Friday, January 16, 2015

ကျေးရွာများ အရောက်ကွင်းဆင်း၍ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

နေပြည်တော်၊ ဇန်နဝါရီ - ၁၅
ကျေးရွာများသို့ အပတ်စဉ် အလှည့်ကျကွင်းဆင်း၍ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ပြည်သူများ လက်ဝယ်အရောက် စာအုပ်များကိုငှားရမ်းပေးနေလျက်ရှိရာ ဇန်နဝါရီ(၁၅)ရက် နံနက်ပိုင်းတွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဖြူသွယ်ထွန်းနှင့်ဝန်ထမ်း များသည် ဒက္ခိဏသီရိမြို့နယ်၊ ကျွန်းတက်ပဲ့ ကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာသို့သွားရောက်၍ ကျေးလက်နေပြည်သူများအား ရွေ့လျားစာကြည့်တိုက် ဖြင့် စာအုပ်စာစောင်များကို အခမဲ့ငှားရမ်း ပေးခဲ့ကြသည်။


အဆိုပါ ရွေ့လျားစာကြည့်တိုက်တွင် သုတ/ရသ စာအုပ်စာစောင် (၃၀၀)ကျော်ပါရှိပြီး ကျေးလက် နေပြည်သူများ ငှားရမ်းဖတ်ရှုလိုသည့် သုတ/ရသ စာအုပ်စာစောင်(၉၅)အုပ်ကို ငှားရမ်းပေးခဲ့ကြပြီး ငှားရမ်းပေးခဲ့သည့် စာအုပ်များကို ရက်သတ္တပတ်တစ်ပတ်ပြည့်လျင် စာအုပ်အသစ်များဖြင့် လဲလှယ် ငှားရမ်းပေးသွားမည်ဖြစ်ကြောင်းသိရသည်။

No comments:

Post a Comment