Monday, January 19, 2015

ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း အသစ် လျှောက်ထားခြင်းများနှင့် သက်တမ်း တိုးခြင်းများအား ခွင့်ပြုပေးနေမှု အခြေအနေ
ပြန်ကြားရေး ဝန်ကြီးဌာနသည် ပြည်ထောင်စု အစိုးရ၏ သဘော တူညီချက်ဖြင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း နည်းဥပဒေများကို အမိန့်ကြော်ငြာ စာအမှတ် (၄၈/၂၀၁၄)ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ ပြန်ကြားရေး ဝန်ကြီးဌာန၊ စီမံခန့်ခွဲရေး ကော်မတီက ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း အသိအမှတ်ပြု လက်မှတ်အသစ် လျှောက်ထားခြင်း၊ ၁၉၆၂ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေအရ ထုတ်ပေး ထားသည့် မှတ်ပုံတင် သက်သေခံ လက်မှတ် ရရှိထားသူများ၏ သက်တမ်းတိုး လျှောက်ထားခြင်း၊ လုပ်ငန်းအမည် ပြောင်းခြင်းနှင့် ပုံနှိပ်သူ/ ထုတ်ဝေသူ အမည်ပြောင်း လျှောက်ထားခြင်းတို့ကို စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေးများဖြင့် စိစစ်၍ ခွင့်ပြုပေးလျက် ရှိပါသည်။

ထိုသို့ ဆောင်ရွက်ပေးခဲ့ရာ (၁၆-၁-၂၀၁၅)ရက်နေ့က ပြုလုပ်သော ပြန်ကြားရေးဝန်ကြီး ဌာန စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေးတွင် ပုံနှိပ်လုပ်ငန်း သက်တမ်းတိုး (၂၁၅)ဦးနှင့် ထုတ်ဝေသူ သက်တမ်းတိုး (၁၉၂)ဦး၊ ပေါင်းသက်တမ်းတိုး (၄၀၇)ဦးအား လည်းကောင်း၊ ပုံနှိပ် လုပ်ငန်းအသစ် လျှောက်ထားသူ (၁၁)ဦး၊ ထုတ်ဝေခွင့် အတွက် အသစ် လျှောက်ထားသူ ဂျာနယ် ထုတ်ဝေခွင့် (၆)ဦး၊ မဂ္ဂဇင်း ထုတ်ဝေခွင့် (၃)ဦး၊ အထွေထွေ ထုတ်ဝေခွင့် (၁၃) ဦး၊ သတင်းစာ ထုတ်ဝေခွင့် (၁)ဦး၊ ပေါင်း ပုံနှိပ်လုပ်ငန်းနှင့် ထုတ်ဝေခွင့် (၄၄၁)ဦးတို့အား အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးရန် ခွင့်ပြုပေးခဲ့ပါသည်။ ယခင်အပတ်က စိစစ်ဆဲ ဖြစ်သော ဂျာနယ် သက်တမ်းတိုး (၁)ဦးနှင့် အထွေထွေ ထုတ်ဝေခွင့်အသစ် လျှောက်ထားသူ (၁)ဦးတို့အား ယခုအပတ်တွင် ပြန်လည် ခွင့်ပြုပေးခဲ့ပါသည်။ ယခုအပတ်တွင် တင်ပြထားသည့် အထဲမှ ဂျာနယ်အသစ် ထုတ်ဝေခွင့် (၃)ဦးနှင့် ဂျာနယ် သက်တမ်းတိုး (၁)ဦးတို့နှင့် ပတ်သက်၍ စိစစ်ဆဲ ဖြစ်ပါသည်။
ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း နည်းဥပဒေများ ပြဋ္ဌာန်းသည့် (၁၀-၁၀-၂၀၁၄) ရက်မှစ၍ ယနေ့အထိ ပုံနှိပ်လုပ်ငန်း အတွက် သက်တမ်းတိုး  ၅၁၀ ဦးနှင့် အသစ် လျှောက်ထားသူ ၆၅ ဦး၊ ထုတ်ဝေခြင်း လုပ်ငန်းအတွက် သက်တမ်းတိုး ၄၉၈ ဦးနှင့် အသစ် လျှောက်ထားသူ ၂၂၃ ဦး၊ သတင်း အေဂျင်စီလုပ်ငန်း အသစ် လျှောက်ထားသူ ၃ ဦး စုစုပေါင်း ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်း အေဂျင်စီလုပ်ငန်း အသိအမှတ်ပြု လက်မှတ် ၁၂၉၉ စောင်အား စိစစ် ခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါသည်။
ဂျာနယ် ထုတ်ဝေခွင့် အသစ် လျှောက်ထားသူ ၈ ဦး၊ မဂ္ဂဇင်း ထုတ်ဝေခွင့်အသစ် လျှောက်ထားသူတစ်ဦး၊ ဂျာနယ် သက်တမ်းတိုး လျှောက်ထားသူ တစ်ဦး၊ အထွေထွေ ထုတ်ဝေခွင့် သက်တမ်းတိုး လျှောက်ထားသူ တစ်ဦး၊ ပုံနှိပ်လုပ်ငန်း အသစ် လျှောက်ထားသူ တစ်ဦးတို့ကို အချက်အလက်များ စိစစ်ဆောင်ရွက်ဆဲ ဖြစ်ကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန

No comments:

Post a Comment