ဟနွိုင်း ဇန်နဝါရီ ၂၁
ဗီယက်နမ်နိုင်ငံ ပြန်ကြားရေးနှင့် ဆက်သွယ်ရေးဝန်ကြီး
မစ္စတာ ငုယင်ဘက်စွန်၏ ဖိတ်ကြားချက်အရ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးရဲထွဋ်
ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ် နိုင်ငံသို့ ဇန်နဝါရီ ၁၉ ရက် ညပိုင်းတွင်
လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဗီယက်နမ်နိုင်ငံ
ဝန်ကြီးချုပ် မစ္စတာ ငုယင်တန်ဇွန်းအား ဇန်နဝါရီ ၂ဝ ရက် ညနေ ၄ နာရီတွင် ဗီယက်နမ်နိုင်ငံ
ဝန်ကြီးချုပ်ရုံး၌ သွားရောက်တွေ့ဆုံ၍ နှစ်နိုင်ငံ ပြန်ကြားရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်သွားမည့်
ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇန်နဝါရီ
၂ဝ ရက် နံနက် ၉ နာရီတွင် ဗီယက်နမ်နိုင်ငံ ပြန်ကြားရေးနှင့် ဆက်သွယ်ရေးဝန်ကြီး မစ္စတာငုယင်
ဘက်စွန်နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ ပြန်ကြားရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ ပြန်ကြားရေးဝန်ကြီးဌာန
များအကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရေးနှင့် နှစ်နိုင်ငံ သံတမန်ဆက်ဆံမှု နှစ်(၄ဝ)
ပြည့် အထိမ်းအမှတ်အဖြစ် ၂ဝ၁၅ ခုနှစ် မေလအတွင်း ပြည်သူများ အပြန်အလှန် ပိုမိုသိရှိနားလည်စေနိုင်ရန်
ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စု ၀န်ကြီးသည် ဗီယက်နမ် ရုပ်မြင်သံကြားဌာန
(VTV) ၊ ဗီယက်နမ်အသံလွှင့်ဌာန (VOV) ၊ VNExpress – FPT Group ၊ ဗီယက်နမ် စာတိုက်နှင့်
ကြေးနန်းဆက်သွယ်ရေးအုပ်စု(VNPT)၊ ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံး မိုဘိုင်းအော်ပရေတာဖြစ်သည့်
Viettel တို့သို့ သွားရောက်လေ့လာပြီး ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။


No comments:
Post a Comment