Wednesday, January 14, 2015

အမှန်တကယ်စိုက်ပျိုးထားသည့် စိုက်ပျိုးမြေများ တောင်သူလယ်သမားများလုပ်ကိုင်ခွင့်ရရှိရေး အရေးကြီး တာဝန် တစ်ရပ်အဖြစ်ဆောင်ရွက်

နေပြည်တော် ဇန်နဝါရီ ၁၃
တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဦးဆောင်အဖွဲ့ စုံညီလုပ်ငန်း ညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ကျင်း ပရာ တောင်သူ လယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့ အဖွဲ့ခေါင်းဆောင် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တက်ရောက် အမှာစကား ပြောကြားသည်။


အစည်းအဝေးသို့ ပြည်ထောင်စု ဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟို ဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ တိုင်းဒေ သကြီးနှင့် ပြည်နယ် အစိုးရ အဖွဲ့ဝန်ကြီးချုပ်များ၊ ပြည်သူ့ လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ရေ လုပ်ငန်းကော် မတီ၊ ပြည်ထောင် စု ရှေ့နေချုပ်ရုံး၊ နေပြည်တော်ကောင်စီ၊ အမျိုးသားစီးပွားရေးနှင့် လူမှုရေး အကြံပေးကောင် စီ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံ လယ်ယာစီးပွားရေးအများပိုင်ကုမ္ပဏီလီမိတက်၊ ဗဟိုသမဝါယမ အသင်း၊ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် တောင်သူလယ်သမား အခွင့်အရေးကာကွယ် ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ အဖွဲ့ခေါင်းဆောင် ဒုတိယသမ္မတဦးÓဏ်ထွန်းက အမှာစကားပြောကြားရာတွင် မိမိတို့ နိုင်ငံ၏ အများစုသော ကျေး လက်နေ ပြည်သူများဖြစ်သည့် တောင်သူလယ် သမားဘဝမြှင့်တင်ရေးကို မိမိတို့ အစိုးရအနေဖြင့် ဦးစားပေးလုပ်ငန်း အဖြစ် သတ်မှတ်ပြီး တောင်သူ လယ်သမားများ၏ စိုက်ပျိုးမွေးမြူ ထုတ်လုပ်မှုသာမက ကျေးလက်အသေးစား၊ အလတ်စားစီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးပြီး အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေတိုးတက်ရရှိ ရေး၊ ပညာရေး၊ ကျန်းမာရေး၊ သန့်ရှင်းသောသောက် သုံးရေရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန် လာစေရန် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှင့် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်း အဆင့်ဆင့်ဖြင့် အလေးထား အကောင်အထည်ဖော်ပေးလျက်ရှိပါ ကြောင်း။ လုပ်ငန်းပမာဏ ကြီးမား သည့် အတွက် ရေတို၊ ရေရှည် အစီအမံ များနှင့် နှစ်အလိုက်အချိန်ယူ ကာ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် ခိုင်မာသော ဥပဒေ ကျောထောက်နောက်ခံရနိုင် ရန်အတွက် လိုအပ်သည့် ဥပဒေ မူဘောင်များ ချမှတ်ပြဋ္ဌာန်းပေးရာ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၂၃) နှင့်အညီ ပြဋ္ဌာန်းထုတ်ပြန် ထားသည့် '' တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုး စီးပွားမြှင့်တင်ရေး ဥပဒေ'' သည် အဓိကကျပါကြောင်း။
ယင်းဥပဒေ၏ ရည်ရွယ်ချက် (၅)ရပ်မှာ တောင်သူလယ်သမားများ အရင်းအနှီးရရှိရေးအတွက် သင့်တင့် သည့် ချေးငွေအကူ အညီများပေး၍ အထောက်အကူပြုရန်၊ ထုတ်လုပ်မှု တိုးတက်ရေးအတွက် တောင်သူလယ် သမားများအား နည်းပညာ၊ သွင်း အားစုနှင့် ထုတ်လုပ်မှုလုပ်ငန်းဆိုင်ရာ များကို လွယ်ကူအဆင်ပြေစွာ ပံ့ပိုး ပေးနိုင်ရေး စီမံဆောင်ရွက်ရန်၊ လယ်ယာထုတ် ကုန်များ ရောင်းချရာတွင် သင့်တင့်မျှတသည့် ဈေးနှုန်းနှင့် ဈေးကွက်ရရှိရေးတို့အတွက် တောင်သူ လယ်သမားများအား ကူညီဆောင် ရွက်ရန်၊ လုပ်ကွက်ငယ် တောင်သူ လယ်သမားများ၏ အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးကို ထိရောက်စွာ ဆောင် ရွက်ရန်၊ သဘာဝဘေးအန္တရာယ် တစ်စုံတစ်ရာကြောင့် ပျက်စီးဆုံးရှုံးမှု များနှင့် ထိခိုက်နစ်နာမှုများအတွက် ကူညီထောက်ပံ့မှုများကို အတတ်နိုင်ဆုံး အထောက်အကူပြု ပံ့ပိုးပေးရန် တို့ ဖြစ်ပါကြောင်း။
အဆိုပါ ရည်ရွယ်ချက်များကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် ဦးဆောင်အဖွဲ့နှင့် နည်းဥပဒေ ရေးဆွဲရေး ကော်မတီတို့ သည် လယ်ယာကဏ္ဍဆိုင်ရာ ကျွမ်း ကျင်ပညာရှင်များ၊ ဥပဒေပညာရှင် များ၊ ဆက်စပ်သည့် ဌာနဆိုင်ရာ ပုဂ္ဂိုလ်များပါဝင်သည့် အစည်းအဝေးများ အကြိမ်ကြိမ်ကျင်းပခဲ့ပြီး နည်းဥပဒေ ရေးဆွဲခဲ့ပါကြောင်း။ နည်းဥပဒေရေးဆွဲရာတွင်မူလ ပြဋ္ဌာန်း ထားသည့်ဥပဒေနှင့် ညီညွတ်ရန်လိုအပ်သကဲ့သို့ မူလပြဋ္ဌာန်းထား သည့် ဥပဒေကိုလည်း ကျော်လွန်၍ မရပါကြောင်း။ ထို့အပြင် နိုင်ငံ တစ်ဝန်းရှိ ပြည်သူလူထု နားလည် သဘောပေါက် လိုက်နာကျင့်သုံးနိုင် ရန် ရေရှည်တည်တံ့ခိုင်မြဲပြီး ပျော့ကွက် ဟာကွက်များ ကင်းစင်၍ ထုတ်ပြန်ထားပြီးဖြစ်သည့် တည်ဆဲ ဥပဒေ၊ နည်းဥပဒေများနှင့်လည်း ညီညွတ်ပြည့်စုံရန် လိုအပ်ပါကြောင်း။
တက်ရောက်လာကြသူများအနေဖြင့် လိုအပ်သည့် အကြံÓဏ်များပေးသွား ကြရန်ဖြစ်ပါကြောင်း။
ဦးဆောင်အဖွဲ့အနေဖြင့် တောင်သူ လယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေ အခန်း ၃၊ ပုဒ်မ ၅ ပါ လုပ်ငန်းတာဝန်များ ဖြစ်သည့် တောင်သူ လယ်သမားများအတွက် အကျိုးစီးပွား ဖြစ်ထွန်းစေသည့် သီးနှံ များကို လွတ်လပ်စွာစိုက်ပျိုးထုတ်လုပ်ရောင်းချနိုင်ရန် ကူညီဆောင် ရွက်ခြင်း၊ ဒေသနှင့်ကိုက်ညီသည့် သီးနှံပုံစံမှန်ကန်စွာ ရွေးချယ် စိုက်ပျိုး နိုင်ရန်ပညာပေးခြင်း၊ တောင်သူ လယ်သမားများ စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းအတွက် လိုအပ်သည့်အချိန်၌ ချေးငွေနှင့် အကူအညီများ စီစဉ် ဆောင်ရွက် ပေးခြင်း စသည့်လုပ်ငန်း တာဝန်(၁၃)ချက်ကို နည်းဥပဒေများ နှင့်အညီ အကောင် အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ဥပဒေ၏ ရည်ရွယ်ချက်ကို အောင်မြင်ပြီးမြောက် စေနိုင်မည် ဖြစ်ပါကြောင်း။ ယနေ့ ဆွေးနွေး သည့် ဥပဒေနှင့် ဆက်စပ် နေသော ပြဋ္ဌာန်းပြီးဖြစ်သည့် လယ်ယာမြေဥပဒေ၊ အခန်း(၁ဝ)၊ ပုဒ်မ (၂၈)၊ (၂၉)၊ (၃ဝ)၊ (၃၁) တို့နှင့် အညီ စပါးသီးနှံစိုက်ပျိုးထုတ်လုပ် သော လယ်ယာမြေများကို အခြား နည်းဖြင့် အသုံးပြုရာတွင် လိုက်နာ ရမည့်လယ်ယာမြေဥပဒေပါ ပြဋ္ဌာန်း ချက်များကို ဂရုပြု ကြပ်မတ်ဆောင် ရွက်ပေးရန် လိုအပ်မည်ဖြစ်ပါ ကြောင်း။ တောင်သူ လယ်သမားများ အမှန်တကယ် စိုက်ပျိုးနေသည့် လယ်ယာမြေ အချို့သည် စာရင်းအရ သစ်တောမြေ၊ စားကျက်မြေများဖြစ် သည့်အတွက်နစ်နာဆုံးရှုံးမှုများ ရှိနေသည်ဟု ကြားသိနေရပါ ကြောင်း။ တိုင်းဒေသကြီး၊ ပြည်နယ် များနှင့် ဝန်ကြီးဌာနများ အနေဖြင့် အမှန်တကယ် စိုက်ပျိုးထားရှိသည့် စိုက်ပျိုးမြေများကို တောင်သူလယ် သမားများ အမြန်တရားဝင် လုပ်ကိုင် စိုက်ပျိုး ခွင့်ရရှိရေးလုပ်ငန်းကို အဓိက အရေးကြီး တာဝန်တစ်ရပ် အနေဖြင့် အောက်ခြေတွင် ပြီးပြတ်သည် အထိ မျက်ခြည် မပြတ် ဆောင်ရွက်ပေးကြ ရန်လည်း တိုက်တွန်းလိုပါကြောင်း။ 
အမှန်တကယ် စိုက်ပျိုးပြီး မြေ များကို တရားဝင်လုပ်ကိုင် အသုံးပြု ခွင့် ပုံစံ(၇) ခွင့်ပြုထုတ်ပေးခြင်းအားဖြင့် တောင်သူ လယ်သမားများ အတွက် စိုက်ပျိုးသီးနှံအလိုက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ယူခွင့် ရရှိနိုင်မည် သာမက ဥပဒေကြောင်းအရ ခံစားခွင့်များကိုလည်း ရရှိခံစား နိုင်ကြမည်ဖြစ်ပါကြောင်း။ 
သို့ဖြစ်ပါ၍ မြေပြင်တွင်လက်တွေ့ အကောင်အထည် ဖော်နေကြသော တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရ အဖွဲ့ဝန်ကြီးချုပ်များ၊ လယ်ယာကဏ္ဍနှင့် တိုက်ရိုက်ဆက်စပ် ဆက်နွှယ်နေကြသည့် ပြည်ထောင်စု ဝန်ကြီး ဌာနနှင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်း ကောင်း ပါဝင်ဆောင်ရွက်ကြရမည့် အသင်းအဖွဲ့များအားလုံး ယခုထက်ပိုမို၍ နီးနီးကပ်ကပ် လက်တွဲပူးပေါင်း အရှိန်အဟုန်မြှင့်တင် ဆောင်ရွက် ပေးကြရန်လိုအပ်မည်ဖြစ်ပါကြောင်းဖြင့် မှာကြားသည်။
ထို့နောက် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင် အဖွဲ့ အတွင်းရေးမှူး၊ လယ်ယာစိုက် ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး နည်းဥပဒေဆိုင်ရာ များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာ ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ၊ ပြည်သူ့ လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ၊ အမျိုးသားစီးပွား ရေးနှင့် လူမှုရေးအကြံပေးကောင်စီ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ လယ်ယာ စီးပွားရေးအများပိုင် ကုမ္ပဏီ လီမိတက်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌတို့က သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသီးသီး ရှင်းလင်းတင်ပြကြရာ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း က ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးခဲ့ သည်။ 

No comments:

Post a Comment