မွန်ပြည်နယ်၊
သထုံမြို့နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ (TCRC)နှင့် ကလေးသူငယ် ဖွံ့ဖြိုးရေး
အသင်း(CFN) တို့ပူးပေါင်းကာ ဇန်န၀ါရီလ ၁၉ ရက်၊ မွန်းလွဲ ၂ နာရီက သထုံမြို့နယ် အုပ်ချုပ်ရေးမှူးရုံး
အစည်းအဝေး ခန်းမတွင် မြို့နယ်အတွင်း ကလေးသူငယ် အခွင့်အရေး ဆိုင်ရာများကို လုပ်ငန်းညှိနှိုင်း
စည်းဝေးခဲ့ကြသည်။
အဆိုပါ
အခမ်းအနားသို့ မြို့နယ်(TCRC)ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး
ရဲမှူးကျော်မင်းနှင့် (TCRC)အဖွဲ့ဝင်များ၊ (CFC)မှ သထုံမြို့နယ် တာဝန်ခံ ဒေါ်မြတ်မျိုးသန်း
နှင့်အဖွဲ့ဝင်များ တက်ရောက် ဆွေးနွေးခဲ့ကြသည်။
ရှေးဦးစွာ
မြို့နယ်(TCRC) ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားပြီး (CFC)မှ သထုံမြို့နယ် တာဝန်ခံက (TCRC)နှင့်
ချိတ်ဆက်ကာ ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားရာ တက်ရောက် လာကြသော
မြို့နယ်(TCRC) အဖွဲ့ဝင်များက ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များနှင့် လိုအပ်ချက်
များကို အပြန်အလှန် ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါ
ကလေးသူငယ် ဖွံ့ဖြိုးရေးအသင်း(CFN)သည် မြို့နယ် (TCRC)နှင့် ၂၀၁၁ ခုနှစ်မှ စတင် ချိတ်ဆက်ကာ
ကလေးသူငယ် အခွင့်အရေး ဆိုင်ရာများကို ပူးပေါင်း ဆောင်ရွက်နေခြင်းဖြစ်ပြီး (၂၀၁၄-၂၀၁၅)
ဘဏ္ဍာနှစ်၏ ရပ်ရွာ အခြေပြု ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး စီမံချက်ကို သထုံမြို့နယ်
အတွင်းရှိ ပေါ်တော်မူ ကျေးရွာအုပ်စု၊ ဇရစ်ချောင်ကျေးရွာ အုပ်စုနှင့် ထိန်ပင်ကျေးရွာ
အုပ်စုတို့တွင် ဆောင်ရွက်လျက် ရှိကြောင်း (CFN) အဖွဲ့မှ သိရသည်။



No comments:
Post a Comment