Monday, January 26, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အိန္ဒိယနိုင်ငံ အမျိုးသားနေ့သဝဏ်လွှာများ ပေးပို့

နေပြည်တော် ဇန်နဝါရီ ၂၆
၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ကျရောက်သော အိန္ဒိယသမ္မတနိုင်ငံ၏ အမျိုးသားနေ့အခါ သမယ တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ အိန္ဒိယသမ္မတနိုင်ငံသမ္မတ မစ္စတာ ပရာနာ့ဗ် မူခါဂျီးထံသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့သည်။

အလားတူ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ကျရောက်သော အိန္ဒိယသမ္မတနိုင်ငံ၏ အမျိုးသားနေ့ အခါသမယတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ နာရန်ဒရာ မိုဒီထံသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့သည်။

No comments:

Post a Comment