နေပြည်တော်
ဇန်နဝါရီ ၁၃
(၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးညှိနှိုင်းအစည်းအဝေးကို
ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ်(၁၈) သမ္မတရုံးအစည်း အဝေးခန်းမ၌ ကျင်းပရာ
ပြည်ထောင်စုနေ့ ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်၊
ဦးမြင့်လှိုင်၊ ဦးအုန်းမြင့်၊ ဦးဥာဏ်ထွန်းအောင်၊ ဦးဝင်းထွန်း၊ ဦးခင်မောင်စိုး၊
ဦးအေးမြင့်ကြူ၊ ဒေါက်တာဒေါ်ခင်စန်းရီ၊ ဦးသန်းဌေး၊ ဒေါက်တာသန်းအောင်၊ ဦးဌေးအောင် နှင့်
ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ (၆၈)နှစ်မြောက် ပြည်ထောင်စုနေ့
ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက အမှာစကားပြောကြားရာတွင်
အစိုးရသစ်လက်ထက်၌ ၂ဝ၁၂ ခုနှစ်မှစတင်ပြီး ပြည်ထောင်စုနေ့ အခမ်းအနားကို ကျင်းပလာခဲ့ရာ
ယခုနှစ်သည် စတုတ္ထအကြိမ်ရှိပြီဖြစ်ပါကြောင်း၊ ပြည်ထောင်စုနေ့ အခမ်းအနားကို အောင်အောင်မြင်မြင်
ကျင်းပနိုင်ရေးအတွက် ဗဟိုကော်မတီ၊ စီမံခန့်ခွဲမှု ကော်မတီ၊ ဆပ်ကော်မတီများကို ဖွဲ့စည်းထားပါ
ကြောင်း၊ ယင်းတို့မှာ လုံခြုံရေး၊ပြန်ကြားရေး၊ ဘဏ္ဍာရေး၊ ညစာစားပွဲ ခင်းကျင်းကျွေးမွေး
ရေး၊ သဝဏ်လွှာပြုစုရေး၊ ကျန်းမာရေး၊ စာရင်းစစ်ဆေးရေး၊ အခမ်းအနားပြင်ဆင်ရေး၊ အလံတင်အခမ်းအနားစီစဉ်ရေး၊
ညစာစားပွဲဖျော်ဖြေရေး၊ မြေစိုက်ပိုစတာများ စိုက်ထူရေး၊ ဧည့်ခံကျွေးမွေးရေး၊ ကြိုဆိုရေးနှင့်
ပို့ဆောင်ရေး၊ နေရာ ချထားရေးနှင့် ဆက်သွယ်ရေး ကော်မတီများမှ ဆပ်ကော်မတီ အလိုက် ပေးထားသောတာဝန်များကို
လစ်ဟာမှုမရှိအောင် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။
ပြည်ထောင်စုနေ့အခမ်းအနားကို ဆပ်ကော်မတီ အသီးသီးမှ
လိုအပ်သည့်လုပ်ငန်းဆောင်ရွက်မှု အားလုံးကို ကော်မတီ တစ်ခုနှင့်တစ်ခု ညှိနှိုင်းဆောင်ရွက်ပြီး
ကျစ်ကျစ် လျစ်လျစ်ဖြင့် ဆောင်ရွက်သွားကြစေလိုကြောင်းဖြင့် ပြော ကြားသည်။
ထို့နောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှု
ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်က (၆၈)နှစ်မြောက် ပြည်ထောင် စုနေ့ ကျင်းပနိုင်ရေးကြိုတင်စီမံ
ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ သည်။
ဆက်လက်၍ (၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပ
ရေးဆပ်ကော်မတီဝင်များနှင့် တာဝန်ရှိသူများက မိမိတို့ ဆပ်ကော်မတီများ အလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်
ထားရှိမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး တင်ပြသည်။
ယင်းနောက် ဆွေးနွေးတင်ပြချက်များအပေါ် ဒုတိယ
သမ္မတက ဖြည့်စွက်ပြောကြားရာတွင် ပြည်ထောင်စုနေ့ ကျင်းပရေးကော် မတီများ အနေဖြင့် ရန်ပုံငွေများသုံးစွဲရာတွင်
ကျစ်ကျစ်လျစ်လျစ်သုံးစွဲကြစေလိုကြောင်း၊ ဆပ်ကော်မတီ အသီးသီးမှ ညှိနှိုင်းဆောင်ရွက်ပြီး
လိုအပ်ချက်များကို ဗဟို ကော်မတီသို့ တင်ပြစေလိုပါကြောင်း၊ အဓိကအနေဖြင့် လုံခြုံရေးနှင့်
ပတ်သက်၍ လုံခြုံရေးမကျိုးပေါက်စေရန် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ဖြင့် ပြောကြားသည်။

No comments:
Post a Comment