေါက်တာဒေါ်မြင့်မြင့်ခိုင် နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက် ဝ၉းဝ၀ နာရီအချိန် တိုင်းဒေသကြီး ထားဝယ်မြို့၊ ရှမ္မလည်ဆွဲရပ်၊ လေ့ကျင့်ရေးအလယ်တန်း ကျောင်းတွင် အသက်(၅) နှစ်မှ(၁၅)နှစ် ကလေးများကို ဝက်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေး အစု လိုက်ထိုးနှံသော ကျောင်းသား/ကျောင်းသူများကို ကြည့်ရှု အားပေးသည်။ 
    တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၌ ဇန်နဝါရီ ၂၀ ရက်နေ့တွင် အသက်(၅)နှစ်မှ(၁၅)နှစ်ကလေး များကို ဝက်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေးအစုလိုက် ထိုးနှံသော ကျောင်းများတွင် ရှမ္မလည် ဆွဲ ရပ်၊ လေ့ကျင့်ရေး အလယ်တန်းကျောင်းတွင် ရည်မှန်းကျောင်းသားဦးရေ ၄၅၈ဦး၊ ကျောက်မော်ကြီးရပ်၊ အလယ်တန်း ကျောင်းခွဲတွင် ရည်မှန်းကျောင်းသားဦးရေ ၅၇၅ ဦး၊ ကြက်စားပြင်ရပ်၊ အလယ်တန်းကျောင်း တွင်ရည်မှန်းကျောင်းသားဦးရေ ၇၄၄ ဦး၊မြောင်းပုလဲရပ်၊အလယ်တန်းကျောင်းတွင်ရည်မှန်းကျောင်းသားဦးရေ ၁၀၆၃ ဦး၊ ဝဲကျွန်းထိန်သစ်ရပ် ၊ အလယ်တန်း ကျောင်းခွဲ (၂) တွင်ရည်မှန်းကျောင်းသားဦးရေ  ၁၀၇၇ ဦး ၊စုစုပေါင်း(၃၉၁၇)ဦး ရည်မှန်းထားသည်ဟုသိရှိရ သည်။            

ကျောင်းအခြေပြု ကာကွယ်ဆေး ထိုးနှံရန် လျာထားချက်ကို ထားဝယ်မြို့တွင် လျာထားဦးရေ(၂၅၁၁၁) ဦး၊ ကျောင်းပေါင်း (၁၃၄)ကျောင်း၊ ဆေးထိုးအဖွဲ့ပေါင်း(၃၆)ဖွဲ့၊ ရေဖြုမြို့တွင် လျာထားဦးရေ(၂၂၉၇၆) ဦး၊ ကျောင်း ပေါင်း(၁၄၀)ကျောင်း၊ ဆေးထိုးအဖွဲ့ပေါင်း(၃၀)ဖွဲ့၊  လောင်းလုံးမြို့တွင် လျာထားဦးရေ (၂၅၃၀၂) ဦး ၊ကျောင်းပေါင်း(၁၂၂)ကျောင်း၊ ဆေးထိုးအဖွဲ့ပေါင်း(၃၈)ဖွဲ့၊သရက်ချောင်းမြို့တွင်လျာထားဦးရေ(၂၃၂၃၉) ဦး၊ ကျောင်းပေါင်း(၁၂)ကျောင်း၊ ဆေးထိုးအဖွဲ့ပေါင်း(၃၄)ဖွဲ့ရှိ ပြီး မြို့နယ်များတွင် ကာကွယ်ဆေးများကို ဇန်နဝါရီ ၁၉ ရက်နေ့မှ ဇန်နဝါရီ (၂၇)ရက်နေ့ အထိအသက် (၅)နှစ်မှ (၁၅)နှစ် ကလေးများကိုဝက်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment