Wednesday, January 21, 2015

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီးရေဖြူမြို့နယ်နွေစပါး (ပုလဲသွယ်) စံပြစိုက်ပျိုးပွဲသို့ကြည့်ရှု အားပေး

ရေဖြူ ဇန်နဝါရီ ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ရလိုင်ကျေးရွာ ကွင်းအမှတ် (၄၉ S) ဦးပိုင်အမှတ် (၆)ရှိ တောင်သူဦးဖေမြင့်၏ လယ်မြေ၌ (၂၀-၁-၂၀၁၅) ရကျ နေ့နံနက် (၈းဝ၀)နာရီတွင် နွေစပါး ပုလဲသွယ်စပ် မျိုးစပါး(GW1)စံပြ (၁၀)ဧကအား သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်ဖြင့် (၇)ဧက၊ ကောက်စိုက်စက်ဖြင့် (၃)ဟက စိုက်ပျိုးပြသပွဲ ကိုပြုလုပ် ကျင်းပရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဒေါက်တာဝင်းအောင်နှင့် တိုင်းစိုက်ပျိုးရေးညှိုနှိုင်း မှု အဖွဲ့များ၊ ခရိုင်နှင့်မြို့နယ် စိုက်တိုးမြှင့်အဖွဲ့များ၊ ရေဖြူမြို့နယ် ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ် ရေးမှူးများ၊ တောင်သူများ တက်ရောက် ကြည့်ရှု အားပေးသည်။

ထို့နောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းအောင်ကျော်က သိပ္ပံနည်းကျ စိုက်နည်းစနစ်(GAP)ဖြင့် နွေစပါး စိုက်ပျိုးထားမှု အခြေအနေအားလည်းကောင်း၊ သိပ်ံပနည်းကျ စိုက်နည်းစနစ် (၁၄) ချက်အား လည်းကောင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးရန် စနစ်တကျပျိုးထောင်မှု နည်းစနစ်အား လည်းကောင်း ရှင်းလင်း ဆွေးနွေးပြီး တိုင်းစက်မှုလယ်ယာဦးစီးမှူး ဦးအောင်ထွေးမှ ကောက်စိုက်စက်စွမ်းရည်နှင့်ပတ်သက်၍ လည်းကောင်း တိုင်းဆည်မြောင်းဦးစီးမှူးဦးကျော်ရွှေမှ ရလိုင်ရေထိန်းတံခါးမှ နွေစပါးစိုက်ပျိုးရန်အတွက် ရေပေးနိုင်မှု အခြေအနေအားလည်းကောင်း ရှင်းလင်း ဆွေးနွေးကြသည်။

ဆက်လက်၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဒေါက်တာဝင်းအောင်က တက်ရောက်လာသည့် တောင်သူ လယ်သမားများ နှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ တစ်ဧက အထွက်နှုန်းတိုးစေရန် မျိုးသန့်အထွက် ကောင်းစပါးများ စနစ်တကျမျိုးလဲလှယ်စိုက်ပျိုး အသုံးပြုရန်၊ သိပ္ပံနည်းကျ စိုက်ပျိုးနည်း စနစ်ကိုလည်း သေချလေ့လာ၍ ကျယ်ကျယ်ပြန့်ပြန့် လိုက်နာ ကျင့်သုံးရန်၊ လယ်ယာလုပ်သားရှားပါးမှုနှင့် လယ်လုပ်ခ ဈေးကြီးမှု ပြဿနာများ ကျော်လွှားနိုင်ရန် အတွက် ကောက်စိုက်စက်များအား ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုရန်၊ မိုးစပါး၊ နွေစပါး အောင်မြင်စွာ စိုက်ပျိုးနိုင်ရေး အတွက် ရလိုင်ချောင်းအား (၂၀၁၅-၂၀၁၆)ဘဏ္ဍာရေးနှစ် အတွင်း တူးဖော်မည့် အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး မှာကြားခဲ့ပြီး နွေစပါးပုလဲသွယ်စပ်မျိုးစပါးအား သိပ္ပံနည်းကျ စိုက်နည်းစနစ် (GAP) နှင့်ကောက်စိုက်စက်ဖြင့် စနစ်တကျစိုက်ပျိုးပြသပွဲအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment