Sunday, January 25, 2015

ဧရာဝတီတိုင်းအတွင်း လျှပ်စစ်ဓာတ်အားပြည့်ဝစွာရရှိရေးနှင့် ဓာတ်အားလုံလောက်စွာ ဖြန့်ဖြူးရေးအတွက် ဓာတ်အားခွဲရုံများ၊ ဓာတ်အားလိုင်းများ တည်ဆောက်လျက်ရှိ

နေပြည်တော် - ဇန်နဝါရီ ၂၅
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနသည် ဧရာဝတီတိုင်းအတွင်း လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ ရရှိရေးနှင့် ဓာတ်အား လုံလောက် စွာ ဖြန့်ဖြူးပေး နိုင်ရေးအတွက် မဟာဓာတ်အားလိုင်းများဖြစ်သော 230 KV အသုတ်-ပုသိမ် ဓာတ်အားလိုင်း (၃၀ ဒသမ ၂၅)မိုင် တည်ဆောက်ခြင်း၊ (2x50)MVA ပုသိမ်ပင်မ ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းများ ဆောင်ရွက် လျက်ရှိ သည့်အပြင် ငပြေမ၊ ငရုတ်ကောင်း၊ ဟိုင်းကြီးကျွန်း၊ မော်တင်စွန်း ဒေသများသို့ ဓာတ်အား ဖြန့်ဖြူးရေးအတွက် 66KV ဓာတ်အားခွဲရုံများ ဓာတ်အားလိုင်းများ တည်ဆောက်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးသည် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့က ဧရာဝတီတိုင်း ဒေသကြီး အတွင်း တည်ဆောက်လျက် ရှိသော ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ သတ်မှတ်ချိန်အမီ ပြီးစီးရေး အတွက် သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် 230/33/11 KV (2x50)MVA ပုသိမ်ပင်မ ဓာတ်အားခွဲရုံ တည်ဆောက်ခြင်း လုပ်ငန်းများသို့ ရောက်ရှိခဲ့ရာ ဓာတ်အားပို့လွှတ် ရေးစီမံကိန်းဌာန အင်ဂျင်နီယာချုပ် ဦးသိန်းလှိုင်မှ ဧရာဝတီ တိုင်းဒေသကြီး အတွက် လက်ရှိ တည်ဆောက်လျက်ရှိသော ၂၃၀ ကေဗွီအသုတ်-ပုသိမ်ဓာတ် အားလိုင်း (၃၀ဒသမ ၂၅ ) မိုင်နှင့် ၂၃၀ ကေဗွီ  (2x50)MVA ပုသိမ်ပင်မဓာတ်အားခွဲ ရုံတည် ဆောက်ရေးလုပ်ငန်း များ ဆက်လက်ဆောင်ရွက်မည့် ၆၆ ကေဗွီ မြစ်တို-ငရုတ်ကောင်း-ငပြေမဓာတ်အားလိုင်း မိုင်(၈၀)၊ 66/33/11 KV (10)MVA ငရုတ်ကောင်း ဓာတ်အားခွဲရုံနှင့် 66/33 KV(20)MVA ဓာတ်အားခွဲရုံ တည်ဆောက်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည့် 230 KV လှိုင်သာယာ-ကျိုက်လတ် ဓာတ်အားလိုင်း အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ ဧရာဝတီ တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဦးသန်းထွန်းအောင်မှ  ၆၆ ကေဗွီဓာတ်အား လိုင်းနှင့် ခွဲရုံများ တည်ဆောက်ပြီးစီးပါက ငပြေမ၊ငရုတ်ကောင်း၊ ဟိုင်းကြီးကျွန်း၊ မော်တင်စွန်းဒေသများသို့ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး အတွက် ဆောင် ရွက်မည့် လုပ်ငန်းစဉ်များအား ဆက်လက်ရှင်းလင်းတင်ပြသည်။
ပြည်ထောင်စုဝန်ကြီးက ရှင်းလင်း တင်ပြချက်များ အပေါ် မဟာဓာတ်အားလိုင်း ဓာတ်အားစနစ်မှ ဓာတ်အား မရရှိသေးသော မြို့နယ်၊ မြို့နယ်ခွဲ၊မြို့များအား ဓာတ်အား ရရှိရေးအတွက် ၃၃ ကေဗွီ၊ ၁၁ ကေဗွီ ဓာတ်အားလိုင်းခွဲရုံများ၊ ငပုတောမြို့တွင် 33/11 KV (5)MVA ဓာတ်အားခွဲရုံတည်ဆောက်ရန် ၎င်းအပြင် ငွေဆောင်ချောင်းသာ ဒေသများသို့ ဓာတ်အားလိုင်းများ တည်ဆောက်ခြင်း၊ ခွဲရုံများတည်ဆောက်ခြင်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် ယခုတည်ဆောက်မည့် ဓာတ်အား ခွဲရုံများပြီးစီးပါက ပတ်ဝန်းကျင် ကျေးရွာ များသို့ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်အတွက် 33/11 KV ဓာတ်အားလိုင်းနှင့် ဓာတ်အား ခွဲရုံများကို ကြိုတင်စီမံဆောင်ရွက်သွားရန် မှာကြားသည်။
အဆိုပါဓာတ်အား လိုင်းများနှင့် ဓာတ်အားခွဲရုံများ တည်ဆောက်ပြီးစီးပါက ငပြေမ  ဒေသပတ်ဝန်းကျင်(၄၂)ရွာ၊ င ရုတ်ကောင်းဒေသ ပတ်ဝန်းကျင်(၁၃)ရွာ၊ ဟိုင်းကြီးကျွန်း ဒေသပတ်ဝန်းကျင်(၈)ရွာ၊ မော်တင်စွန်းဒေသ ပတ်ဝန်းကျင်(၈)ရွာ၊ ငပုတောေ ဒသ ပတ်ဝန်းကျင်(၁၈)ရွာ စုစုပေါင်းကျေးရွာ (၈၉)ရွာအား နိုင်ငံတော်ဓာတ်အား စနစ်မှ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment