Wednesday, January 21, 2015

ဓာတုလက်နက် တားဆီးပိတ်ပင်ရေး စာချုပ်သို့ ဝင်ရောက်ခြင်းသည် မြန်မာနိုင်ငံအတွက် အဘက်ဘက်က အကျိုးရှိမည်

နေပြည်တော် ဇန်နဝါရီ ၂ဝ
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် နိုင်ငံတော် သမ္မတထံမှ သဝဏ်လွှာဖြင့် ပေးပို့ထားသော ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီမှ ဂျပန်ယန်း ၁ဝ ‘ဒသမ ၅ဝဝ ဘီလီယံချေးယူခွင့်နှင့် စပ်လျဉ်း၍ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ရှင်းလင်းတင်ပြရာတွင် အဆိုပါ ချေးငွေကို ဆက်သွယ်ရေးအခြေခံ အဆောက်အအုံနှင့် အင်တာနက်စနစ် အဆင့်မြှင့်တင်ရေးကိစ္စရပ်များတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ကိစ္စ ရပ်ခြောက်ခုအတွက် အသုံးပြုဆောင် ရွက်သွားမည်ဖြစ်ရာ ပထမအချက်မှာ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး ပင်မဖိုက်ဘာဆက်ကြောင်းအတွက် စက်ပစ္စည်းတိုးမြှင့်တပ်ဆင်ခြင်းဖြစ် ပါကြောင်း၊ ဒုတိယအချက်မှာ ရန်ကုန် မြို့တွင်း ဖိုက်ဘာဆက်ကြောင်း တည်ဆောက်ခြင်းဖြစ်ပြီး တတိယအချက်မှာ ရန်ကုန်မြို့တွင်းMetro Fiber စက်ပစ္စည်း တပ်ဆင်ခြင်းဖြစ် ပါကြောင်း၊ စတုတ္ထအချက်မှာ နိုင်ငံတကာသို့ ဆက်သွယ်သည့် National Gate- way မှာ သုံးစွဲသူများပြား လာသဖြင့် ကျပ်တည်းလာမှုအတွက် အဆင့်မြှင့် ခြင်းဖြစ်ပါကြောင်း၊ ပဉ္စမအချက်မှာ အင်တာနက်စနစ်ကို လက်ရှိIPv ၄ မှာ သုံးစွဲသူများပြားလာသဖြင့် ကန့်သတ်ချက် ရောက်လုနီးပါးဖြစ်လာ သောကြောင့်IPv ၆ သို့ ပြောင်းလဲ သုံးစွဲနိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ကာ ဆဋ္ဌမနှင့်နောက်ဆုံးအချက်အနေဖြင့် သီလဝါအထူး စက်မှုဇုန်တွင် ဆက် သွယ်ရေး အခြေခံအဆောက်အအုံ တည်ဆောက်ခြင်းတို့ဖြစ်ပါကြောင်း။


ဆက်သွယ်ရေး ပြုပြင်ပြောင်းလဲရေး အစီအစဉ်အရ မိုဘိုင်းဖုန်း ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ပုဂ္ဂလိက အော်ပရေတာများက ဆောင်ရွက်နေကြပြီဖြစ်ပါကြောင်း၊ သို့ရာတွင် êကြိုးဖုန်းနှင့် ဖက်စ်၊ အထူးလုံခြုံမှု လိုအပ်သော ဘဏ် နြအတသမု နှင့် အထူးစီးပွားရေးဇုန် လုပ်ငန်းများ၊ အင်တာနက်နှင့် သက် ဆိုင်သော လုံခြုံရေး၊ နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သည့် ITU/APNIC တို့နှင့် ဆက်သွယ်ပြီး စံသတ်မှတ်ခြင်းများကို နိုင်ငံတော် ကသာ ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊ ယခု ODA ချေးငွေမှာ အတိုးနှုန်း ဝ ဒသမ ဝ၁ ရာခိုင်နှုန်း သာ ဖြစ်သဖြင့် အထူးသက်သာပြီး ဆိုင်းငံ့ ကာလ (၁ဝ)နှစ်၊ ပြန်ဆပ်ကာလ (၄ဝ)နှစ်ဖြစ်ပါကြောင်း၊ ယင်းချေးငွေ များဖြင့် စီမံကိန်းများ တည်ဆောက် ပြီးပါက အော်ပရေတာများနှင့်အခြား အသုံးပြုသူများအား ငှားရမ်းသုံးစွဲ ခြင်းဖြင့် ဝင်ငွေပြန်လည်ရရှိသွား မည်ဖြစ်သဖြင့် ပြန်လည်ပေးဆပ်ရန် အခက်အခဲမရှိနိုင်သည်ကို တွေ့ရပါ ကြောင်းဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဓာတုလက်နက်များကို အဆင့်မြှင့်ခြင်း၊ ထုတ်လုပ်ခြင်း၊ စုပုံသိုလှောင်ခြင်းနှင့် ယင်းလက်နက်များဖြင့် အသုံးပြုတိုက် ခိုက်ခြင်းတို့ကို ပိတ်ပင်တားဆီးရေးနှင့် ဖျက်သိမ်းရေးဆိုင်ရာ သဘောတူ စာချုပ်သို့ မြန်မာနိုင်ငံက အတည်ပြု ဝင်ရောက်နိုင်ရေးနှင့် စပ်လျဉ်း၍ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးတင်ဦးလွင်က ပြည် ထောင်စုလွှတ်တော်(၁၁)ကြိမ်မြောက် အစည်းအဝေးကာလ ၂ဝ၁၄ ခုနှစ် စက်တင်ဘာ ၂၉ ရက်တွင် ဇီဝ လက်နက် ပိတ်ပင်တားဆီးရေးစာချုပ် သို့ မြန်မာနိုင်ငံက အတည်ပြုပါဝင်ရေး တင်ပြချက်အပေါ် လွှတ်တော်ကအတည်ပြုချက်ရခဲ့သည်နှင့် အညီ ဂျီနီဗာမြို့၌ ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၁ ရက်၌ ယင်းစာချုပ်လက်ခံထိန်းသိမ်း သည့် နိုင်ငံများဖြစ်သည့် အမေရိကန်၊ ဗြိတိန်နှင့် ရုရှားနိုင်ငံအစိုးရ ကိုယ်စား လှယ်များထံ အတည်ပြု စာချွန်လွှာ များကို ပေးအပ်ခဲ့ပြီး အဆိုပါရက် နေ့မှစပြီး မြန်မာနိုင်ငံသည် ဇီဝလက်နက် တားဆီးပိတ်ပင်ရေးစာချုပ် စာချုပ်ဝင်နိုင်ငံ ဖြစ်လာပြီဆိုသည် ကိုလည်းယခုကဲ့သို့ အခါအခွင့်ရရှိခိုက် တင်ပြအပ်ပါကြောင်း။
ဓာတုလက်နက် တားဆီးပိတ်ပင် ရေးစာချုပ်၏ နိဒါန်းပိုင်း အာတီကယ် ၂၄ ခုနှင့် နောက်ဆက်တွဲ ၃ ခုပါဝင်ပါ ကြောင်း၊ ပထမနောက်ဆက်တွဲသည် ဓာတုဗေဒပစ္စည်း အမျိုးအမည်များ ဖြစ်ပြီး ဒုတိယနောက်ဆက်တွဲအနေ ဖြင့် ကြပ်မတ်စစ်ဆေးခြင်းဖြစ်ကာ တတိယနောက်ဆက်တွဲမှာ သတင်း လုံခြုံမှုဆိုင်ရာကိစ္စဖြစ်ပါကြောင်း။
စာချုပ်၏ အဓိကရည်ရွယ်ချက်သည် အဖွဲ့ဝင်နိုင်ငံများသည် အစုလိုက် အပြုံလိုက် သေကျေပျက်စီး စေသည့် လက်နက်များ လုံးဝချုပ်ငြိမ်း ရေးအပါအဝင် အထွေထွေနှင့် လုံးဝလက်နက် ဖျက်သိမ်းရေးကို ဦးတည် ဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း၊ စာချုပ်ပါအချက်များအရ မည်သည့် အကြောင်းကြောင့်ဖြစ်စေ ဓာတု လက်နက်ကို တပ်ဆင်ခြင်း၊ ထုတ် လုပ်ခြင်း၊ ရယူခြင်း၊ စုပုံခြင်း (သို့ မဟုတ်) သိုလှောင်ခြင်း၊ တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ မည်သူ့ ကိုမဆို အားပေးကူညီခြင်း မပြုလုပ် ရန် တားမြစ်ထားပါကြောင်း၊ မိမိ ပိုင်ဆိုင်ရန် (သို့မဟုတ်) ပိုင်ဆိုင်ခွင့် ရှိသည့်၊ မိမိပိုင်နက်အတွင်း၌ရသည့် အခြားအဖွဲ့ဝင်နိုင်ငံ၏ ပိုင်နက်အတွင်း ရှိ မိမိစွန့်ပစ်ထားသည့် ဓာတုလက် နက်များ ထုတ်လုပ်နိုင်စွမ်းရှိသည့် ပစ္စည်းများကို ဖျက်ဆီးပစ်ရန် တာဝန် ရှိပါကြောင်း၊ စစ်ပွဲအသွင်နှင့် အဓိ ကရုဏ်းနှိမ်နင်းရေး ဓာတုပစ္စည်းများ ကိုလည်း အသုံးမပြုရန်ဖြစ်ပါကြောင်း။
