မြန်အောင်
ဇန်နဝါရီ ၁၃
ဧရာဝတီ တိုင်းဒေသကြီး မြန်အောင်မြို့နယ်တွင်
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နှစ် (၁ဝဝ)ပြည့်ပွဲတော်ကျင်း ပနိုင်ရေး
ဦးစီးကော်မတီကို ဖွဲ့စည်းကာ လုပ်ငန်းများစတင် ဆောင်ရွက် နေပြီ ဖြစ်ကြောင်း သိရသည်။
မြန်အောင်မြို့ အမှတ်(၄) ရပ်ကွက် ဇေယျသာရီကွင်းအတွင်း
ကျင်းပနိုင် ရန် စီစဉ်လျက်ရှိပြီး ကွင်းရှင်း လင်းခြင်း၊ ဗီနိုင်းများထောင်ခြင်း၊ ဆိုင်ခန်း
တည်ဆောက်ခြင်းများ စတင်နေပြီဖြစ်ကြောင်း ပွဲတော်ကျင်းပရေး ဦးစီး ကော်မတီထံမှ သိရသည်။
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏
နှစ်(၁ဝဝ)ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်ရုပ်တု ထုလုပ်ခြင်း၊ ဟာသအဖွဲ့များက
အကြို လှုံ့ဆော်ခြင်း၊ စာပေဟောပြောပွဲများနှင့် စာပေပြိုင်ပွဲများကျင်းပခြင်း၊ ဂီတ ဖျော်ဖြေပွဲများ
ကျင်းပခြင်းတို့ကို ဖေဖော်ဝါရီ ၁၁ ရက်မှ ၁၃ ရက်အထိ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
ဗိုလ်ချုပ်ရာပြည့်ပွဲတော်ကျင်းပရေးဦးစီးကော်မတီကို
မြို့နယ်အဆင့် တာဝန်ရှိသူများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီများ၊
မြို့မိမြို့ဖများ၊ နိုင်ငံရေးပါတီများနှင့် စိတ်ပါဝင်စားသူများဖြင့် ဖွဲ့စည်းထား ကြောင်း
သိရှိရသည်။

No comments:
Post a Comment