မြိတ် ဇန်နဝါရီ ၁၅ ရက်
ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည်နှင့်အညီ နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်မှုသည်
ပညာရေး အပေါ်မှာ အခြေခံထားသည့်အတွက်ကြောင့် နိုင်ငံတော်အစိုးရက ပညာရေးပြုပြင်ပြောင်းလဲမှုကို
အလေးထား ဆောင်ရွက်လျက်ရှိပြီး ဘက်စုံလွမ်းခြုံနိုင်တဲ့ ပညာရေးကဏ္ဍကို လေ့လာသုံးသပ်ပြီး
အမျိုးသားပညာရည်မြှင့်မားရေး၊ လူ့အစွမ်းအားအရင်း
အမြစ်ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လျက်ရှိသည်။
ပညာရေးဝန်ကြီးဌာနမှ မသင်မနေရ အခမဲ့ပညာရေး စီမံကိန်း၊ ရှေးဦးကလေးသူငယ်ဖွံ့ဖြိုးရေး၊
ကျောင်း ပြင်ပပညာရေး၊ အခြေခံပညာရေး၊ အဆင့်မြင့်ပညာရေး၊ ဆရာအတတ်သင်ပညာရေး၊ နည်းပညာနဲ့
အသက်မွေး ဝမ်းကြောင်းပညာရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး ပညာရေးလိုလားသူများကို
အပြည့်အဝ ပညာသင် ကြားနိုင်ရေးအတွက်ကျောင်း အဆင့်များတိုးမြှင့်ဖွင့်လှစ်ပေးလျက်ရှိသည်။
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ် ပထက်ကျေးရွာတွင် အခြေခံပညာအလယ်တန်းကို
အထက်တန်း ကျောင်းအဖြစ် တိုးမြှင့်ဖွင့်လှစ်ပေးခဲ့ရာ
အဆိုပါကျောင်းတွင် ပညာသင်ကြား နေသော ကျောင်းသား/သူများ စိတ်အေးချမ်း သာစွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက်
ပြည်ဖြိုးထွန်း အင်တာနေရှင်နယ် ကုမ္ပဏီ လီမိတက် မိသားစုမှ ကျောင်းဆောင် သစ်များ ဆောက်လုပ်လှူဒါန်းပေးခဲ့ပြီး
၂၀၁၄ခုနှစ် ဇန်နဝါရီလ(၉)ရက် တွင် အဆိုပါ ကျောင်း ဆောင်သစ်များအား ပညာရေးဌာနသို့လွဲပြောင်းပေးအပ်၍
ဖွင့်လှစ်ခြင်းကို တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။
ကျွန်းစုမြို့နယ် ပထက်ကျေးရွာသည် အခြေခံလူတန်းစားများနေထိုင်သော ကျေးရွာဖြစ်ပြီး
၂၀ဝ၁-ဝ၂ ပညာသင်နှစ်တွင် အခြေခံပညာမူလတန်းကျောင်းအဖြစ် ပညာသင်ကြားနေရာမှ အလယ်တန်း၊ အထက်တန်း
ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းသား/သူများမှ ရေခြား၊ မြေခြား မြိတ်မြို့သို့ စက်လှေဖြင့်
သွားရောက် ပညာသင်ကြားခဲ့ကြရပြီး ယခုကဲ့သို့ အထက်တန်းကျောင်းအဖြစ် တိုးမြှင့်ပေးခဲ့ရာ
၎င်းကျောင်းတွင် ပညာသင် ကြားနေသော ကျောင်းသား/သူများအတွက် ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများအား များစွာအထောက်
အကူပြုခဲ့သည်။
အဆိုပါကျောင်းတွင် ကျောင်းသား/သူ (၁၁၀ဝ)ဦးခန့် ပညာသင်ကြားလျက်ရှိရာ ပြည်ဖြိုးထွန်းအင်တာ
နေရှင်နယ် ကုမ္ပဏီလီမိတက် မိသားစုမှ အလျား(၁၈၀)ပေ၊ အနံ(၃၀) ပေ၊ အမြင့်(၂၄)ပေ စာသင်ခန်း(၁၂)ခန်းပါ
RC နှစ်ထပ် ကျွန်းသာယာကျောင်းဆောင်နှင့် အလျား(၂၄၀)ပေ၊ အနံ(၃၀) ပေ၊ အမြင့်(၂၄)ပေ စာသင်ခန်း
(၁၇)ခန်းပါ RC နှစ်ထပ် ကျွန်းရတနာကျောင်းဆောင်ကို စုစုပေါင်း ကျပ်(၆၂၁၅)သိန်း အကုန်ကျခံ
ဆောက်လုပ် လှူဒါန်းပေးသည့်အတွက် ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်တော့မည်ဖြစ်ပြီး
တိုးပွားလာမည့် ကျောင်းသားများအတွက် အလျား(၂၄၀)ပေ၊ အနံ(၃၀)ပေ၊ အမြင့်(၂၄)ပေ စာသင်ခန်း(၁၇)ခန်းပါ
RC နှစ်ထပ် ကျွန်းရတနာ ကျောင်းဆောင်ကို ပြည်ဖြိုးထွန်းအင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်မိသားစုမှ
ထပ်မံ ဆက်လက်ဆောက်လုပ် လှူဒါန်းပေးသွားမည်ဖြစ်သည့် အတွက် ပထက်ကျေးရွာ၊ ရှင်မယဉ်သာကျေးရွာနှင့်
ပထော်ကျေးရွာများရှိ ကျောင်သားမိဘများက ရေခြား၊ မြေခြား မြိတ်မြို့သို့ မသွားရဘဲ မိမိတို့ကျေးရွာတွင်
မိမိရင်သွေးများကို ပညာသင်ကြားနိုင်တော့မည်ဖြစ်သည့်အတွက် ဝမ်းသာပီတိ ဖြစ်လျက်ရှိကြကြောင်း
သိရှိရသည်။

No comments:
Post a Comment