Monday, January 26, 2015

တနင်္သာရီ၌ ဒေသခံများအား အနဲဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

တနင်္သာရီ ဇန်နဝါရီ ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူ ဦးဆောင်လျက် မြို့နယ်အတွင်းရှိ ဒေသခံ အလုပ်ရှင်နှင့် အလုပ်သမားများ အနဲဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို ဇန်နဝါရီလ(၂၃)ရက် နံနက်(၁၀း၁၅)အချိန် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန  အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်အဆင့် သက်ဆိုင်ရာဌာနဆိုင်ရာ ဦးစီးမှူးများ၊ မြို့နယ်ဖွဲ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များ၊ စီမံခန့်ခွဲရေး ကော်မတီဝင်များ၊ စည်ပင်သာယာရေး ကော်မတီဝင်များ၊ ကုမ္ပဏီများမှတာဝန်ခံများ၊ မြို့နယ်အတွင်းရှိ လုပ်ငန်း အသီးသီးမှ လုပ်ငန်းရှင်များနှင့် အလုပ်သမားများ  အင်အား (၅၂)ဦး  တက်ရောက်ကြသည်။  


အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူက ဒေသအတွင်းအောက်ခြေ၌  လုပ်ငန်းအမျိုးအစားလိုက် အနဲဆုံးလုပ်အားခ ကြေးငွေနှုန်းနှင့် လုပ်ချိန်ကာလ သတ်မှတ်နှုန်းများနှင့် ပတ်သက်၍ မြို့နယ်ညှိနှိုင်း ဖြန်ဖြေရေးနှင့် ခုံသမာဓိအဖွဲ့ ဖွဲ့စည်းပေးပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေး ကဏ္ဍ/ သုတေသန ပြုလုပ်ရေး အကြံပေး ကော်မတီဖွဲ့ စည်းပုံတို့ကို ရှင်းလင်း တင်ပြ ဆွေးနွေးပြီးနောက် တက်ရောက်လာသူများမှ လက်ရှိမိမိတို့၏ အတွေ့အကြုံများ၊  လုပ်အားခ (ကျား/မ) နှုန်းထားများကို အပြန်အလှန်ဆွေးနွေးတင်ပြမှုများကို မှတ်တမ်းရယူကြသည်။  

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးက ယခု အလုပ်ရှင်/ အလုပ်သသမား တင်ပြ ဆွေးနွေးချက်များကို အတည်ပြုချက် ရယူနိုင်ရန် ဆက်လက်တင်ပြ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။

No comments:

Post a Comment