နေပြည်တော်၊ ဇန်နဝါရီ-၂၅
ဆောက်လုပ်ရေးဝန်ကြီးဌာန
ပြည်ထောင်စု ဝန်ကြီး ဦးကျော်လွင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ လျှက် ယမန်နေ့
နေ့ လည်ပိုင်းက MaX Myanmar ကုမ္ပဏီမှ B.O.T စနစ်ဖြင့် ဆောင်ရွက်နေသော ရန်ကုန်-ပဲခူး-မန္တလေး
ပြည်ထောင်စု လမ်းမကြီး(ရန်ကုန်-ပဲခူး)လမ်းအပိုင်း အခြေအနေတို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး
ပဲခူးမြို့ရှောင်လမ်းလုပ်ငန်း ခွင်သို့ ရောက် ရှိခဲ့သည်။
ပဲခူးမြို့ရှောင်လမ်းအရှည်
(၁၁)မိုင်(၃)ဖာလုံအား လမ်းတာဘောင်အကျယ်(၄၀)ပေ၊ ကတ္တရာလမ်း အကျယ် (၂၄)ပေ အဆင့်ထိ ဆောင်ရွက်မည့်
အခြေအနေ၊ ပထမအဆင့် ကျောက်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက် ထားရှိမှု၊ ကွန်ကရစ်ရေပြွန်နှင့်
တံတားငယ်များ တည်ဆောက်ပြီးစီးမှု အခြေအနေတို့ကို လိုက်လံ ကြည့်ရှု စစ်ဆေး သည်။
ယခုဖောက်လုပ်နေသည့်
ပဲခူးမြို့ရှောင်လမ်းသည် အရှည်(၁၁)မိုင်(၃)ဖာလုံရှိပြီး လမ်းတာ ဘောင်အကျယ် (၄၀)ပေ၊
ကတ္တရာလမ်းအကျယ်(၂၄)ပေနှင့် အဆိုပါလမ်းပေါ်တွင် ကွန်ကရစ်ရေပြွန်နှင့် တံတားငယ်(၅၆)စင်း၊
ပေ(၁၈၀)နှင့်အထက် ပဲခူးမြစ်ကူးတံတား(၁)စင်း၊ ကလိချောင်းတံတား(၁)စင်း ပေါင်း(၂) စင်းပါရှိကာ
ပဲခူးမြို့ရှောင် လမ်းပြီးစီးပါက ပဲခူးမြို့တွင်း ယာဉ်ကြော ပိတ်ဆို့မှု ကို ဖြေလျော့ပေးနိုင်သလို
ယာဉ်အန္တ ရာယ်ကင်း ရှင်း၍ လမ်းပန်းဆက်သွယ်မှု လွယ်ကူချောမွေ့လာ မည်ဖြစ်သည်။
ထို့နောက်
ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် ပဲခူးမြို့ရှောင်လမ်းပေါ်ရှိ အရှည်(၄၈၀)ပေ၊ ပဲခူးမြစ်ကူး
တံတား တည်ဆောက်ရေး လုပ်ငန်း ခွင်သို့ ရောက်ရှိပြီ(A1)နှင့် (A2)ကမ်းကပ်ခုံနှစ်ဖက် ဆောင်ရွက်ပြီးစီးမှု၊ ရေလည်တိုင်
(P1) (P4) နှင့် (P5)ဆောင်ရွက်ပြီးစီးမှု၊
ကျန်ရှိသည့် (P2)နှင့် (P3)ဘိုးပိုင်လုပ်ငန်းများ ဆောင်ရွက်
နေမှုတို့ကို လုပ်ငန်းခွင်အတွင်း လိုက်လံကြည့်ရှုစစ်ဆေးသည်။
ယင်းနောက်
ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် လူကူးခုံးကျော်တံတား တည်ဆောက်ရေး လုပ်ငန်းခွင် သို့ရောက်
ရှိကာ ပင်မလုပ်ငန်းများ၊ လှေကား၊ လက်ရန်းနှင့် အမိုးလုပ်ငန်းများ ဆောင်ရွက်နေမှု တို့ကို
အသေးစိတ် လိုက်လံကြည့်ရှုစစ်ဆေးသည်။
ယခု
တည်ဆောက်နေသည့် လူကူးခုံး ကျော်တံတားသည် ပဲခူးမြို့တွင် အမှတ်(၃) အခြေခံပညာ အထက် တန်း
ကျောင်းရှေ့တွင် တည်ရှိ၍၊ လုပ်ငန်းတစ်ခုလုံး (၆၀)ရာခိုင်နှုန်း ပြီးစီးလျက် သတ်မှတ် အချိန်အတွင်း
ကျန်လုပ် ငန်းများ ပြီးစီးရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။ အဆိုပါ လူကူးခုံးကျော်တံတားကြီးပြီးစီး သွားပါက
ပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ အန္တရာယ်ကင်းရှင်းစွာဖြင့် ဖြတ်သန်းသွားလာနိုင်
မည်ဖြစ်သည်။
No comments:
Post a Comment