ရန်ကုန်ပြည်သူ့ဆေးရုံကြီး တိုးချဲ့ ပြုပြင်မွမ်းမံပြင်ဆင်ရေး
လုပ်ငန်း ကော်မတီနှင့် ဆပ်ကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင်
ရန်ကုန်ပြည်သူ့ ဆေးရုံကြီးTraining Centre ၌ ကျင်းပသည်။
ရှေးဦးစွာ ရန်ကုန်ပြည်သူ့ဆေးရုံ ကြီး တိုးချဲ့ပြုပြင်မွမ်းမံပြင်ဆင်ရေး
လုပ်ငန်းကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်(အောက်ပုံ)က အဖွင့်အမှာစကားပြောကြားရာတွင်
ရန်ကုန်ပြည်သူ့ဆေးရုံကြီး တိုးချဲ့ ပြုပြင်မွမ်းမံပြင်ဆင်ရေး လုပ်ငန်း များ လစဉ်ညှိနှိုင်း
အစည်းအဝေး ကျင်းပ ခဲ့ရာ (၈)ကြိမ်မြောက်ရှိခဲ့ပြီ ဖြစ် ကြောင်း၊ ဆေးရုံကြီး တိုးချဲ့ပြုပြင်
မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေး လုပ်ငန်းများအတွက် လိုအပ်သည့် ဘဏ္ဍာငွေများကို ၂ဝ၁၄-၂ဝ၁၅
ဘဏ္ဍာရေးနှစ်ဘတ်ဂျက်နှင့် ဖြည့်စွက် ရန်ပုံငွေများတွင် တင်ပြတောင်းခံ ရရှိထားပြီးဖြစ်ပါကြောင်း၊
ဆောင်ရွက် ရန်ကျန်ရှိသည့်လုပ်ငန်းများ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်ကာလအတွင်း ပြီးစီးရန်လိုပါကြောင်း၊
ပင်မဆောင် ကြီးမှ လူနာများငါးထပ်ဆောင် သို့ ပြောင်းရွှေ့ရာ တွင်လည်း ရောဂါ ကင်းရှင်းမှု
စိတ်ချရမည့်အခြေအနေ ရောက်မှ ပြောင်းရွှေ့စေလိုကြောင်း၊ လုပ်ငန်းအားလုံး တက်ညီ လက်ညီ ဖြင့်
အချိန်မီပြီးစီးရန် လိုပါကြောင်း၊ ဆပ်ကော်မတီများအနေဖြင့် လုပ်ငန်း တိုးတက်မှုနှင့်
မိမိတို့ကဏ္ဍ အလိုက် ဆောင်ရွက်ပေးရန် လိုအပ်သည့်ကိစ္စ ရပ်များကို တင်ပြဆွေးနွေးကြရန် ဖြစ်ကြောင်းဖြင့်
ပြောကြားသည်။
ထို့နောက် တည်ဆောက်ရေး ကြီးကြပ်မှုဆပ်ကော်မတီ
အဖွဲ့ခေါင်း ဆောင် တိုင်းဒေသကြီး လူမှုရေး ဝန်ကြီး ဒေါက်တာမြင့် သိန်းက တည် ဆောက်ရေးလုပ်ငန်းများ
ဆောင်ရွက် ပြီးစီးမှုအခြေအနေများကို ဆွေးနွေး တင်ပြသည်။
ယင်းနောက် ပြုပြင်ဆဲကာလ စီမံခန့်ခွဲရေး ကော်မတီအဖွဲ့ဝင်
ကျန်းမာရေးဦးစီးဌာန ဒုတိယ ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ သန်းဝင်းက တိုးချဲ့ငါးထပ်ဆောင်သို့
လူနာများအား ရွှေ့ပြောင်းပေးမည့် အစီအမံများကို ဆွေးနွေးတင်ပြ သည်။
ဆက်လက်၍ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ဒီဇိုင်းနည်းပညာ
ဆပ် ကော်မတီအဖွဲ့ခေါင်းဆောင် ဆေးရုံ အုပ်ကြီး ဒေါက်တာ လှမြင့်က ယခင်ကျင်းပပြုလုပ်ခဲ့သည့်
လုပ်ငန်း ကော်မတီ ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များ၏ ဆောင်ရွက် ပြီးစီးမှုအခြေအနေများကို
ရှင်းလင်း တင်ပြပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဘဏ္ဍာငွေစီမံခန့်ခွဲမှု ဆပ်ကော်မတီ အဖွဲ့ဝင်
ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(ဘဏ္ဍာရေး) ဦးဝင်းဦးက ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာသူများက ဘဏ္ဍာငွေသုံးစွဲမှုကိစ္စရပ်များ၊
ပြုပြင်တည်ဆောက်ရေး လုပ်ငန်းနှင့် လူနာရွှေ့ပြောင်းရေး ကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေးကြပြီး
တိုင်းဒေသ ကြီး ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေး ကို ရုပ်သိမ်းလိုက်သည်။
အစည်းအဝေးအပြီးတွင် တိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့်
အဖွဲ့ဝင် များသည် ဆေးရုံကြီးတိုးချဲ့ငါးထပ် ဆောင်သို့ လူနာ များပြောင်းရွှေ့ ကုသ နေပြီးဖြစ်သော
မြေညီထပ်မှ တတိယ ထပ်အထိရှိ လူနာများအား ကြည့်ရှု အားပေးပြီး မွမ်းမံပြင်ဆင်ဆဲ စတုတ္ထ
ထပ်နှင့် ပဉ္စမထပ်တို့ကို ကြည့်ရှု စစ်ဆေး၍ ပင်မဆောင်ပြင်ဆင်မှု များကို စစ်ဆေးကာလုပ် ငန်းများ
မြန်ဆန်ပြီးပြတ်စေရေး စီစဉ်ဆောင် ရွက်သွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment