နေပြည်တော်
ဇန်နဝါရီ ၁၃
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေ
အနေဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူ မစ္စရန်ဟီလီနှင့် အဖွဲ့သည် ယနေ့နံနက် ၉ နာရီတွင်
နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် လည်းကောင်း၊ နံနက်
၁ဝ
နာရီတွင် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်နှင့် လည်းကောင်း၊
မွန်းလွဲ ၁ နာရီ တွင် ပြည်ထောင် စုရှေ့နေချုပ် ဒေါက်တာ ထွန်းရှင်နှင့်လည်းကောင်း၊ မွန်းလွဲ
၂ နာရီတွင် သမ္မတရုံးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် လည်းကောင်း၊
ညနေ ၃ နာရီတွင် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းနှင့်လည်းကောင်း၊
ညနေ ၄ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဒေါ်မြတ်မြတ်
အုန်းခင်နှင့်လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့သည်။
ယင်းသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံက ဆောင်ရွက်နေသည့်
လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လူ့အခွင့်အရေးဆိုင်ရာ
အဓိကစာချုပ်များအနက် ကျန်ရှိသည့် စာချုပ်များနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း
သိရသည်။

No comments:
Post a Comment