Sunday, January 25, 2015

သတ္တုလုပ်ငန်းရှင်များတွေ့ဆုံ

နေပြည်တော်၊ ဇန်နဝါရီ - ၂၅
သတ္တုတွင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်အတွင်းရှိ သတ္တုလုပ်ငန်း ရှင်များတွေ့ဆုံပွဲ အခမ်းအနားကို ဇန်နဝါရီ(၂၃)ရက်က မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ် အစိုးရ အဖွဲ့ရုံး၊ အောင်ဆန်း ခန်းမ တွင် နေ့လည်(၁)နာရီက ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်အောင်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအုန်းမြင့်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်မင်း တက်ရောက်၍ အဖွင့်အမှာစကားပြာကြားသည်။



အဆိုပါအခမ်းအနားသို့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကျင်ဖေ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင် ဝန်ကြီးများ၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ၊ မြန်မာ နိုင်ငံ EITI ဖော်ဆောင်ရေး ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းမှ တာဝန် ရှိသူများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလယ်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူများ၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းမှ သတ္တုတွင်းလုပ်ငန်းရှင်များ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များ စုစုပေါင်း(၂၅၃)ဦးတက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီးပြောကြားရာ၌ “ယနေ့တွေ့ဆုံ ဆွေးနွေးပွဲသည် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် အတွင်းမှာရှိသည့် သတ္တုလုပ်ငန်းရှင်များအား သတ္တုတွင်းဝန်ကြီးဌာန အပါအဝင် နိုင်ငံတော် ၏ ပြုပြင်ပြောင်း လဲရေး ဆောင် ရွက်နေ မှုများ၊ သတ္တုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများနှင့် လုပ်ငန်း ရှင်များ၏ အခက်အခဲ၊ ရင်ဆိုင်နေရ သည့်စိန်ခေါ်မှုများ ဖြေရှင်းနိုင်ရန် ဝိုင်းဝန်းစဉ်းစား အဖြေရှာပေး ရန်ဖြစ် ကြောင်း” ဖြင့် ပြောကြားခဲ့သည်။ ဆက်လက်၍  EITI ဖော်ဆောင်ရေးနှင့် ပတ်သက်၍ ဒုတိယဥက္ကဋ္ဌ ဦးမင်း ဇာနည်မှလည်းကောင်း၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် တွဲဖက် အတွင်းရေးမှူး ဦးအေးလွင်မှ သတ္တုလုပ်ငန်း ရှင်များအသင်း ဖွဲ့စည်းပုံအဆင့်ဆင့် ရှင်းလင်းခြင်းနှင့် သတ္တုတွင်း ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ သတ္တုလုပ်ငန်းရှင်များမှ သတ္တုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြခြင်း၊ အခက်အခဲများ တင်ပြဖြေရှင်းခြင်းများ ပြုလုပ်ကြပြီး အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။
ပြည်ထောင်စု ဝန်ကြီးနှင့် မွန်ပြည်နယ် ဝန်ကြီးချုပ်တို့သည် အဖွဲ့ဝင်များလိုက်ပါလျက် မွန်ပြည်နယ် သံဖြူ ဇရပ်မြို့နယ် ပငဆားကွင်းသို့ရောက်ရှိပြီး ဆားတောင်သူလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment