နေပြည်တော်၊ ဇန်နဝါရီ-၂၁
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်သည် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်တွင် CNA သတင်းဌာနအား လက်ခံတွေ့ဆုံ၍
တပ်မတော်နှင့် အမျိုးသားနိုင်ငံရေးတာဝန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ နိုင်ငံတော်၏
အရေးပေါ်အခြေအနေနှင့် တပ်မတော်၏လုပ်ငန်းတာဝန်ဆိုင်ရာများနှင့် ပတ်သက်၍ သိရှိလိုသည်များ
မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့သည်။
၎င်းမေးခွန်းများနှင့်ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏
ဖြေကြားချက်များအား အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်-
CNA - ၂၀၁၅မှာ
လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲလုပ်မယ်လို့ သတင်းကြားရပါတယ်။ အဲဒီ ရွေးကောက်ပွဲမှာလည်း
ဗိုလ်ချုပ်မှူးကြီး အနေနဲ့ပါဝင်မယ်လို့သူတို့ထင်နေကြပါတယ်။ အဲဒီအတွက် အစီအစဉ်များရှိပါသလား။
ဗိုလ်ချုပ်မှူးကြီး- ဒါကတော့ သူတို့ထင်မြင်ယူဆချက်ကိုပြောတာပါပဲ။ တကယ်တော့
ကျွန်တော်ရဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တာဝန်ထမ်း ဆောင်မှုက နိုင်ငံတော်အတွက် အရေးကြီးတဲ့အခန်း
ကဏ္ဍမှာရှိ ပါတယ်။ နောက်တစ်ခါ နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်မှုအတွက် တပ်တွေကိုလည်း
တကယ်စွမ်းရည်ရှိတဲ့ တပ်တွေဖြစ်အောင်လုပ်ပါ့မယ်။ နောက်တစ်ခါ ကျွန်တော်တို့ တပ်မတော်က
ပြည်သူ့အကျိုးစီးပွားဖော်ဆောင်ဖို့ ပြည်သူကြားက ပေါက်ဖွားလာတဲ့ တပ်မတော်ဖြစ်တဲ့အတွက်ကြောင့်
ပြည်သူရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးနိုင်မယ့် တပ်မတော် ဖြစ်ဖို့လိုပါတယ်။
နောက်တစ်ခါ ပြည်သူရဲ့အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်တဲ့ တပ်မတော်လည်း ဖြစ်ဖို့လိုပါတယ်။အဲဒီ
အတွက်ကြောင့် ကျွန်တော်တို့က ပြည်သူနဲ့ထိတွေ့မှုရအောင် အများကြီးကြိုးစားနေပါတယ်။ ဒီကဏ္ဍတွေက
ကျွန်တော့်ဆီမှာ အများကြီးရှိပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ ဝေးလံခေါင်ပါးတဲ့
ဒေသတွေဆိုလို့ရှိရင် အများကြီး ဆောင်ရွက်ပေးစရာ လုပ်ငန်းတွေရှိ တယ်။ အဲဒီတော့ ကျွန်တော်က နံပါတ်တစ်အချက် တပ်ကို ကောင်းအောင်
လုပ်ပေးတယ်။ နံပါတ်နှစ်အချက်က စွမ်းရည်ရှိ အောင်လုပ်ပါတယ်။ နံပါတ်သုံးအချက်ကတော့ ပြည်သူနဲ့
တစ်ဆက်တည်း ဖြစ်အောင် ကျွန်တော်တို့လုပ်နေတယ်။ ဒီတာဝန် တွေဟာ အင်မတန်ကြီးမားတဲ့ အတွက်ကြောင့်
ဒီအပေါ်မှာပဲ ကျွန်တော်အာရုံစိုက်ပြီး လုပ်နေပါတယ်။ နောက်တစ်ခါ ခင်ဗျား ကျွန်တော့်ကို
မေးတဲ့ သမ္မတအခန်းကဏ္ဍနဲ့ ပတ်သက်ရင်တော့ အခြေအနေအချိန်အခါပေါ်မူတည်ပြီးတော့ ကျွန်တော်လုပ်ရ
လိမ့်မယ်။ ဘာဖြစ်လို့လည်းဆိုတော့ တကယ်လို့သာ ဒီဘက်ကိုသွား အာရုံစိုက်လိုက်မယ်ဆိုရင်
ကျွန်တော်လုပ်နေတဲ့ ကိစ္စရပ်တွေ အတွက် ကျွန်တော်အများကြီးအားလျော့သွား
စရာအကြောင်းတွေ ရှိပါတယ်။ ဒါကြောင့် အခုအခြေအနေမှာတော့ ကျွန်တော့်အနေနဲ့ ဆုံးဖြတ်ချက်ချဖို့ကိုရော
ပြောဖို့ကိုရော စောသေးတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။
CNA - ခုနက ပြောခဲ့ပါတယ်။
ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတယ်လို့ပြောပါတယ်။ အဲဒီအတွက် ခေါင်းဆောင်
တစ်ယောက်အနေနဲ့ အခုရောလုပ်နိုင်ပြီလား။ သမ္မတဖြစ်ရင်ရော ပိုပြီးတော့ လုပ်နိုင်မယ်လို့
ထင်ပါသလား။
ဗိုလ်ချုပ်မှူးကြီး- အခုလည်း ကျွန်တော်လုပ်နိုင်တဲ့အခန်းကဏ္ဍမှာ ကျွန်တော်လုပ်နေ
တာတွေရှိပါတယ်။ တကယ်တမ်းဆိုလို့ရှိရင်တော့ နိုင်ငံသား တစ်ယောက်အနေနဲ့ပြောရင်တော့ ဘယ်အခန်းကဏ္ဍကနေပဲ
ဖြစ်ဖြစ်ပါလို့ ရပါတယ်။ အခုကျွန်တော်လုပ်နေတာကလည်း အမျိုးသားနိုင်ငံရေး ကဏ္ဍပဲဖြစ်ပါတယ်။
ကျွန်တော်တို့နိုင်ငံမှာ အဓိကလိုအပ်ချက်က နံပါတ်တစ်အချက် တည်ငြိမ်အေးချမ်းရေး ပေါ့။
နံပါတ်နှစ်အချက် စည်းလုံး ညီညွတ်ရေးပေါ့။ ဒါတွေရသွားပြီး လို့ရှိရင်တော့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်
အောင်လုပ်ရမှာပဲ။ ဒါတွေက နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်။ အဲဒီတော့ကျွန်တော့အနေနဲ့က
နိုင်ငံသားတစ်ယောက် ဖြစ်တဲ့အတွက်ကြောင့် ဒီလုပ်ငန်းတွေကို ဘယ်နေရာမှာပဲလုပ်ရလုပ်ရ အစွမ်းကုန်
ကြိုးစားဆောင်ရွက်သွား မယ်လို့ ကျွန်တော်ကတော့ ခံယူထားတယ်။
CNA - တည်ငြိမ်ရေးနဲ့အေးချမ်းရေးနဲ့
ဆက်စပ်လို့ပြောရမယ်ဆိုရင် သမ္မတ ဖြစ်တဲ့အခါ ပိုပြီးတော့များ လုပ်ဆောင်နိုင်မယ်လို့ ထင်ပါသလား။
ဗိုလ်ချုပ်မှူးကြီး- ဒါကတော့သူ့နေရာနဲ့သူပါပဲ။ သမ္မတလည်း သူလုပ်နိုင်တဲ့အပိုင်းတွေ
သူလုပ်မှာပဲ။ တချို့ကတော့လည်း ကူညီပေးရတာတွေရှိတယ်။ သူတိုက်ရိုက်လုပ်လို့မရတဲ့ ဟာတော့လည်း
ကူညီပေးရ တာတွေ ရှိတယ်။ ဒါကြောင့် ကိုယ်ယူရတဲ့တာဝန်အပေါ်မူတည်ပြီးတော့ပဲ လုပ်နိုင်ခွင့်ရလိမ့်မယ်လို့ပဲ
ကျွန်တော့ကတော့ ထင်တယ်။
CNA - သမ္မတတစ်ယောက်ဖြစ်ဖို့အတွက်
ရည်မှန်းချက်ပေးနိုင်ပါသလား။
ဗိုလ်ချုပ်မှူးကြီး- ကျွန်တော်ခုနကပြောခဲ့ပြီးသားဖြစ်ပါတယ်။ ကျွန်တော့အနေနဲ့
ကတော့ နိုင်ငံသားတစ်ယောက် ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံ အနေနဲ့၊ နောက်ကျွန်တော့်အတွေ့အကြုံ၊
ကျွန်တော့်မှာလည်း အတွေ့အကြုံ အများကြီးရှိပါတယ်။ အထိအတွေ့ အများကြီး ရှိပါတယ်။ နောက်နိုင်ငံသားတစ်ယာက်လည်းဖြစ်တယ်။
နိုင်ငံသား တစ်ယောက်အနေနဲ့ကတော့ ခုနက ပြောတဲ့သုံးချက်ပေါ့။ သုံးချက် ကတည်ငြိမ်အေးချမ်းရေး၊
စည်းလုံးညီညွတ်ရေး၊ နောက်ဖွံ့ဖြိုး တိုးတက်ရေး၊ ဒီသုံးချက်ကို ကျွန်တော်ပြောခဲ့တယ်။ဒါ
နိုင်ငံသားတိုင်း ကတော့ကျရာ နေရာကနေ တာဝန်ထမ်းဆောင် ရမှာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော့်အနေနဲ့လည်း
ဘယ်လိုပဲ တာဝန်ယူရ ယူရပေါ့။ ကျွန်တော့်အနေနဲ့ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။
CNA
- နိုင်ငံတော်အေးချမ်းတည်ငြိမ်ရေးနဲ့
ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်တဲ့ နေရာမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍက ဘယ်လိုနေရာမျိုးတွေမှာ
ပါနေပါသလဲ။
ဗိုလ်ချုပ်မှူးကြီး
- တပ်မတော်က နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို
ထမ်းဆောင်နေ တာပဲဖြစ်ပါတယ်။ ကာကွယ်ရေးဆိုတဲ့အပိုင်းက တော်တော်လေး ကျယ်ပြန့်တယ်။ တိုက်ရိုက်လုပ်တဲ့ကာကွယ်ရေး
လုပ်ငန်းတွေရှိသလို တိုက်ရိုက်လုပ်လို့မရတဲ့ ကာကွယ်ရေး လုပ်ငန်းတွေလည်း ရှိတယ်။ အဲဒီတော့ခုနကပြောတဲ့
တပ်မတော်ဆိုတာလည်း ဒီတာဝန်ထဲက နေပြီးတော့ထမ်းဆောင်လို့ရတဲ့ တာဝန်တွေအကုန်လုံးထမ်းဆောင်
မှာပဲဖြစ်ပါတယ်။ ဒါကြောင့်ကျွန်တော်တို့က နိုင်ငံတော် ကာကွယ်ရေးဆိုတဲ့ တာဝန်ထမ်းဆောင်တဲ့နေရာမှာ
အမျိုးသား နိုင်ငံရေးတာဝန် ထမ်းဆောင်မှုအပိုင်းနဲ့ဆက်စပ်ပြီးတော့ လုပ်နေ ခြင်းဖြစ်ပါတယ်။
ဒါကြောင့် တပ်မတော်အနေနဲ့ကတော့ ရှေ့ဆက် ပြီးတော့ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့
အခန်း(၁)၊ ပုဒ်မ(၆)၊ ပုဒ်မခွဲ(စ)မှာ ပါတဲ့အနာဂတ် အမျိုးသားနိုင်ငံရေး တာဝန် ထမ်းဆောင်မှု
အခန်းကဏ္ဍမှာ တပ်မတော်က ထမ်းရွက်နိုင်ခွင့် ရှိတယ်ဆိုတဲ့အတိုင်း အချက်တစ်ချက်ပါတယ်။ ဒါကြောင့်
ကျွန်တော်တို့ တပ်မတော်အနေနဲ့ကတော့ အမျိုးသားနိုင်ငံရေး တာဝန်ထမ်း ဆောင်တဲ့အခန်း ကဏ္ဍကနေပြီးတော့ပဲ
ဆက်လက် တာဝန်ထမ်း ဆောင်သွားမယ်။ ဒါကလည်း ဥပဒေနဲ့အညီဖြစ်ရမှာပဲ ဖြစ်ပါတယ်။
CNA - ဗိုလ်ချုပ်မှူးကြီး
ပြောခဲ့သလိုပြည်သူတွေအကျိုးကိုအမြဲတမ်း ရှေးရှုတယ်ဆိုတဲ့အတွက်ကြောင့် လွှတ်တော်အမတ် ၂၅
ရာခိုင်နှုန်း ဖယ်ရှားဖို့အတွက်ကို ကာကွယ်မှာလား၊ တားဆီးမှာလား။
ဗိုလ်ချုပ်မှူးကြီး- အဲဒါဆိုရင်တော့ နိုင်ငံတော်ရဲ့ သမိုင်းနဲ့ ဆက်စပ်ပြီးပြောမှရမယ်။
နိုင်ငံတော်ရဲ့သမိုင်းနဲ့ တပ်မတော်ရဲ့သမိုင်းက ခွဲခြားလို့မရပါဘူး။ လွတ်လပ်ရေး ကြိုးပမ်းမှု
ကာလမှာတပ်မတော်က ပြည်သူ့နဲ့ပူးပေါင်း ပြီးတော့မှ လွတ်လပ်ရေးရအောင်ယူခဲ့တယ်။ နောက်ဒီဘက်က
တစ်လျှောက်မှာလည်း နိုင်ငံတော်ရဲ့ အရေးကြီးတဲ့အခန်းကဏ္ဍ ကနေပြီးတော့မှ တပ်မတော်ပါဝင်ခဲ့တယ်။
ဒီအတွေ့အကြုံတွေ တပ်မတော်မှာ ရှိတယ်။ နောက်ကျွန်တော်တို့အခုသွားနေတာက ပါတီစုံဒီမိုကရေစီလမ်းကြောင်း၊
ပါတီစုံဒီမိုကရေစီလမ်းကြောင်း ဆိုတာ ဥပဒေနဲ့အညီ တည်တည်ငြိမ်ငြိမ်သွားရမဲ့အခြေအနေရှိပါ
တယ်။ ဒီလိုသွားနိုင်ဖို့ဆိုရင် အားလုံးကပူးပေါင်းဆောင်ရွက်ဖို့လည်း လိုတာပေါ့။ နောက်တစ်ဆက်တည်းမှာပဲ
ပြည်သူလူထုအနေ နဲ့လည်း ဒီမိုကရေစီကျင့်ဝတ်တွေနဲ့အညီ၊ ကျင့်စဉ်တွေနဲ့အညီပေါ့၊ လိုက်ပါ
လုပ်ဆောင်နိုင်ဖို့လည်း လိုတယ်။ ဒါတွေကို ကျွန်တော်တို့ တပ်မတော်ကနေ ပြီးတော့မှ အားဖြည့်ပြီးတော့
ဆောင်ရွက်ပေး နေတာဖြစ်ပါ တယ်။
CNA - ဒီမိုကရေစီလမ်းခင်းဖို့အတွက်
ပြည်သူလူထုအများစုက ပုဒ်မ ၄၃၆ ကို ပြုပြင်ပြောင်းလဲဖို့ လိုလားနေပါတယ်။ အဓိကကတော့ အဲဒီ
၂၅ ရာခိုင်နှုန်း ပါဝင်မှုကို ဖယ်ရှားပေးဖို့ပဲ ဖြစ်ပါတယ်။ အဲဒါကရော။
ဗိုလ်ချုပ်မှူးကြီး- ဒါကလည်း စောစောကအချက်နဲ့တော့ ဆက်စပ်တယ်လို့ ပြောရ
လိမ့်မယ်။ ကျွန်တော့်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ရင် ပြင်ဆင်နိုင်စရာရှိတဲ့အချက်တွေကို ပြင်ဆင်ဖို့အတွက် ကျွန်တော့်အနေနဲ့ ဘာမှပြောစရာ
အကြောင်းမရှိပါဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြင်ဆင်ရေးနဲ့ပတ် သက်ရင် အခန်း (၁၂)
မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်တဲ့ ပုဒ်မတွေ သတ်မှတ်ထားတာရှိတယ်။ အဲဒီအထဲကနေပဲ
ကျွန်တော်တို့သွား ရမှာ ဖြစ်ပါတယ်။ နောက်ဒီဥပဒေရေးတာလည်း ကျွန်တော်တို့ ရေးတာမဟုတ်ဘူး။
ပြည်သူကို ကိုယ်စားပြုတဲ့၊ နောက်အလွှာ အသီးသီးကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေပေါ့၊
အဲဒီ ကိုယ်စားလှယ်တွေကနေ ရေးခဲ့တာဖြစ်ပါတယ်။ ဒါလည်း သေသေချာချာ စဉ်းစားပြီးမှ လုပ်ခဲ့ တဲ့ကိစ္စပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီဥပေဒနဲ့အညီ
ပြင်ဆင်ရေး ဆောင်ရွက်တာနဲ့ ပတ်သက်လို့ ကျွန်တော်တို့အနေနဲ့ ဘာမှကန့်ကွက် စရာအကြောင်းမရှိဘူးလို့
ကျွန်တော် ပြောရလိမ့်မယ်။
CNA - ပြည်သူတွေကရေးခဲ့တဲ့
ပြည်သူ့အတွက်ဆိုရင် အခုအချိန်မှာ ဒီဥပဒေတွေကိုပြင်ဆင်ဖို့ အတွက် အချိန်ကျရောက်ပြီလို့ထင်ပါ
သလား။
ဗိုလ်ချုပ်မှူးကြီး- ကျွန်တော်တို့ ပါတီစုံဒီမိုကရေစီစနစ်ကိုသွားတာ ၂၀၁၁
ခုနှစ်၊ မတ်လမှာ ကျွန်တော်တို့စခဲ့တာ၊ ၄ နှစ်အတွင်းမှာပဲရှိသေးတယ်၊ ကျွန်တော်တို့အင်မတန်နုနယ်ပါသေးတယ်။
စောစောက ကျွန်တော် ပြောတဲ့ နိုင်ငံတော်ရဲ့သမိုင်းနဲ့ တပ်မတော်ရဲ့ သမိုင်း ခွဲခြားလို့မရဘူး
လို့ပြောခဲ့တယ်။ အဲဒီတော့ ဒီအတွေ့အကြုံတွေအရ ကျွန်တော်တို့ ပါတီစုံဒီမိုကရေစီစနစ်ကို
သွားတဲ့အချိန်မှာ ကျွန်တော် တို့သွားတဲ့ စနစ်က ခိုင်ခိုင်မာမာဖြစ်ဖို့လိုတယ်။ နောက်ပါတီစုံ
ဒီမိုကရေစီ စနစ်မှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ဒီ ၃ ခုဟာ လွတ်လွတ်လပ်လပ်နဲ့စနစ်တကျ
ဆောင်ရွက်နိုင်ဖို့ အခွင့်အလမ်းတွေ လည်းရှိဖို့လိုတယ်။ နောက်လွှတ်တော်အနေနဲ့ ပြောမယ်ဆိုရင်လည်း
လွှတ်တော်မှာ လုပ်စရာအခန်းကဏ္ဍတွေ အများကြီးရှိတယ်။ဒါတွေကို ကျွန်တော်တို့အားဖြည့် ဆောင်ရွက်
နိုင်ဖို့အတွက် တပ်မတော်ကနေပြီးတော့ ပါဝင်ဆောင်ရွက်ပေး နေတာဖြစ်တယ်လို့ ပြောလိုပါတယ်။
CNA - အခုအချိန်ဟာ
လွှတ်တော်ရဲ့အတွေ့အကြုံက အရမ်းနည်းနေတယ် လို့ပြောကြတယ်။ ဒါပေမဲ့ နောင်တစ်ချိန်မှာ လွှတ်တော်ရဲ့
အခန်း ကဏ္ဍက ပိုမိုအားဖြည့်နိုင်ဖို့၊ အားကောင်းဖို့အတွက် တပ်မတော်ရဲ့ ပါဝင်ပတ်သက်မှုကို
ဘယ်လိုလျှော့ချမလဲ၊ အဲဒီအတောအတွင်းမှာ ဘယ်လို စနစ်မျိုးနဲ့သွားရင် ကောင်းမယ်လို့ ထင်ပါသလဲ။
ဗိုလ်ချုပ်မှူးကြီး- စောစောက ကျွန်တော်ဖြေခဲ့သလို ကျွန်တော်တို့က ၄ နှစ်လောက်ပဲ
အတွေ့အကြုံ ရှိသေးတာကိုး၊ နောက်တစ်ခါကျွန်တော်တို့ ဥပဒေ ပြုရေးနဲ့ပတ်သက်ရင် လွှတ်တော်မှာတာဝန်ရှိတယ်။
အဲဒီတော့ တပ်မတော်ကနေပြီးတော့မှ လွှတ်တော်မှာပါဝင်နေတဲ့ ကျွန်တော်တို့ ကိုယ်စားလှယ်တွေထဲကနေ
ဥပဒေပြုရေးနဲ့ ပတ်သက်တဲ့အခါမှာ အကြံပြုတာပဲရှိတယ်။ ကျွန်တော်တို့ကဘာမှ အဆုံးအဖြတ်ပေးလို့
မရဘူး။ ကျွန်တော်တို့က အကြံပြုမယ်။ ဒီဟာတော့ ဖြစ်သင့်တယ်။ ဒီဟာတော့မဖြစ်သင့်ဘူး။ ဒါကို
ကျွန်တော်တို့အကြံပြုတယ်။ ဆုံးဖြတ်တာတော့လွှတ်တော် ကနေပြီး ဆုံးဖြတ်လိမ့်မယ်။ အဲဒီတော့
ကျွန်တော်တို့ပေးနိုင်တဲ့ အကြံဉာဏ် တွေကို သူတို့ သုံးနိုင်လဲသုံးပေါ့။ မသုံးနိုင်ဘူးဆိုလည်း
ကိစ္စမရှိပါဘူး။ အဲဒီတော့ ဒီမိုကရေစီကျင့်စဉ်နဲ့ ပတ်သက်ရင် စောစောက လွှတ်တော်ကဆောင်ရွက်နေတဲ့
ကိစ္စရပ်တွေ မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ပြီဆိုရင် အဲဒီအခြေအနေအပေါ် မှာမူတည်ပြီးတော့
နောင်ဖြစ်လာမဲ့ အခြေအနေကိုပဲ ဆက်လက်ဆောင်ရွက် သွားမှာပဲဖြစ်ပါတယ်။
CNA - ဥပမာ သူတို့အားလုံးသိတာကတော့
လွှတ်တော်မှာတပ်မတော်ရဲ့ ပါဝင်ပတ်သက်မှု ၂၅ ရာခိုင်နှုန်းက တပ်မတော်ကိုအထောက်အပံ့ ပြုနိုင်တဲ့
တရားစီရင်ရေးဥပဒေကို ပြဌာန်းနိုင်ဖို့အတွက် အများကြီး အထောက်အကူ ပြုနေပါတယ်။ အဲဒီ ၂၅
ရာခိုင်နှုန်းကို မဖယ်ရှား ပဲနဲ့တော့ လွတ်လွတ် လပ်လပ် လျှောက်လှမ်း နိုင်မယ်လို့ ထင်ပါ
သလား။
ဗိုလ်ချုပ်မှူးကြီး- အဲဒီလိုတော့ မဟုတ်ဘူး။ သူတို့အကုန်လုပ်လို့ရနေတာ။
ဥပမာ အားဖြင့် လွှတ်တော်မှာ ကျွန်တော်တို့က ၂၅ ရာခိုင်နှုန်းပါနေတယ် ဆိုတော့ ၇၅ ရာခိုင်နှုန်းမဲပေးလို့ရတာတွေလည်းရှိပါတယ်။
ဥပမာ တစ်ခုပြမယ်ဆိုရင် အများရဲ့မဲဆန္ဒ၊ ထောက်ခံတဲ့မဲနဲ့ အတည်ပြုလို့ ရတဲ့ ဥပဒေတွေ အများကြီးရှိနေပါတယ်။
ကျွန်တော်တို့ ၂၅ ရာခိုင်နှုန်းက ထောက်ခံမှမဟုတ်ဘူး။ ကန့်ကွက်မှမဟုတ်ဘူး။ ကျွန်တော်တို့
၂၅ ရာခိုင်နှုန်းက ထောက်ခံသည်ဖြစ်စေ၊ မထောက်ခံ သည်ဖြစ်စေ၊ အများစု ကထောက်ခံတယ်ဆိုပြီးတော့
အတည်ပြု ပြဌာန်းလို့ရတဲ့ ဥပဒေတွေ လုပ်ငန်းရပ်နယ်ပယ်တွေ များစွာရှိတယ်။ တစ်ဘက်ကတော့
ဒီလိုကြီးတော့ သွားနေလို့မရဘူး။ ကျွန်တော်တို့ တစ်ချို့ဟာတွေမှာတော့ ထိန်းထားတဲ့ဟာတွေရှိပါတယ်။
ကန့်သတ် ထားတဲ့ဟာတော့ ရှိပါလိမ့်မယ်။ ဒါပေမယ့် ဒါတွေက သိပ်အကျိုး သက်ရောက်မှုမရှိပါဘူး။
CNA - ဥပမာ ပြောရမယ်ဆိုရင်တော့
အခြေခံဥပဒေကိုပြင်ဆင်ဖို့အတွက် ၇၅ ရာခိုင်နှုန်းထက် ပိုပြီးတော့ လိုအပ်ပါတယ်။ ဒီအတွက်ကြောင့်
တပ်မတော်ရဲ့အရေးပါမှုက ဘယ်လိုရှိပါသလဲ။
ဗိုလ်ချုပ်မှူးကြီး- အခြေခံဥပဒေဆိုတာ ကျွန်တော်တို့နိုင်ငံတစ်နိုင်ငံမှာရှိတဲ့
ဥပဒေ တွေရဲ့မိခင်ဥပဒေပဲဖြစ်တယ်။ ဒီအခြေခံဥပဒေကိုရေးတဲ့အခါ မှာလည်း သေသေချာချာစဉ်းစားပြီးတော့မှ
ကျွန်တော်တို့ ရေးတယ်။ နောက်ဒီဥပဒေရေးတဲ့အခါတုန်းကလည်း နိုင်ငံတော်ရဲ့ သမိုင်း ကြောင်းပေါ့။
နောက်ထုံးတမ်းစဉ်လာတွေပေါ့။ နောက် တိုင်းရင်းသား လူမျိုးတွေရဲ့ အခြေအနေတွေ၊ အဲဒီအခြေအနေတွေ
အပေါ်မှာ အကုန်လုံးချင့်ချိန်ပြီးတော့မှ၊ နောက်တစ်ချက်ရှိ သေးတယ် တိုင်းပြည် ရဲ့တည်နေရာ၊
တိုင်းပြည်ရဲ့တည်ရှိမှုပေါ့။ တိုင်းပြည်ရဲ့ တည်ရှိမှုအပေါ်မူတည်ပြီးတော့မှ ကျွန်တော်တို့
ဒီအခြေခံဥပဒေကို သေသေချာချာ စဉ်းစားပြီး တော့မှရေးခဲ့တာ ဖြစ်တယ်။ နောက်တစ်ခါ ဥပဒေဆိုတာလည်း
မကြာခဏပြင်လို့ မကောင်းဘူး။ ဥပဒေ တစ်ခု ကခိုင်ခိုင်မာမာ ဖြစ်ဖို့တော့လိုတယ်။ ဥပဒေတစ်ခုကို
ကိုယ်လိုရာ စွဲပြီးတော့မှ ပြင်ဆင်ချက်တွေ မကြာခဏ ထွက်နေမယ်ဆိုရင် တည်ငြိမ်မှုကို အများကြီးထိခိုက်
သွားနိုင်တယ်။ ဒါကြောင့် လွယ်လွယ်ကူကူနဲ့ ပြင်လို့ရတဲ့ဥပဒေတွေ ရှိသလို၊ လွယ်လွယ်ကူကူနဲ့
ပြင်လို့မရတဲ့ဥပဒေ ဆိုတာလည်းရှိတယ်။ ခုနကပြောသလိုပေါ့။ ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုတာ
နိုင်ငံတစ် နိုင်ငံရဲ့ ပင်မမိခင်ဥပဒေ တစ်ခုဖြစ်တယ်။ ဒါကြောင့် ဒါနဲ့ ပတ်သက်ပြီး သေချာချိန်ဆ
ပြီးတော့မှ ပြင်လို့ရအောင် ကျွန်တော် တို့က ဒီဥပဒေကိုရေးဆွဲစဉ်က လိုအပ်တဲ့ပုဒ်မတွေထည့်ထား
ခြင်းဖြစ်ပါတယ်။
CNA - ဒီအခန်းကို ဘယ်အချိန်မှာပြင်ဖို့ သင့်တော်မယ်လို့ထင်ပါသလဲ။
ဗိုလ်ချုပ်မှူးကြီး- ဒါကလည်း စောစောကပြောတဲ့ဒီမိုကရေစီရဲ့အတွေ့အကြုံ၊
နိုင်ငံတော်ရဲ့ တည်ငြိမ်အေးချမ်းမှု၊ နိုင်ငံတော်၏စည်းလုံးညီညွတ်မှု၊ ဒီအပေါ်မှာ အများကြီးစကားပြောလိမ့်မယ်။
အဲဒါက အချိန်အတိ အကျပြောဖို့ဆိုတာ ခက်တော့ ခက်တယ်။ ဥပမာ-ကျွန်တော်တို့ ဆီမှာ လက်ရှိအခြေအနေက
တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခတွေ ဖြေရှင်းလို့မပြီးသေးဘူး။ ဒါတွေကို ကျွန်တော်တို့
ဖြေရှင်းဖို့အတွက် ဆောက်ရွက်ဆဲကာလဖြစ်တယ်။ ဒီအပေါ်မှာ ဘယ်လို ရလဒ်တွေ ထွက်လာမလဲဆိုတာ
မသိသေးဘူး။အဲဒီတော့ ဒီရလဒ်အပေါ် မူတည်ပြီး တိုင်းပြည်ရဲ့ တည်ငြိမ်အေးချမ်းမှု ဘယ်လောက်
အာမခံချက်ရှိမလဲ၊ မရှိလဲဆိုတာက စကားပြော လိမ့်မယ်။ ဒါကြောင့် ဒါကတော့ နည်းနည်းလေး စောင့်ကြည့်ဖို့လို
လိမ့်မယ်ထင်တယ်။
CNA - ဒါဆိုရင် နှစ်ဖက်အပစ်အခတ်ရပ်စဲရေးစာချုပ်
ရေးပြီးနိုင်တဲ့အထိ ဒီ-၄၃၆ ကိုမပြင်ဘူးလို့ ပြောလို့ရသလား။
ဗိုလ်ချုပ်မှူးကြီး- ဒီလိုတော့ဘယ်လိုမှမပတ်သက်ပါဘူး။ အခြေအနေအမျိုးမျိုးပေါ်မှာ
တည်ပြီးတော့ ပြောရမယ်။ ဒါကလည်းဥပဒေအရ ပြောမယ်ဆိုရင် ပုဒ်မ-၄၃၆ ကိုပဲမူတည်ပြီးပြောနေကြတာ၊
တကယ်တော့ အမျိုးမျိုး စဉ်းစားလို့ရတယ်။ဒါခင်ဗျားတို့က တပ်ရဲ့အနေ အထားကို ကြည့်ပြီးတော့
၄၃၆ ကိုပြောတာ။ တကယ်လို့တပ်ရဲ့ အနေအထား တစ်မျိုးဖြစ်မယ်ဆိုရင် ၄၃၆ ကပြင်ဆင်ရေး မပြင်ဆင်ရေးဟာ
အဓိပ္ပါယ်တစ်မျိုး ထွက်သွားနိုင်တယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ကတော့ ဒီဟာနဲ့ပတ်သက်ပြီး
တော်တော်လေးချိန်ဆပြီး လုပ်ရမယ့် သဘောမှာ ရှိတယ်လို့ ပြောချင်တယ်။
CNA - အဲဒါကိုမပြင်ချင်တာ ဘာအတွက် စိတ်ပူလို့ပါသလဲ။
ဗိုလ်ချုပ်မှူးကြီး- ဘာမှစိတ်ပူစရာအကြောင်းမရှိဘူး။ဘာဖြစ်လို့လဲဆိုတော့
ဒီဥပဒေ ရေးတုန်းက ပြည်သူတွေရဲ့ဆန္ဒနဲ့ရေးတာ၊ ပြည်သူရဲ့ဆန္ဒအရ ပြင်ဆင်တဲ့အချက်တွေ ဖြစ်လာမယ်ဆိုရင်
ကျွန်တော်တို့အနေနဲ့ ဒီဟာကို လိုက်နာရမှာပဲဖြစ်တယ်။ဘာမှဒီဟာကို ကျွန်တော်တို့ စိတ်ပူစရာ
အကြောင်းမရှိဘူး။
CNA - ပြည်သူတွေက အခုအချိန်မှာ ပြင်ဆင်လိုပါတယ်။ အဲဒီ အတွက်ရော။
ဗိုလ်ချုပ်မှူးကြီး- ဒါကတော့ လွှတ်တော်မှာဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့
ပတ်သက်ပြီး လုပ်ဆောင်နေတာတွေရှိပါတယ်။အဲဒီကနေ ဆက်လက်ဆောက်ရွက်တဲ့ အဖြေအပေါ်မှာဘဲ ကြည့်ရပါလိမ့်မယ်။
CNA - ခုနကပြောခဲ့သလို ပါလီမန်ရဲ့အတွေ့အကြုံဟာလည်းနုနယ်
သေးတယ်။ ဒီမိုကရေစီကလည်း သက်တမ်းနုသေးတယ်ဆိုရင် ဒီလိုအခြေအနေမျိုးရောက် အောင် ဒီမိုကရေစီသက်တမ်း
မြှင့်ပြီးတော့ ပါလီမန်ရဲ့အစွမ်းတွေ ပြည့်ဝအောင် ဘယ်လိုအချက် တွေလိုပါသလဲ။အဲဒီအချိန်ကျရင်
ဘယ်လိုပုံစံမျိုးနဲ့ လျော့ချမလဲ၊ တစ်ဖြည်းဖြည်းလျော့မလား၊ လုံးဝကိုဖယ်ထုတ်လိုက်မလား
သိချင် ပါတယ်။
ဗိုလ်ချုပ်မှူးကြီး- ဒါကလည်း ခုနပြောတဲ့ဖြတ်သန်းမယ့်လမ်းကြောင်းပေါ်မှာလည်း
အများကြီး မူတည်ပါ သေးတယ်။ ကျွန်တော်တို့အနေနဲ့ ခုနက ခင်ဗျားမေးတဲ့ထိန်းသိမ်းထားတဲ့
အခြေအနေနဲ့ပတ်သက်ပြီးပြောရ လို့ရှိရင် တပ်မတော်အနေနဲ့ နိုင်ငံတော်ရဲ့ အာဏာတွေနဲ့ ပတ်သက်ရင်
ဥပဒေအရပြဌာန်းထားတဲ့ အတိုင်းပဲလုပ်လို့ရတယ်။ ကျွန်တော်က တပ်မတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ်၊
တပ်မတော် ကိုပဲ ဃသညအမသူ လုပ်လို့ရမယ်၊ ထိန်းသိမ်းလို့ရမယ်။ နိုင်ငံတော်ကိုတကယ်ထိန်းသိမ်း
တာက ခုနပြောတဲ့ ဟိုဘက်က အစိုးရ၊ လွှတ်တော်၊တရားစီရင်ရေး ကဏ္ဍသုံးခုက သူ့ကဏ္ဍနှင့်သူ ထိန်းကျောင်းသွားတာ
ဖြစ်တယ်။ ဒါပေမယ့် နိုင်ငံရဲ့အကြီးအကဲ ကတော့သမ္မတ၊ အဲဒီတော့သမ္မတရဲ့ ဦးဆောင်မှု အောက်မှာ
ဥပဒေနဲ့အညီအားလုံးသွားရတာ ဖြစ်တယ်။ အဲဒီတော့ ဒီလိုသွားနေတဲ့ကာလပတ်လုံး နံပါတ်တစ်အချက်
ကျွန်တော် ကတော့ အခက်အခဲမရှိနိုင်ဘူးလို့ ယူဆတယ်။တစ်ဘက် ကလည်း ခုနပြောတဲ့ တပ်မတော်ရဲ့အခန်းကဏ္ဍ
လျော့ချမှု နဲ့ပတ်သက်ရင် နိုင်ငံတော်ရဲ့ဖြစ်ပေါ် တိုးတက်မှုတွေအပေါ် မူတည်ပြီး တော့ပဲဖြစ်သွားလိမ့်မယ်လို့
ကျွန်တော်ပြောချင်ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)

No comments:
Post a Comment