လယ်ဝေး ဇန်နဝါရီ ၁၃
နေပြည်တော်ကောင်စီ နယ်မြေ
လယ်ဝေးမြို့နယ် ကျောက်ကျောင်း စု ကျေးရွာအခြေခံပညာ အလယ်တန်း ကျောင်းဖွင့်ပွဲ အခမ်း အနား ကို
ဇန်နဝါရီ ၁၂ ရက် နံနက် ၉ နာရီက အဆိုပါ ကျောင်း၌ကျင်းပသည်။
အခမ်းအနားတွင်
နေပြည်တော် ကောင်စီဝင် ဦးမြင့်ဆွေနှင့် ဦးဖုန်းဇော်ဟန်တို့က အမှာစကား များပြောကြား၍
နေပြည်တော် ပညာရေးညွှန်ကြားရေးမှူး ဦးစိုးဝင်းက ပညာရေးဆိုင်ရာကိစ္စများကို ရှင်းလင်းဆွေးနွေးသည်။
''အခုလို
အလယ်တန်းကျောင်း ဖွင့်လိုက်တော့ ကျောင်းသား မိဘ တွေလည်း ငွေကုန်သက်သာ၊ ကလေးတွေ ကိုလည်း
ပညာရေးဆက်ပြီးထား နိုင်သွားတာပေါ့၊ အရင်က မြို့မှာပဲ သွားထားရတော့ တချို့လည်းရှေ့ဆက်
မတက်နိုင်တော့ဘူး၊ ကလေးတွေ ပညာရေးအတွက် အများကြီးကောင်း သွားလို့ ကျေးဇူးတင်ပါတယ်ဒဒ
ဟု ကျောင်းသားမိဘ တစ်ဦး က ပြောကြား သည်။
မွန်းလွဲပိုင်းတွင်
နေပြည်တော် ကောင်စီဝင် ဦးမြင့်ဆွေသည် ပေတုန်းမျှောင်ကျေး ရွာ ဓမ္မာရုံ၌ပေတုန်းမျှောင်
ကျေးရွာအုပ်စု အတွင်းရှိ ဆည်ကြီး၊ ရွှေကျောင်းကုန်း၊ ကန်ဦး၊ ကုန်းပေါ်စု စသည့်ကျေးရွာ
များမှ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူ များနှင့်တွေ့ဆုံ၍ လမ်းပန်းဆက် သွယ်ရေး၊ ရေရရှိရေး၊
ကျောင်းအဆင့် တိုးမြှင့်ရေးနှင့် လျှပ်စစ်မီးရရှိရေး လုပ်ငန်းများအား ဌာနဆိုင်ရာ များနှင့်
ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

No comments:
Post a Comment