Wednesday, January 28, 2015

လမ်းလျှောက် ဆန္ဒဖော်ထုတ်သည့်အဖွဲ့နှင့် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး


တောင်သာ ဇန်နဝါရီ ၂၇
အမျိုးသား ပညာရေး ဥပဒေနှင့် ပတ်သက်၍ လမ်းလျှောက် ဆန္ဒ ဖော်ထုတ်လျက် ရှိသော ကျောင်းသား အဖွဲ့သည် မြင်းခြံမြို့တွင် အခြေပြုလျက်ရှိရာမှ မြင်းခြံမြို့မှ ကျောင်းသား ကျောင်းသူများ၊ ဒေသခံအချို့နှင့် ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီခန့်တွင် မြင်းခြံမြို့မှ တောင်သာမြို့သို့ ဆက်လက် ထွက်ခွာခဲ့သည်။


အဆိုပါအဖွဲ့အား အဆင့်မြင့် ပညာ ဦးစီးဌာန (အထက်မြန်မာပြည်) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးဝင်း၊ မြန်မာနိုင်ငံ ပညာရေး သုတေသနအဖွဲ့ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခိုင်မြဲ၊ မန္တလေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မောင်သင်းနှင့် မြင်းခြံဒီဂရီ ကောလိပ် ကျောင်းအုပ်ကြီး ဒေါက်တာ ကိုကိုမြင့်တို့ ပါဝင်သော အဖွဲ့က မွန်းလွဲပိုင်းတွင် မြင်းခြံ- တောင်သာ ကားလမ်းရှိ မိုင်တိုင် (၄၄၈/၇)၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ထိုသို့ တွေ့ဆုံစဉ် အဆိုပါအဖွဲ့မှ နန္ဒာစစ်အောင်နှင့် အောင်မှိုင်းဆန်းတို့ နှစ်ဦးက နေပြည်တော်တွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ၄င်းတို့နှစ်ဦး တွေ့ဆုံမည် ဖြစ်ကြောင်း၊ လမ်းလျှောက် ဆန္ဒပြခြင်းကို တောင်သာမြို့ အထိ ပြုလုပ်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဆက်လက် ထွက်ခွာသွားခဲ့ရာ ည ၈နာရီခန့်တွင် တောင်သာမြို့ မုန်ပင် ဘုန်းကြီးကျောင်းသို့ ရောက်ရှိ ညအိပ် ရပ်နားခဲ့ကြောင်း သိရသည်။

No comments:

Post a Comment