ရန်ကုန်
ဇန်နဝါရီ ၂၀
ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ကြည့်မြင်တိုင်မြို့နယ်အတွင်း
လှိုင်မြစ်အနောက် ဘက်တွင် တည်ဆောက်နေသော စက်ဆန်းတိုက် နယ်ဆေးရုံတည်ဆောက်မှုများ ပြီးစီးတော့မည်
ဖြစ်၍ မကြာမီ ဖွင့်လှစ်နိုင်တော့မည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး မြို့နယ်ဆရာ
ဝန်ကြီး ဒေါက်တာခင်မောင်လွင်က “ဆေးရုံဖွင့် နိုင်အောင် စီစဉ်နေကြပါပြီ။ ခုတင်ကအစ ဆေးရုံသုံး
ပစ္စည်းတွေ မကြာမီရောက်လာတော့မှာပါ။ တိုက်နယ် ဆေးရုံ ဖွဲ့စည်းပုံအရ တာဝန်ခံဆရာဝန် တစ်ဦး၊
လက်ထောက်ဆရာဝန် တစ်ဦး၊ အထက် တန်းသူနာပြု နှစ်ဦး၊ သူနာပြု လေးဦးနှင့် အခြား အဆင့်ဝန်ထမ်း
၁၇ ဦးတို့က ပြည်သူတွေရဲ့ကျန်းမာ ရေးကို အနီးကပ်စောင့်ရှောက် ပေးနိုင် တော့မှာပါ” ဟုပြောသည်။
ကုသမှုအပိုင်းတွင် အထွေထွေ ရောဂါများ၊ အသေးစားခွဲစိတ်မှုများ၊ သားဖွားခြင်း နှင့် အမျိုးသမီးဆိုင်ရာရောဂါများကို
ကုသပေးမည်ဖြစ်ကြောင်း သိရသည်။
ကြည့်မြင်တိုင်မြို့နယ်အတွင်း လှိုင်မြစ်၏အရှေ့
ဘက်ကမ်းတွင် ရပ်ကွက် ၁၈ ခုရှိပြီး အနောက် ဘက်ကမ်းတွင် ကျေးရွာ ၁၁ ရွာကို စုပေါင်းကာ
ရပ်ကွက်လေးခုအဖြစ် သတ်မှတ်ထားသည်။ လှိုင်မြစ်အရှေ့ဘက် ရပ်ကွက်များသည် ဖွံ့ဖြိုးတိုးတက်
မှုရှိသော်လည်း အနောက်ဘက်ကမ်း ရပ်ကွက် လေးခုမှာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျလျက်ရှိနေသည်။
ထို့ကြောင့် လှိုင်မြစ်အနောက်ဘက်ကမ်းနေ ပြည်သူအများစုသည် စီးပွားရေး လုပ်ငန်းများကို
မြစ်အရှေ့ဘက်ကူး၍ လာရောက်လုပ်ကိုင်ကြ သကဲ့သို့ ကျန်းမာရေးအတွက်လည်း အရှေ့ ဘက် ကမ်းကိုသာ
အားကိုးနေရသည်။ ၂၀၁၁ ခုနှစ် အထိ ကျန်းမာရေးဌာနခွဲပင်မရှိဘဲ မြို့နယ် ကျန်းမာရေးဌာနဝန်ထမ်းများက
နေ့ကူးညပြန် သွားရောက်၍ ကျန်းမာရေး ကိစ္စများ ဆောင် ရွက် ပေးရသည်။
ထို့ကြောင့် လှိုင်မြစ်အနောက်ဘက်ကမ်း ရပ်ကွက်လေးခုမှပြည်သူများအတွက်
ကျေးလက် ကျန်းမာရေးဌာနနှင့် ကျန်းမာရေး ဌာနခွဲများ ဖွင့်လှစ်ရန် ရပ်ရွာဆရာတော်များကဦးဆောင်၍
မြို့နယ်ကျန်းမာရေးမှူး၊ မြို့နယ် ဆရာဝန်ကြီးများ၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးများက ၂၀၀၁
ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ရာ ၂၀၀၂ ခုနှစ် စက်တင်ဘာ ၉ ရက်တွင် ဦးမြငါးစင်ရပ်ကွက်၌
ပထမဆုံး ကျေးလက်ကျန်းမာရေးဌာနခွဲကို ဖွင့်လှစ်နိုင်ခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် စက်ဆန်းရပ်ကွက်နှင့်
၂၀၀၅ ခုနှစ်တွင် ဝါးရုံဆိပ်ရပ်ကွက် ကျန်းမာရေးဌာနခွဲ များကို ဖွင့်လှစ်နိုင်ခဲ့သည်။
အစိုးရသစ်လက်ထက်တွင် မြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်
ဦးသန်းစိန်၏ တင်ပြမှု ကြောင့် ကျန်းမာရေးဝန်ကြီး ဌာနနှင့် အလှူရှင်များ ပူးပေါင်း၍ (၁၆)
ခုတင်ဆံ့ စက်ဆန်းတိုက်နယ် ဆေးရုံကို ၂၀၁၃ ခုနှစ် မတ်လအတွင်း စတင် တည်ဆောက်ခဲ့ကာ ၂၀၁၄
နှစ်ကုန်တွင် ပင်မ အဆောက်အုံတည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီး ခဲ့ပြီး ဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်း၊
ခြံစည်း ရိုးခတ်ခြင်း၊ ရင်ခွဲရုံတည်ဆောက်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
စက်ဆန်းတိုက်နယ်ဆေးရုံ ဖွင့်လှစ်ပြီးပါက လှိုင်မြစ်အနောက်ဘက်ကမ်းရှိ
ဆိပ်ကြီး၊ ဦးမြ၊ ငါးစင်၊ အလတ် ချောင်း၊ အောက်ရုံ၊ စက်ဆန်း၊ စက်ကလေး၊ ဘလုတ်ညွန့်၊ အေးရွာ
အရှေ့နှင့် အနောက်၊ ဝါးရုံဆိပ် ကျေးရွာများ မှ ပြည်သူ လေးသောင်းကျော် အတွက် ကျန်းမာရေးစောင့်
ရှောက်မှုလုပ်ငန်းများကို ပိုမိုဆောင်ရွက်ပေးနိုင် တော့မည် ဖြစ်သည်။
တင်ဝင်းလေး(ကြည့်မြင်တိုင်)
No comments:
Post a Comment