လက်ရှိတွင် စာချုပ်ကို နိုင်ငံပေါင်း(၁၉ဝ)က အဖွဲ့ဝင်အဖြစ် ပါဝင် လက်မှတ်ရေးထိုးထားပြီး ဖြစ်ပါ ကြောင်း၊ လက်မှတ်ရေးထိုးထားပြီး အတည်ပြုပါဝင်ချုပ်ဆိုထားခြင်း မရှိ သေးသည့် နိုင်ငံများမှာ အစ္စရေးနှင့် မြန်မာနိုင်ငံတို့ဖြစ်ပါကြောင်း၊ လက်မှတ်ရေးထိုးထားခြင်း၊ အတည်ပြု ပါဝင်ထားခြင်း မရှိသေးသည့် နိုင်ငံ များမှာ အင်ဂိုလာ၊ အီဂျစ်၊ မြောက် ကိုရီးယားနှင့် တောင်ဆူဒန်နိုင်ငံများ ဖြစ်ပါကြောင်း၊ ယခုအချိန်အထိ ကမ္ဘာအနှံ့ကြေညာထားသည့် ဓာတုလက်နက်အမျိုးမျိုး မက်ထရစ် တန် ချိန် စုစုပေါင်း ၇၂၅၂၄ တန်၏ ၈၄ ဒသမ ၉၅ ရာခိုင်နှုန်းသော ဓာတုလက်နက်အမျိုးမျိုးကို ဖျက်ဆီးနိုင် ခဲ့ပြီးဖြစ်သောကြောင့် ဓာတုလက်နက် တားဆီးပိတ်ပင်ရေး စာချုပ်ဆိုင်ရာ အဖွဲ့အစည်းနှင့် အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု၏ ရလဒ်အဖြစ် တွေ့နိုင်ပါကြောင်း။
ဓာတုလက်နက်တားဆီးပိတ်ပင် ရေးစာချုပ်တွင် မြန်မာနိုင်ငံက အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခြင်းဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ အပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ အပြည် ပြည်ဆိုင်ရာ အသိုက်အဝန်းတို့နှင့် ဓာတုလက်နက် ဘေးအန္တရာယ်မှ ကာကွယ်ရေးအတွက် အလေးထား ဆောင်ရွက်သွားမည် ဖြစ်သည်ကို ပြသရာရောက်စေပါကြောင်း၊ နည်း ပညာ၊ အသိပညာ လိုအပ်ချက်ရှိ သည်ကလွဲ၍ ဓာတုလက်နက်ထုတ် လုပ်အသုံးပြုခြင်းမရှိသည့် မြန်မာ နိုင်ငံအနေဖြင့် စာချုပ်ပါပြဋ္ဌာန်း ချက်များကို အကောင်အထည်ဖော် ရန် အခက်အခဲမရှိဟု သုံးသပ်ရပါ ကြောင်း၊ တစ်ဆက်တည်းမှာပင် နိုင်ငံ တကာ အသိုက်အဝန်းနှင့် ယုံကြည်မှု ပိုမိုတည်ဆောက်နိုင်ရေးကို အထောက် အကူပြုမည်ဖြစ်ပါကြောင်း။
စာချုပ်၏ရည်ရွယ်ချက်မှာ ဓာတု လက်နက်များကို တားဆီးပိတ်ပင်ရန် ဖြစ်သည့်အပြင် ဓာတုလက်နက် ပစ္စည်းများကို သတ်မှတ်ချက်ဘောင် အတွင်း ငြိမ်းချမ်းစွာအသုံးပြုခြင်းကို အားပေးထားသည့်အတွက် ပါဝင် လက်မှတ်ရေးထိုးခြင်းဖြင့် ဓာတုပစ္စည်းကုန်သွယ်မှုမှာ နိုင်ငံတကာ စာချုပ်များ၊ ဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး နိုင်ငံ အများနှင့် ယုံကြည်မှုပိုမိုတည်ဆောက် နိုင်မည်ဖြစ်သည့်အတွက် မြန်မာ နိုင်ငံအနေဖြင့် နိုင်ငံတကာကုန်သွယ် မှုတွင်လည်း အပြုသဘော အကျိုး သက်ရောက်စေမည်ဖြစ်ပါကြောင်း။
ဓာတုလက်နက်တားဆီးပိတ်ပင် ရေးစာချုပ်သို့ မြန်မာနိုင်ငံက ပါဝင်မည်ဆိုပါက အတည်ပြုဝင်ရောက် ခြင်း စာချွန်လွှာကို စာချုပ်ထိန်းသိမ်းသူ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ထံသို့ အပ်နှံရမည်ဖြစ်ပါကြောင်း၊ ထိုသို့အပ်နှံပြီး ရက်ပေါင်း ၃ဝ ပြည့် သည့်နေ့တွင် ယင်းစာချုပ်က မြန်မာ နိုင်ငံအပေါ်တွင် အာဏာသက်ဝင် မည်ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံသည် စာချုပ်အဖွဲ့ ဝင် နိုင်ငံဖြစ်လာမည်ဆိုပါက စာချုပ် ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဓာတု စက်မှုလုပ်ငန်းများကို ကြပ်မတ် ထိန်းသိမ်းရေးနှင့် စာချုပ်ဆိုင်ရာအဖွဲ့ အစည်းနှင့်လိုအပ်သလို ပူးပေါင်း ဆောင်ရွက်သွားရန်၊ ဓာတုပစ္စည်း များကို ထုတ်လုပ်ခြင်း၊ တင်ပို့ခြင်း၊ တင်သွင်းခြင်း စသည့်စီးပွားရေးနှင့် ကုန်သွယ်ရေးကိစ္စများတွင် စာချုပ်ပါ ပြဋ္ဌာန်းချက်များနှင့် အညီ ဆောင်ရွက် နိုင်ရန်အတွက် တည်ဆဲပြည်တွင်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို စာချုပ်ပါ ပြဋ္ဌာန်းချက်များနှင့် လျော် ညီအောင် ရေးဆွဲရန်၊ စာချုပ်နှင့် မကိုက်ညီသည့် လုပ်ဆောင်ချက်များ ကို ဥပဒေနှင့် တားမြစ်ပိတ်ပင် ရန် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ စာချုပ်ပါ ဓာတုဗေဒ အမျိုးအစား ခွဲခြားမှုအပေါ် မူတည်ပြီး ဓာတု လက်နက်တားဆီး ပိတ်ပင်ရေးစာချုပ် ဆိုင်ရာအဖွဲ့အစည်းသို့ သက်ဆိုင်ရာ ဓာတုပစ္စည်းများနှင့် ပတ်သက်ပြီး နှစ်စဉ်ကြေညာခြင်း၊ အစီရင်ခံစာ ပေးပို့ခြင်း၊ စက်ရုံနှင့်စက်မှုလုပ်ငန်း များ၏ နည်းပညာဆိုင်ရာ လျှို့ဝှက် သတင်းအချက်အလက်များ လုံခြုံရေး အတွက်လည်း OPCW အဖွဲ့အစည်း နှင့်အတူ စာချုပ်အရ ဆောင်ရွက်ခြင်း တို့ကို ပြုလုပ်သွားရန် ရှိပါကြောင်း။
ဓာတုလက်နက် တားဆီးပိတ်ပင် ရေးစာချုပ်သို့ ဝင်ရောက်ခြင်းသည် မြန်မာနိုင်ငံအတွက် အဘက်ဘက်က အကျိုးရှိမည်ဖြစ် ပါကြောင်း၊ မြန်မာ နိုင်ငံ၏ ဓာတုစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်စေ မည်ဖြစ်သကဲ့သို့ နိုင်ငံတကာအသိုက် အဝန်းက လေးစားထိုက်ပြီး နိုင်ငံ တကာငြိမ်းချမ်းရေးအတွက် တာဝန် သိသိ ရပ်တည်သည့် နိုင်ငံတစ်နိုင်ငံ အဖြစ်လည်း ပိုမိုရပ်တည်သွားနိုင်မည် ဖြစ်ပါကြောင်း၊ သို့ပါသောကြောင့် မြန်မာနိုင်ငံအနေဖြင့် ဓာတုလက်နက် တားဆီးပိတ်ပင်ရေး စာချုပ်သို့ အတည်ပြုဝင်ရောက်သင့်ပါကြောင်း ဖြင့် ရှင်းလင်းသည်။
ဆက်လက်၍ အဆိုပါသဘောတူ စာချုပ်သို့ မြန်မာနိုင်ငံက အတည်ပြု ဝင်ရောက်နိုင်ရေးနှင့် စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားရယူရာ လွှတ်တော်က သဘောတူအတည် ပြုခဲ့သည်။

 
 

No comments:

Post a Comment